အခန်း၂၁(unicode)

3.9K 363 0
                                    

"ငါ~ငါ တကယ်ချစ်မိသွားတဲ့သူက...."

"ဘယ်သူလဲ..."

ဒီမို့နှုတ်မှထွက်ဖို့ခဲရင်းနေသော နာမည်တစ်ခုကိုမစောင့်စားနိုင်တော့အောင် မိုင်းစိတ်တွေလှုပ်ရှားလာသည်။ ၉၀ရာခိုင်နှုန်းလောက် သူဖြစ်နိုင်ပါသည်ဆိုတဲ့မျှော်လင့်ချက်သည် လိုအပ်နေ သော၁၀ရာခိုင်နှုန်းကြောင့် မှိုင်းဖျော့
သွားစေပြန်သည်။ အရဲကိုးကာ ဒီမို့မျက်ဝန်းအစုံကို စိုက်ကြည့်မိချိန် သူ့နှုတ်ခမ်းပါးထက် လှုပ်ရှားသွားသည်က မိမိနာမည်ဟုသာထင်ရပါ၏...။ဒါပေမယ့် ဒီမိုဖွင့်ဟပြောလိုက်တဲ့အသံနေထားက အရမ်းကို တိုးလွန်း၍ အပြည့်ဝပျော်နိုင်ဖို့ တွန်းအားမပေးနိုင်သေးပါ ။

"ငါ..မိုင်း~..ဆိုတဲ့ ဂျီကောင်ဆိုးလေးကို ချစ်မိသွားတာ"

ဒီမို့ရဲ့ သူ့မျက်ဝန်းတို့ကိုသေချာကြည့်၍ ဒုတိယကြိမ်ပြောလိုက်သော ပိသသဝါကျတစ်ကြောင်းကြောင့် အခုန်မြန်လာသော နှလုံးသားတစ်စုံသည် မိုင်းခန္ဓာကိုယ်ထဲ ဒစ်စကိုကနေသလို...မြူးတူးရွှင်ပြစွာ အချက်ပြလာ၏...။ထို့အတူ ဒီမိုပိုင်စီးစွာကိုင်ထားသော လက်တစ်စုံကိုလည်းရှက်ရွံစွာ ဆွဲထုတ်နေမိ၏..။ ဒါကို ဒီမိုက ဘယ်လိုသဘောပိုက်၍လည်းမသိ ဆောရီးဟုဆိုကာ လွှတ်ပေးလိုက်တော့ မိုင်းရဲ့ကိုယ်ပိုင်နေရာလေးက ပို၍ကျဉ်းမြောင်းသွားသယောင်...။မိုင်း၏ ရည်ရွယ်ချက်အမှန်သည် ဒီမို့ကို တက်နိုင်သမျှကိုယ့်နားဖမ်းဆွဲထားနိုင်ဖို့ဖြစ်ပေမဲ့ သူ့ရဲ့အချို့အပြုမူများက ဒီမို့ကိုအဝေးသို့ပို့နေသလိုဖြစ်စေတက်ခြင်းက တစ်ခါတစ်ခါ အရမ်းဆိုးဝါးလွန်းပါသည်။

"ဟင်? မိုင်း~ ငါ့ကိုတစ်ခုခုတော့ပြန်ပြောဦးလေ"

"အော်~အေး....ရေမြန်မြန်ချိုး အအေးပတ်မယ်
ငါ..အပြင်ထွက်နှင့်မယ် မရိုမသေ ငါကို့တပတ်လေးယူပေးပါ့လား..."

မိုင်းဆီက သိသာသည့် စကားလမ်းကြောင်းလွှဲမှုနှင့်အတူ  သူ့ရဲ့အဖြေအောက် နီရဲလာသည့် ပါးလေးနှစ်ဖက်ကြောင့် ဒီမို့လည်း မဝံ့မရဲဖြစ်ကာ သူပါအရှက်သည်းလာသလို ခံစားချက် ပူနွေးနွေးလှိုင်းငယ်တို့တက်လာသည်။ ရှေ့ဆက်ဘာပြောရမယ်မှန်းမသိသည့် နှစ်ယောက်သားကြားမှာ
လျှာထုတ်ပြောင်ပြနေသော ကြောင်နဲ့ကြွက်တပတ်လေးကိုသာ တန်းပေါ်မှ ဆွဲယူ၍ မိုင်းကိုယ်လေးပေါ်
သိုင်းတင်ပေးလိုက်သည်။ သူလည်းရေနှစ်ခွက်သုံး
ခွက် ဝုန်းဒိုင်းကျဲလောင်း၍ ရေချိုးခြင်းလက်စသက်
ကာ မိုင်းရဲ့ရေချိုးထိုင်ခုံလေးဆီပြန်လှည့်လာတော့
ရေစိုဘောင်းဘီလေးတစ်ထည်သာရှိတော့သည်။
ထို့နောက် သူလည်းတပတ်တစ်ထည်အမြန်ဆွဲယူကာ အခန်းထဲပြန်ဝင်လာတော့ လွှာစောင်ပါးလေးကို ပခုံးနှစ်ဖက်မှ ခြုံလွှားကာ အဝတ်ဗီရိုကို မွှေနေသောမိုင်းကိုတွေ့လိုက်ရသည်။ အဲ့လိုဘဲမိုင်းက အပြင်သွားရမယ်ဆိုရင် ပျော်မြူးနေတက်သလို လှလှပပလည်းမတရားကို ဝတ်စားချင်တာ...တကယ်ပဲများသည့်မိုင်းပါ...၊
အဝတ်ရွေးနေတာ တော်နဲ့မပြီးနိုင်မှန်းသိနေသော
ကြောင့် အဲကွန်းပိတ်ကာ မိုင်းနားသွားပြီး ခွေးခြေခုံလေးဆွဲယူ ထိုင်လိုက်သည်။
ထိုခဏ မိုင်းလှုပ်ရှားမှုတွေ ခဏရပ်တန့်သွားသည်။
ပြီးနောက် သူ့ဘက်တစ်ချက်ပြန်ကြည့်ကာ
မိုင်းစိတ်တိုင်းကျ ဖြစ်မည့် အကျီၤဘောင်းဘီကိုရှာထုတ်နေသည်။ မိုင်းလှုပ်ရှားမှု့အဝဝကို မလွှတ်တမ်းမြတ်နိုးခြင်းနဲ့ကြည့်နေမိသည့် ဒီမိုသည် မိုင်းနားထင်က ဆံစလေးမှ စီးကျနေသော ရေများကြောင့် မနေသာတော့ဘဲ မိုင်းနောက်သွား၍
ပခုံးပေါ်မှလွှာစောင်လေးကို အထက်သို့အနည်းငယ်ဆွဲယူကာ မိုင်းခေါင်းမှ ရေများကို ညင်သာစွာသုတ်ပေးလိုက်ရ၏...။မိုင်းကိုယ်ကတစ်ချက်တွန့်သွားပေမဲ့ ဘာမှတော့ ပြန်မပြော..။ထို့ ကြောင့် ဒီမိုလည်းသုတ်စရာရှိတာသုတ်၊
မိုင်းလည်းရွေးစရာရှိတာရွေးနှင့် သာမန်နှစ်ယောက်ဆုံရင် ဆူညံပွတ်နေတဲ့အခန်းလေးက ခုတော့ တိတ်ဆိတ်လို့နေသည်။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now