အခန်း၃၅(unicode)

3.1K 237 1
                                    

"ဒါ ဘာလဲ မိဟေမာန်..ဟမ်!.."

" အမေ့!.."

ဒေါ်မြိုင်လေးဒေါသတကြီးပြစ်လွှတ်လိုက်သော အမဲရောင် ဓာတ်ပုံလေးသည် လေတွင်တစ်ချက်လွန့်လူးပြီးဟေမာန်၏ ခြေထောက်နားကျလာသည်...။ကုတင်ပေါ်မှ ခြေထောက်နားကျလာသော
သန္ဓေသားပုံငယ်လေးကို တယုတယကောက်ယူကာ
မိခင်ဖြစ်သူထံ ရှက်ရွံအားငယ်ခြင်းဖြင့် အရဲစွံ့ပြီး
မော့ကြည့်နေသော ဟေမာန်သည် ကူကယ်ရာမဲ့နေသည့်ဟန်အပြည့်....။

"ပြောစမ်း...နန္ဒနဲ့လား...ခုချက်ခြင်းအဲ့ကောင်ဆီဖုန်းခေါ်..ဖုန်းခေါ်လို့!..."

သူမလက်မောင်းများအား တဖတ်ဖတ်ရိုက်ပုတ်ကာ
နိုင်ငံရပ်ခြားရှိ သူမချစ်သူအမည်ခံကောင်လေးတစ်
ယောက်ထံ ဇွတ်တင်းဖုန်းခေါ်ခိုင်းနေသည့် ဒေါ်မြိုင်လေးအတွေးတို့သည် ရိုးစင်းလွန်းလှ၏...။
သူမဒီလောက်ရိုက်ပုတ်နေသော်လည်း လှုပ်ရှားခြင်းမရှိတွေဝေနေသော ဟေမာန့်မျက်လုံးကိုသေချာကြည့်လျင် ဝေခွဲရခက်နေသော ဒွီစိတ်များဖြစ်ကြတဲ့ စိတ်ကောင်းစိတ်ယုတ်တို့က လွန်ဆွဲနေသည်...။

"မိဟေမာန်....အေး..မဆက်ဖူးပေါ့...ရတယ်ငါမောင်
နန္ဒမိဘတွေနဲ့ စကားပြောရလိမ့်မယ်...နင်အရှက်မရှိ
ပေမယ့်...ငါတို့ကတော့ရှက်တယ်အေ့...ဒီကိစ္စ..ဒီကိစ္စကြီးကို ငါဘယ်လိုမျက်နှာမျိုးနဲ့ ညဉ်းဖေနဲ့တိုင်ပင်ရမလဲဟင်...မိုက်လုံးကြီးလိုက်တာအေ..."

"မေ့..မေ..နေ.နေဦး..."

သူမဘေးကနေထသွားတော့မယ်ပြုသည့် ဒေါ်မြိုင်လေးကြောင့် သူမအလောတကြီးလှမ်းတားလိုက်ရသည်..။

"မေ..အမေ အထင်လွဲနေတာ...ဒီ..ဒီကိုယ်ဝန်က..
နန္ဒနဲ့ရတာမဟုတ်ဘူး..."

"ဘာ!!..."

ဒေါ်မြိုင်လေး စကားပင်မဆက်နိုင်တော့ သူမချစ်သူနဲ့ရတာမဟုတ်ရင်...ဘယ်သူ ..ဘယ်သူနဲ့လဲ...

"ဒီကိုယ်ဝန်က...ဒီ.ဒီမိုနဲ့အမေ...''

"ဗုဒ္ဓေါဘုရားရေ!....''

ရင်အစုံကိုဖိချကာ ရပ်နေရာမှ တင်ပင်ပစ်ပင် နေရာမှာအရုပ်ကျိုးပျက်လဲကျသွားသော...ဒေါ်မြိုင်လေး....။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now