အခန်း၂၀(unicode)

4.1K 348 3
                                    

လကုန်ရက် ..တနည်းဒီမို့လက်ထဲငွေရွှင်တဲ့နေ့ဖြစ်သည် ...။
ညနေ ၃နာရီလောက်တည်းက ဦးချိုသည် လစာ၄
သိန်းကိုသူ့လက်ထဲ ထည့်သွားပြီးသား...။အရင်လ
တွေဆိုဘာဘာညာညာ သုံးဖို့ ၅သောင်းလောက်နှုတ်ယူထားပြီး ကျန်တဲ့ပိုက်ဆံအကုန်လုံး အန်တီမြိုင်ဆီမှာ စာရင်းနှင့်တကွ အပ်နှံထားခဲ့သည်..။အန်တီမြိုင်ကလည်းမပျောက်ပျက်အောင် သေချာထိန်းသိမ်းကောင်းလို့ကိုယ်ပိုင်ကားလေးတစ်စီးဒီမို့အတွက်အဖက်တင်နိုင်ခဲ့သည်။
ခုတော့ ရတဲ့လစာလေးအပြင် အရင်စုထားတဲ့ပိုက်ဆံထဲမှ ငါးသိန်းပါထုတ်လာခဲ့သည်။ အဲ့တော့ သူ့လက်ထဲရှိနေတဲ့ငွေသားက ၉သိန်းလောက် ... ။
ထိုငွေအမောက်နဲ့ မိုင်းကို လက်ဆောင်လေးတစ်ခု
ဝယ်ပေးချင်မိတာ နည်းနည်းလေးမှ နှမျောစိတ်မဖြစ်မိ။ထို့နောက်ကားလေးထဲ တက်ကြွမှုအပြည့် သီချင်းလေးတညီးညီးနှင့် သူ့ဦးတည်ရာလေးကို အရောက်လှမ်းခဲ့သည်။

:
:
:
"ဟာ..ကိုမဟော် ကလေးကငိုလှချီလားဗျ..နို့ဘူးမ
တိုက်ဘူးလား.."

မိုင်းတို့ အိမ်လေးထဲဝင်လိုက်တော့ အိမ်ရှေ့
ထွက်ကာ ကလေးကိုချော့နေသော ကိုမဟော်နဲ့ဆုံ
သည်။

"သားက ဒီလိုဘဲ ညနေစောင်းဆို ငိုပြီ...အန်တီလည်း
နို့မုန့်ဖျော်နေတယ်..."

"ပေး..ကလေးကိုကျွန်တော် ခဏချီကြည့်မယ်''

ကိုမဟော်လက်ထဲ တအဲ့အဲ့နဲ့ အီနေသော အကောင်
ပေါက်လေးကို ဒီမိုလက်လွှဲ ချီကာ ချော့ကြည့်
လိုက်သည်...။ဒီမို့လက်ထဲရောက် တကယ့်ကိုခဏ
လေးပါဘဲ ။ဒီမို့ ကိုယ်မှာဘာထူးဆန်းတဲ့ဓာတ်
တစ်မျိုးရှိနေသည်မသိ ၊ထိုအကောင်ပေါက်လေး တိခနဲငြိမ်ကျသွား၏..။
ကိုမဟော်ကို ကြည့်မိတော့ ဒီမိုနဲ့သူ့ကလေးကို အံ့သြစွာကြည့်နေသည် ။ဒီမိုလည်းလက်ထဲကအကောင်ပေါက်လေးရဲ့ ပြူးတူးကြောင်တောင်မျက်လုံးတို့ကိုသေချာကြည့်ကာ မမြှူတက်မြှူတက်နဲ့ ချော့မြှူ ဖြစ်သည်။

"နော့~ဖေကြီးက သားသားလေးကို ဒီဒီလို ကောင်းကောင်းမှမချီတာကို...ငိုမှာပေါ့နော သားသားလေးက..."

"ခွီ့~ဟားဟား..."

မဟော် ဟက်ဟက်ပတ်ပတ်ရယ်မိလိုက်သည်။
ကလေးကို ချော့မြူနေသော ဒီမိုပုံစံက သူ့အမြင်တစ်မျိုးဆန်းနေခြင်းထက် ဒီလိုချော့မြူ ဟန်က ဒီမိုဖြစ်နေ၍သူ့စိတ်ကို လှိုင်းထစေကာ ရယ်မိလိုက်ခြင်းပင်...။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now