final(unicode)

9.4K 373 11
                                    

ချည်သားမိုးပြာရောင် ဘောင်းဘီရှည်ပွပွကို ဒူးအထက်လိပ်တင်ထားစေပြီး... ဦးလေးသေချာမှာခဲ့သည့်အတိုင်း တသွေမတိမ်းမိုင်း၏ဒူးစစ်ဘေးနားလေးမှ ၄လက်မလောက် ကွေ့ဝိုက်ကာချုပ်ထားသော ချုပ်ရိုးကြောင်းများအားဆေးထည့်ပေးခြင်းအမှု့ကို ဆောင်ရွက်ရင်း...တစ်ချက်ချက် ရှုံတွသွားသောမျက်နှာလေးကိုမော့ကြည့်မိတိုင်း ရင်ထဲမကောင်းပြန်...။

"မိုင်း...ဆေးကစပ်လား..."

"အင်း..နည်းနည်းစပ်တယ်...ဟိုဘက်ဒူးချုပ်ရိုးဟောင်းက နည်းနည်းကျက်ပြီဆိုတော့သိပ်မစပ်ဘူး..ဒီဘက်က မနက်မှဆိုတော့ စပ်တယ်..."

ဆေးထည့်ရင် မိုင်းစပ်နေတာသိပေမယ့် ... မလုပ်ပေးလို့ကလည်းမဖြစ်ပေမို့...သူ့မျက်နှာလေးဆီအကြည့်မရောက်စေဘဲ ...ဆေးထည့်ခြင်းကို အမြန်လက်ဆသတ်ပေးလိုက်ရ၏...။

"ကဲ..ပြီးပြီ..."

ဂွမ်းစတွေ ညှပ်တွေ အသေချာသိမ်းစည်းပြီး သူ့မျက်နှာလေးကို ကြည့်မိတော့ မျက်သားဖြူ ဖြူ လေးတွေသည် အနည်းငယ်ရဲဆွေးနေသည်...၊ သို့သော် ခိုင်ခံ့စွာ မျက်အိမ်ထဲ ကွန်းခိုနေသော ဇီဝအရည်ကြည်ကြည်လေးများသည်..မျက်တောင်ရှည်များပုတ်ခတ်ခြင်းကြောင့်နောက်ကြောင်းပြန်လှည့်သွားချေပြီ...။ ငိုချင်နေတာတောင် ယောကျာ်းမာန်တစ်ဝတ် ... သူ့ကြောင့် ကိုယ်စိတ်ထိခိုက်မှာ စိုးရိမ်ခြင်းတစ်ဝတ်တို့ဖြင့် ထိန်းချုပ်နေသော ချစ်ရသူကောင်ဆိုးလေးကို ထုရိုက်ပစ်ချင်တာဘဲသိသည်...။

"မိုင်း...ကိုယ့်ရှေ့မှာ ဘာကိုမှ ထိန်းချုပ်စရာမလိုဘူးလေ... ကိုယ်က မင်းတွက် တစိမ်းမှ မဟုတ်တာ..."

ညှင်သာစွာ ပွေ့ဖတ်ခြင်းနှင့်အတူ သူ့ကျောပြင်လေးအား ပွတ်သတ်ကာ ချော့မော့ခြင်းကြောင့် ကိုယ့်ပုခုံပေါ်ပါးလေးအပ်၍ သူ့လက်တစ်စုံသည်လည်း ကိုယ့်ကျောပြင်ပေါ်သို့ ရောက်ရှိလာသည်....။

"မငိုပါဘူး...ငါနည်းနည်းစိတ်မကောင်းဖြစ်ရုံပါ...ငါ့ခြေထောက်မှာ မင်းပေးထားတဲ့ ဖူးချိန်းလေးမရှိတော့တာသတိမထားမိအောင် ထုံထိုင်းနေတဲ့ ငါ့ခြေထောက်တွေကို မမုန်းစဖူး မုန်းမိလို့..."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now