Mine

21.5K 1K 27
                                    

သူ့ နံမယ်​​လေးက မိုင်း...

ဖခင်​ဖြစ်​သူက ​မေဒါဝီ​ဆောက်​လုပ်​​ရေးလုပ်​ငန်း
ရဲ့ မန်​​နေဂျာရာထူးကို ယူထားရသူ...
မိခင်​ဖြစ်​သူက တိုင်း​​၀ဠာ​ကိုယ်​ပိုင်​​ကျောင်းမှာ
အလယ်​တန်းပြ ဆရာမ ...သူတို့ရဲ့ ရင်​​သွေး​လေး
ကို ကင်​ပွန်းတပ်​ထားသည်​က သူတို့ပိုင်​ဆိုင်​မှု
အမှတ်​သား​လေးဖြင့်​ M.I.N.E မိုင်းတဲ့...။
အားလုံးက ချစ်​စနိုးနဲ့ ​ခေါ်ကြတာ သူ့ကို မိုင်း​လေး...။
ငယ်​ငယ်​တည်းကချစ်​​မွှေးပါ​သော မိုင်းက
အရွယ်​​ရောက်​လာ​သော်​လည်း ခန်းညား​​ချော​မော
ခြင်းထက်​ ချစ်​ခင်​နှစ်​လိုဖွယ်​​ကောင်းသည့်​ 
ဖြူ ​ဖွေး​ဖွေး​ကောင်​​လေးတစ်​​ယောက်​ဖြစ်​​နေသည်​...။
ငယ်​စဉ်​ကတည်းက ​ကျောင်းစာနဲ့သာအချိန်​ကုန်​ခဲ့
သော​ကြောင့်​ မိုင်းရဲ့ လက်​ဖ၀ါး​လေး​တွေသည်
နူးညံ့​နေသည်​။ အသား​ရေကြည်​ကြည်​​လေးနှင့်
ဖောင်းမို့မို့်​ ပါးပြင်​​လေးနှစ်​ဖက်​က မြင်​သူတိုင်း
အသည်းယား​စေ၏ ။
မိခင်​ကိုယ်​တိုင်​ ​ကျောင်းဆရာမတစ်​​ယောက်​ဖြစ်
သည့်​အပြင်​ စာ​တော်​​သော မိုင်း​လေးက ဆရာဆရာမ
တွေရဲ့ အချစ်​​တော်​ ...၊ ဆယ်​သိန်းနားကပ်​​သော
ဖခင်​ဦး​နေမာန်​ရဲ့လစာနှင့်​အိမ်​​ထောင်​ထိန်းသိမ်းမှု
နိုင်​နင်း​သော မိခင်​ ​ဒေါ်စံပယ်​တင့်​ ...လိမ္မာ​ရေး
ခြား​ရှိ​သော တစ်​ဦးတည်း​သောသား​လေးမိုင်းတို့၏
Family type ​လေးသည်​ မြင်​သူတိုင်းအားကျ
စရာ ...။
ဒါ​ပေမဲ့ ထိုအားကျစရာ​ကောင်း​သော မိုင်းတို့
မိသားစု​လေးသည်​ မိုင်း၁၅နှစ်​အရွယ်​မှာပင်​ ရပ်​တန့်
သွားခဲ့သည်​။

ခုချိန်​မှာ​တော့ ...

တစ်​ချိန်​က ​ဖေ​ဖေနဲ့အတူ ​ပြေးလွှား​စော့ကစားခဲ့
သော သာ​ကေတဘက်​က ခြံငယ်​​လေးကိုစွန့်​ခွာပြီး
တစ်​နယ်​တစ်​​ကြေးမှာ အ​ခြေချရ​တော့မည်​။
သံ​ယောဇဉ်​တွယ်​စရာ သူငယ်​ချင်းဆိုတာလည်း
မရှိသည့်​မိုင်း...ဒီအရပ်​​ဒေသကို စွန့်​ခွာရသည်​မှာ
သူ့တွက်​ ဘာမှထူးခြားပြီး​ပြောင်းလဲသွားမည်​မဟုတ်​။
ဒါ​ပေမဲ့ ၁၆နှစ်​တိုင်​တိုင်​ ခိုလှုံခဲ့တဲ့ ဒီအရိပ်​မြုံ​လေးကို
တော့ မိုင်းသံ​ယောဇဉ်​တွယ်​မိသည်​။ခြံ​ရှေ့မှာရပ်​ထား
သောဆယ်​ဘီးကားကြီးဆီသို့အိမ်​ထဲမှအသုံး​ဆောင်
ကြီးကြီးမားမားများကို ​ခေါ်ထား​သောအလုပ်သမား၅
ယောက်နှင့်​​​တင်​ပို့ခြင်း​ဆောင်​ရွက်​ပြီးစီးသွားတဲ့
မိဘနှစ်​ပါးမှာ ​ချွေးပြိုင်းပြိုင်းကျ​နေသည်​။
ဒါ​ပေမယ့်​ သူ့ကိုလှမ်းပြီးပြုံးပြ​နေ​သော အပြုံး​တွေ
သည်​ လန်းဆန်း​နေ​သေး၏ ။
"သား အိမ်​ထဲဝင်​​တော့မလား ....ည​နေကျရင်
မန်းေ​လးဆင်းရမှာ...
မေ့သား​လေးကို ​ရေချိုး​ပေးရဦးမယ်​ "
"အာ~ ​မေ​မေကလည်း ​ဖေရှိ​နေတာဘဲကို
ဖေဘဲ ချိုး​ပေး "
"သား​တောင်​အရွယ်​​ရောက်​လာပြီ​ဖေကြီး​ရေ ...
သား​လေးက စံပယ်​ကိုရှက်​​နေပြီ ..စံပယ်​ကသာ
က​လေး​လေးလို့ သတ်​မှတ်​ထားတာ ဟင်း~ဟင်း"
"​မေ​မေကလည်း "
ဆူပုတ်​ပုတ်​​လေးဖြစ်​သွား​သော မိုင်း​လေးရဲ့ပါးပြင်
ဝင်းမွတ်​မွတ်​​ကို ခပ်​ဖွဖွပွတ်​ကာ နှစ်​သိမ့်​မှု့​​ပေး​တော့
သူမကိုမော့ကြည့်​​နေ​သော မျက်​လုံးဝိုင်းဝိုင်း​လေးများ ...။
"ကဲ လာ​ဖေကြီးတွန်း​ပေးမယ်​ ...​မေကြီး​ရေ
သားတွက်​ ​ပေါ့​ပေါ့ပါးပါးဖြစ်​မဲ့ အ၀တ်​​လေးထုတ်​ထား
ပေး​နော်​ "
မိန်းမဖြစ်​သူကို မှာကာ wheelchairလက်​ကိုင်
လေးကို ကိုင်​၍ တစ်​​ရွေ့​ရွေ့တွန်းသွား​​သောဝှီးချဲလ်​​လေး
ပေါ်မှ သား​လေးကို ကြည့်​ရင်း ​ဒေါ်စံပယ်​တင့်
မျက်​ရည်​၀ိုင်းမိသည်​ ။
သူမသား​​လေးမှာ ခင်​တွယ်​စရာဆိုလို့ ဒီမိဘနှစ်​ပါး
ဘဲရှိသည့်​တွက်​ သား​လေးကို အစွမ်းကုန်​ယုယမှု
ပေးရသည်​ ။ခုလိုဒုက္ခိတဘ၀​လေးကိုပိုင်​ဆိုင်​ထား
ရ​သော သား​လေးမိုင်းမှာ ရွယ်​တူအ​ပေါင်းတစ်​​ယောက်
မှမရှိခဲ့ ...။ ကားအက်​စီးဒန့်​​ကြောင့်​​ဆေးရုံ​ပေါ်
လ​ပေါင်းများစွာ ​နေခဲ့ရ​ပေမဲ့ ​ကျောင်းစာ​တွေကိုတက်နိုင်သ​​လောက်​​​လက်​မလွှတ်​​စေခဲ့ ...၊
သူချစ်​တဲ့ အ​ပေါင်းသင်း​တွေရှိတဲ့​ကျောင်းကြီးကိုသာပြန်​တက်​ရဖို့ဘဲ စိတ်​​ဆောင်​​နေခဲ့တယ်​ ...။
ဒါ​ပေမယ့်​ ၀ှီးချဲ​လ်​ ​လေးနဲ့​ကျောင်းပြန်​တက်​ခဲ့ရ​သောသူ့ကိုဘယ်​သူငယ်​ချင်းကမှ ​ခေါ်​ပြောဆက်​ဆံခြင်းမလုပ်​​တော့ ...။ တ​ဖြေး​ဖြေး​ကျောင်းမှာ သူအထီးကျန်​လာ
သည်​။ ​နောက်​​တော့ ​ဒေါ်စံပယ်​တင့်​သည်​ မိုင်းအား
အိမ်​မှာ ဘဲစာသင်​​စေပြီး ဆရာမချင်းနားလည်​မှု့ယူ
ကာ အတန်းတင်​စာ​မေးပွဲ ​ရောက်​မှသာ မိုင်း​လေးကို
စာ​မေးပွဲဝင်​​ဖြေ​စေသည်​။ ဒီလိုနဲ့ ဖြတ်​သန်းလာခဲ့
တာ ခုဆို ၁၀တန်းစာ​မေးပွဲပါ ​ဖြေဆိုခဲ့ပြီးပြိ ...။
စာ​မေးပွဲ​ဖြေဆိုပြီး တစ်​လအကြာမှာဘဲ မိုင်းတို့ဘဝ
လေးထဲ ကံဆိုးမှုတစ်​ခုကကျ​ရောက်​လာပြန်​သည်​။

ဒါက​တော့ ဦး​နေမာန်​ဦးစီးရ​သော ဆိုက်​မှ ​ငွေ​ကြေး
ကွာခြားမှုကြီးဖြစ်​​ပေါ်လာသည်​ ။ ကွာဟ​သော
ငွေ အ​မောက်​မှာ သိန်း၆ရာ​တောင်​​ကျော်​သည်​။
နောက်​ဆုံး​တော့ ထို​ငွေပမာဏကို ထုတ်​​ပေးရန်
အထက်​ကိုတင်​ပြထား​သော ဦး​နေမာန်​ရဲ့လက်​မှတ်
တစ်​ခု​ကြောင့်​ လုပ်​ငန်း​ငွေကို အလွဲသုံးစားပြုမှုဖြင့်
တရားရင်​ဆိုင်​ခဲ့ရသည်​။
ဘယ်​လိုဘဲ မိသားစုဝင်​​ငွေ​ကောင်း​စေဦး​တော့
ထိုမျှ​ငွေပဏအလုံးအရင်းက​ သူတို့မိသားစု
လက်​ထဲရှိမ​နေခဲ့ ...။ ​နောက်​ဆုံး​တော့ မရှိဝမ်းစာ
ရှိတန်​ဆာ ဆိုရိုးစကားတိုင်း မိမိတို့​အိမ်​ခြံ​လေးကို
ရောင်းကာ ​လျှော်​လိုက်​ရသည်​။
ဒါ​ပေမဲ့ အ​ခြေ​တော့ပျတ်​မသွားပါ ...။
ငွေ​ကြေးအဆင်​​ပြေစဉ်​က ၀ယ်​ထားခဲ့ ဟွန်​ဒါဖစ်
ကား​လေးတစ်​စီးရယ်​ ​မြေ​ရောင်းရရာမှ ပို​သော
သိန်း၃ရာရယ်​ ​ကြောင့်​အ​ခြေပျက်​အ​နေပျက်​​တော့
မဖြစ်​ခဲ့ ...။ထိုသိန်း၃ရာနှင့်​ ​နောက်​အိမ်​ထပ်​မ၀ယ်
တော့ဘဲ ​​ဒေါ်စံပယ်​ရဲ့ မန္တ​လေးက အ​မွေရထား​သော
အိမ်​​လေးကိုသာ ​ပြောင်း​ရွေ့​နေထိုင်​ရန်
ဆုံးဖြတ်​ခဲ့ကြသည်​ ။

ဒါက​တော့ မိုင်းဖြတ်​သန်းခဲ့ရတဲ့ ​လောကဓံအကျဉ်းသာ။

___________🌸🌸🌸🌸___________

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)जहाँ कहानियाँ रहती हैं। अभी खोजें