#35.hold my hand

20 5 0
                                    

သူ့လက်ကို ဆုပ်ကိုင်ထားတဲ့အခါ..
********************

တစ်ယောက်ရဲ့လက်ကို တစ်ယောက်က ဆုပ်ကိုင်ထားတဲ့အခါမှာ ခံစားချက်တစ်မျိုး နှစ်ယောက်ကြားမှာ စီးဆင်းသွားသလိုပါပဲ။ နွေးထွေးမှုတွေ၊ နားလည်မှုတွေနဲ့ အားပေးယုယမှု၊ ချစ်ခင်မှုတွေ အားလုံးကို တစ်ဖက်သားရဲ့လက်ကို ဆုပ်ကိုင်ထားရုံနဲ့ ခံစားမိစေပါတယ်။
.
တစ်ယောက်လက်ကိုတစ်ယောက် ကိုင်ထားတယ်ဆိုတာ ချစ်သူ သမီးရည်းစားတွေမှမဟုတ်ပါဘူး။ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အခြားသောသူတွေကိုလည်း လက်ကလေးကိုင်ပြီး ကိုယ့်ရဲ့ခံစားမှုတွေကို ပြသလို့ရပါတယ်။ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားခြင်းကနေ ရနိုင်တဲ့ ခံစားမှုတွေကတော့..
.

(၁) ဖိအားတွေ သက်သာစေတယ်။

ကိုယ့်မှာ စိတ်ပင်ပန်းစရာတွေရှိနေတဲ့အခါ ကိုယ်ခင်မင်ချစ်ခင်ရတဲ့သူက လက်ကလေးကိုင်ပြီး အားပေးတဲ့အခါ ဖိအားတွေ တကယ်ပဲ သက်သာစေပါတယ်။ ကိုယ်နဲ့သူနဲ့ကြားမှာလည်း ပိုမိုခိုင်မာတဲ့ သံယောဇဉ်ကို တည်ဆောက်လျက်သား ဖြစ်သွားပါတယ်။
.
(၂) ချစ်ခြင်းမေတ္တာနဲ့ ဆက်နွယ်မှုတွေ။

တစ်ယောက်က ကိုယ့်လက်ကို ဆုပ်ကိုင်ထားတာပဲဖြစ်ဖြစ်၊ ကိုယ်က သူ့ရဲ့လက်ကို ဆုပ်ကိုင်ထားတာပဲဖြစ်ဖြစ် ကိုယ်တို့နှစ်ယောက်လုံးမှာ မေတ္တာဓါတ်တွေ အပြန်အလှန်ဖြစ်စေပါတယ်။ ဓါတုဗေဒသဘောအရဆိုရင် အဲ့လိုအချိန်မှာ Oxytocin ဆိုတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်စေပါတယ်။ အဲဒီ့ ဟော်မုန်းဟာ စာနာစိတ်တွေ၊ နားလည်မှုတွေကို ဖြစ်ပေါ်စေပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်နွယ်မှုတွေကို ပိုမိုခိုင်မြဲစေတတ်ပါတယ်။
.
(၃) နှလုံးကျန်းမာရေး။

လက်ကိုင်ခြင်းဟာ စိတ်ဖိအားတွေကို သက်သာလျော့ကင်းစေရုံမကသေးပါဘူး နှလုံးကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ လက်ကိုဆုပ်ကိုင်ထားခြင်းဟာ သွေးတိုးခြင်းကို လျော့ပါးစေပြီး သွေးလည်ပတ်မှုကိုလည်း မှန်ကန်စေပါတယ်။ နွေးထွေးတဲ့ အထိအတွေ့တစ်ခုဟာ စိတ်ခံစားချက်ကိုပါ နွေးထွေးသွားစေပြီး အားအင်တွေရှိလာသလိုလည်း ခံစားရပါတယ်။
.
(၄) နာကျင်မှုတွေကို လျော့ပါးစေတယ်။

စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ၊ ကိုယ်ကာယဆိုင်ရာ နာကျင်မှုတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံ ထိခိုက်ရှနာဖြစ်တဲ့အခါမှာ အမှုမဲ့အမှတ်မဲ့ လူတစ်ယောက်ရဲ့လက်ကို ဆုပ်ကိုင်ထားတာမျိုး ဖြစ်တတ်ပါတယ်။
.
(၅) အကြောက်တရားတွေ။

အကြောက်တရားတွေကို ရင်ဆိုင်တဲ့အခါမှာလည်း အားအင်တွေ ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် အထူးသဖြင့် မိန်းကလေးတွေ အမှောင်ထဲသွားတဲ့အခါတို့၊ စိတ်ပိုင်းဆိုင်ရာ ကြောက်စရာမျိုး ကြုံတဲ့အခါမျိုးတို့မှာ တစ်ဖက်လူရဲ့လက်ကို ဆုပ်ကိုင်ထားတတ်ပါတယ်။
.
(၆) လုံခြုံမှုကို ခံစားရစေတယ်။

ဘေးကလူက ကိုယ့်ကိုလက်ကိုင်ထားတာပဲဆိုရင် ကိုယ့်မှာ လုံခြုံမှုကို ခံစားရစေပါတယ်။ ဘေးမှာ လူတစ်ယောက်ရှိတယ်ဆိုတဲ့အသိရယ် ကိုယ်နဲ့သူနဲ့ကြား ဆက်နွယ်မှုတစ်ခုလည်းရှိတယ်ဆိုတဲ့ အသိက လုံခြုံစေပါတယ်။ ကိုယ်က သူ့လက်ကို ဆုပ်ကိုင်ထားတယ်ဆှိုရင်လည်း ကိုယ့်မှာ အလိုလိုနေရင်း သူ့ကို ကာကွယ်ပေးချင်တဲ့စိတ်မျိုး ဖြစ်တတ်ပါတယ်။
.
(၇) သက်တောင့်သက်သာ ခံစားရစေတယ်။

ကိုယ့်စိတ်ဟာ ပတ်ဝန်းကျင်ကြောင့် မသက်မသာဖြစ်နေတဲ့အခါမှာ ကိုယ့်ဘေးကလူရဲ့လက်ကို ကိုင်ထားတဲ့အခါ စိတ်ထဲမှာ သက်သောင့်သက်သာ ဖြစ်သွားစေပါတယ်။

#Credit to O.W

Secrets of LIFE(Complete)Where stories live. Discover now