အခန်း၃၃Age limiting (unicode)

3.9K 281 7
                                    

"မိုင်း~...မိုင်းလေး..."

သူနဲ့အနီးဆုံးမှာရှိနေတဲ့လူသားအိပ်ပုတ်လေးက
လှုပ်နှိုးနေတာကို မသိချင်ယောင်ဆောင်ကာ
ဆက်အိပ်နေသေးသည်။

"ဖူး....~~"

"အာ...ဒီမိုစုတ်...သွားမတိုက်ရသေးဘဲ...
အာပုတ်နံ့တွေနဲ့ လာမှုတ်တယ်...ညစ်ပတ်ကောင်ကြီးနှိုးရင်လည်း ကောင်းကောင်းနှိုးပါ့လား...."

စလာပြီ...စလာပြီ ဂျီကောင်ရဲ့....မင်္ဂလာတေးသံ
သာလေး....နားဝင်ကိုချိုလို့ဆိုတာဒါမျိုးပြောတာနေ
မှာ...။မျက်လုံးက ပွင့်တဝတ်မှိတ်တဝတ်နဲ့ကုန်းအော်နေတာလေးက... သောက်မြင်ကပ်စရာ....

ဒါပေမယ့်လည်း အာပုတ်ဆော်များ တကယ်နံသွား
လားဆိုပြီး...လက်ခုတ်ထဲ လေတွေတဝူးဝူးမှုတ်ထည့်ကာ နှာခေါင်းနားကပ်ကာရူးကြောင်ကြောင်ရှူ ကြည့်မိသေး၏...။

"မနံပါဘူး မောင်ကြီးကျယ်ရဲ့...ညတုန်းကတောင်..
အဟဲဟဲ...."

"ဟာ....ကောင်စုတ်..."

"ဟ့ .ရှက်သွားတာလား...ဟေ့...."

ဘာကိုတွေးပြီးရှက်သွားသည်မသိ...စောင်ကြီးအောက်ခေါင်းလေးမြုပ်သွားပြီ...။ အဲ..ညကဆိုမှ...
အွန်း သူတောင်တွေးပြီး...ရှက်ချင်ချင်.....

"ကိုယ်ကစတာကိုကွာ...ဒါရှက်စရာမှမဟုတ်တာကို
မတော်တ...တ"

"တော်တော့.......!!!"

စောင်အောက်ကနေကုန်းနေသော ငလူးလေး...
စကားတောင်ဆုံးအောင်မပြောလိုက်ရဘူး..သူ့စိတ်ကြီးဘဲ....

"ဟုတ်ပါပြီ...ဘာမှမပြောတော့ဘူ..အာ့ကြောင့်ဘာမှရှက်မနေနဲ့တော့ ထတော့ကွာ...ကိုမဟော်တို့သားဖသွားကြိုရမှာ..နောက်ကျနေမယ်..."

ထိုသို့အကျိုးကြောင်းပြောမှ...စောင်ပုံထဲကမျက်နှာရဲရဲပြူ ထွက်လာလေသည်....။
ဂျီကောင်လေးတကယ်ရှက်နေတာဟ....

"မင်းဘဲသွားကြိုတော့ ငါမလိုက်တော့ဘူး...."

ဟော !ဘာဖြစ်ရပြန်တာလဲ...ညကတော့ ကိုမဟော်
ဒီနေ့မနက်ပြန်ရောက်မှာ သွားကြိုရမယ်ဆိုတုန်းက
လိုက်မယ်တကဲကဲ...

"မိုင်း...အမျိုးမျိုးဘဲ...ခုလည်းနိုးနေပြီဘဲ လိုက်ခဲ့
လိုက်တော့....လာပါ အပျင်းလေးရာ..."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now