အခန်း၃၀ 🌾

6.4K 693 53
                                    

အန်တီနဲ့ကိုမဟော်တို့သားဖသည် ဘုရားကြီး၏
တောင်ဘက်မုဒ်ရှိ အန်တီမြိုင်လေးညွှန်းသော ဗေဒင်ဆရာမကြီးထံတွင် ရောက်ရှိနေချိန် ဒီမိုရယ်.မိုင်းရယ်
ဦးလေးရယ်ကတော့ မိုင်း၏စိတ်အာရုံကိုဖမ်းစားခဲ့သောပန်းချီပြတိုက်ထဲ၌ ရှိနေသည်။
သားဖနှစ်ယောက် သမိုင်းကြောင်းများအခြေအတင်
ဆွေးနွေးနေချိန် သူ့မှာ ထိုသားဖနှစ်ယောက်နား
ယောင်ခြောက်ဆယ်ဖြစ်နေရသည်။
ထိုငြင်းခုန်မှု့များကြား တစ်ခါတစ်ရံ ဝှီးချဲလ်ပေါ်မှ မိုင်းသည် မျက်နှာလေးဝံ့ချီလျက် သူ့အယူဆမှန်ကြောင်းဒီမို့ကို ထောက်ခံခိုင်းသေး၏...။
သူအင်းမလှုပ်အဲမလှုပ်တွေဝေနေလျှင်လည်း မျက်နှာလေးရှစ်ခေါက်ချိုးကာ သုံမှုန်တက်သေးသည်။ထူးဆန်းသည်...။ ကိုယ့်စိတ်အစဉ်ကို ပြန်သုံးသပ်ကြည့်မိသော် အတော့်ကိုထူးဆန်းသည်...။
ဟေမာန်အပေါ်မဖြစ်သင့်တဲ့အမှားတစ်ခုကြောင့်
စိုးရိပ်ပူပန်ရမည့်စိတ်အခြေအနေတစ်ရပ်သည်...
မိုင်း၏ အသံစာစာလေးများကြား....အရမ်းကိုအေးချမ်းနေ၏...။ ဒါဟာ ဘုရားရိပ်တရားရိပ်ရောက်နေသောကြောင့်မဟုတ်တန်ရာ....။ သူ့ရင်ကိုအေးချမ်းစေသော မိုင်း၏ အပြုမှုလေးများကြောင့်ဆိုတာ သေချာပါ၏..။ မိုင်းကိုချစ်ရတာ ဘယ်လိုအခက်ခဲတွေရှိနေပါစေ သူ့ရင်ကိုတော့ အေးချမ်းစေသည်...။

"တော်ပြီ...ဖေကြီးက သားစကားဆို အမြဲကပ်သပ်
ပြောတယ်... "

ဟောကြည့် သူ့ဖေနဲ့ဘာတွေအလိုမကျဖြစ်သွားသည်မသိ စဂျစ်နေပြီ...။

"ဟုတ်ပါပြီ...ဖေကြီးဘဲအလျော့ပေးပါတယ်...
သားဒီ မောင်မဟော်တို့ကို ဖုန်းဆက်လိုက်ဦး...
ဘယ်ချိန်ပြီးမှာလဲလို့ ကြာဦးမှာဆိုရင် ဦးလေးတို့
ဆိုင်တစ်ဆိုင်ဆိုင်က ထိုင်စောင့်ရအောင်လို့ "

"ဟုတ်ဦးလေး...."

"ဟီး...ဂျယ်လီလေး နာမည်ကို သိချင်လှပြီ.... ဒီမို့
ဖုန်းထဲက မေးလိုက်နော်..."

အပြုံးလေးနဲ့ခေါင်းငြိမ့်ပြလိုက်ရသည်။ တတူတူနဲ့
မြည်နေသော ဖုန်းဝင်ကိုစောင့်ရင်း ဂျယ်လီလေးရဲ့
နာမည်ကိုသိချင်စိတ်ကြောင့် မိုင်း၏မျက်လုံးလေးတွေသည် အရောင်တဖိတ်ဖိတ်တောက်နေသည်။
ဖုန်းဝင်သွားချိန် သူ့ဖုန်းကို မိုင်းထံပေးလိုက်၏..။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now