#32.G'morning

21 6 0
                                    

မင်္ဂလာရှိသော မနက်ခင်း
==============
မနက်ခင်းတစ်ခုဟာ သင့်ရဲ့ တစ်နေ့တာကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ သင့်ရဲ့တစ်နေ့တာကတော့ သင့်ရဲ့ အောင်မြင်မှုတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ဒီတော့ မနက်ခင်းတွေတိုင်းဟာ သင့်ဘဝမှာ အရမ်းကိုအရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်မှာပါ။
ဒီတော့ မနက်ခင်းတွေကို ကျက်သရေမင်္ဂလာရှိရှိ၊ စိတ်ဓါတ်ခွန်အားအပြည့်နဲ့ အကောင်းဆုံး အသုံးချပြီး သင့်ရဲ့အောင်မြင်မှုတွေအတွက် အထောက်အပံ့ကောင်းတွေ ဖြစ်အောင် လုပ်လိုက်ပါ။
.
(၁) ကော်ဖီတစ်ခွက်..

မနက်ခင်းနဲ့ ကော်ဖီဆိုတာ အလိုက်ဖက်ဆုံး စုံတွဲတစ်ခုပါပဲ။ မနက်ခင်း နေမထွက်ခင်အချိန်လေးမှာ ကော်ဖီလေးတစ်ခွက်နဲ့ သင့်တစ်နေ့တာကို အစပြုလိုက်ရင် တစ်နေ့တာလုံးကို လန်းဆန်းနေတော့မှာပါ။ ကဖိန်းဓါတ်တွေဟာ မနက်ခင်းနိုးကာစ သင့်ကိုယ်တွင်းထဲကို စီးဆင်းသွားတဲ့အခါ တက်ကြွမှုတွေကိုလည်း ဖြစ်ပေါ်စေမှာပါ။
ကော်ဖီမသောက်တတ်ဘူးလား? ဒါဆိုရင်တော့ သစ်သီးဖျော်ရည်လေးဟာလည်း သင့်မနက်ခင်းကို အဖော်ပြုပေးကောင်း ပေးမှာပါ။ မနက်ခင်း ဘာမှမစားရသေးခင်မှာ သစ်သီးဖျော်ရည်တစ်ခုခုကို သောက်လိုက်ရင် ဝမ်းအေးပြီး ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတယ် မဟုတ်ပါလား။
.
(၂) အလင်းရောင်..

မနက်ခင်းရဲ့အလင်းရောင်ဟာ တစ်နေတာလုံးမှာ ရနေမယ့် အလင်းရောင်တွေနဲ့ မတူပါဘူး။ သင့်ကို နိုးကြားမှုဖြစ်စေတယ်။ နွေးထွေးမှုဖြစ်စေတယ်။ အခက်အခဲတွေအတွက်လည်း အဆင်သင့် ဖြစ်စေဦးမှာပါ။ သင့်ရဲ့ စိတ်နဲ့ ကိုယ်ကိုလည်း အများကြီး အထောက်အပံ့ပေးပါသေးတယ်။ မနက်ခင်း နေရောင်ခြည်တွေမှာ လူကို အန္တာရာယ်ဖြစ်စေတဲ့အရာတွေ မပါဝင်ပါဘူး။ အလင်းရောင် ပျပျလေးအောက်မှာ ခဏတာလေးနေကြည့်ရုံနဲ့ သင့်စိတ်တွေ လန်းဆန်းသွားမှာပါ။ သိပ္ပံနည်းအရဆိုရင်လည်း မနက်ခင်း နေရောင်ခြည်ဟာ သင့်အရေပြားကို အလွန်တရာကိုမှ အကျိုးဖြစ်စေပါသတဲ့။
.
(၃) လုပ်မယ်၊ ကိုင်မယ်..

မနက်ခင်းမှာ တက်ကြွနေမယ့်စိတ်တွေကို တစ်နေ့တာလုံး လိုက်မမှီပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ အရေးကြီးပြီး အာရုံစိုက်ရမယ့်အရာမှန်သမျှကို မနက်ခင်းမှာ လုပ်ကိုင်သင့်ပါတယ်။ သင့်ရဲ့ စိတ်တွေဟာ အကောင်းမြင်နေရုံမကသေးပါဘူး ကြည်လင်လန်းဆန်းနေတဲ့အတွက် ဆုံးဖြတ်ချက်အမှန်တွေကိုလည်း ဖြစ်စေမှာပါ။
.
(၄) မနက်စာ..

ပြီးပြည့်စုံတဲ့ မနက်ခင်းတစ်ခုမှာ မပါမဖြစ်ပါရမယ့်အရာက အရသာရှိပြီး အဟာရဖြစ်မယ့် မနက်စာပါပဲ။ အစားအသောက်ဆိုတာ လူနဲ့တည့်ပါတယ်။ မနက်ခင်းမှာ အရသာရှိတဲ့ အစားအသောက်တစ်ခုခုကိုစားလိုက်ရရင် တစ်နေကုန်ကို အရာတိုင်းဟာ အဆင်ပြေနေပါလိမ့်မယ်။ ဒါဟာ မသိစိတ်က ကျေနပ်နှစ်သိမ့်မှုတစ်ခုကြောင့် ဖြစ်ပါတယ်။ အဆိုးရွားဆုံးကတော့ မနက်စာမစားတတ်တဲ့အကျင့်ပါပဲ။ တစ်ညလုံးဘာမှမစားရသေးတဲ့အခါ အစာအိမ်တင်မကပါဘူး။ဦးနှောက်ကပါ အဟာရဓါတ်တွေ လိုနေပါတယ်။ ဒီအချိန်မှာ မစားလိုက်တဲ့အခါ သင့်ရဲ့ ဦးနှောက်အဟာရကိုလည်း အကြီးအကျယ်ထိခိုက်စေပါတယ်။
.
(၅) ဘာသာရေး..

ဘာသာရေးဆိုတာ သင့်ရဲ့တစ်နေ့တာမှာ မပါမဖြစ်ပါသင့်ပါတယ်။ အရမ်းကို မင်္ဂလာရှိတဲ့ မနက်ခင်းလေးတစ်ခုမှာ မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး သက်ဆိုင်ရာ ဘာသာရေးနဲ့ ပတ်သက်တဲ့အရာတွေကို လုပ်သင့်ပါတယ်။ ဒါဆို သင့်စိတ်ကို အေးမြလန်းဆန်းစေရုံမက တက်ကြွမှု၊ ယုံကြည်မှုတွေကိုလည်း ဖြစ်စေပါလိမ့်မယ်။
__________
#Credit to O.W
#ရွှေညာမောင်

Secrets of LIFE(Complete)Donde viven las historias. Descúbrelo ahora