အခန်း၅(Unicode)

5.4K 435 6
                                    

"ကိုကြီးဒီမို ည၇နာရီ သမီးမွေးနေ့ကိတ်ခွဲမှာ
လာခဲ့ဦးနော် ...လက်ဆောင်လည်းယူခဲ့လို့ရတယ်
ဒီမယ် သိတာမကြာသေးတဲ့ ကိုကြီးမိုင်းတောင်
ဒီဝက်ဝံရုပ်ကြီးပေးတာ "ဟုပြောလိုက်သော ကလေးမ စကားကြောင့် သူတစ်ခါမှ မဆင်နွဲဖူးသော မွေးနေပွဲသို့ သွားရန်စိတ်ဆောင်နေသည်။
ကလေးလူကြီးများကိုကျွေးမွေးမှု့ ဘာယီယပြီးတော့အိမ်သို့တန်းပြေး ရေးမိုးချိုးပြီးဟိုဘက်
ရပ်ကွက်မှာဖွင့်ထားတဲ့ အရုပ်ဆိုင်လေးသို့
အပြေးသွားကာ ဟိုကောင်လေးပေးတဲ့ မွှေးပွရုပ်
လိုမျိုး အရုပ်တစ်ရုပ်ကို ပိုက်ဆံ၆ထောင်အကုန်ကျခံ
ဝယ်ခဲ့ရသည်။ ဆိုင်ပေါက်ရောက်ပြီးမှနှမျောမိလို့
ဈေးနည်းတဲ့ကော်ပတ်ရုပ်လေးနဲ့ ပြန်လဲရမလားဆိုပြီး သူစိတ်ကူးမိသေး၏ ။
ဒါပေမယ့်လည်း ဟိုကောင်လေးတောင် ဝယ်ပေး
သေးတာဘဲ ဆိုသည့် အတွေးကြောင့် မလဲတော့
ဘူးဟု ဆုံးဖြတ်ချက်နဲ့အတူ မွေးနေ့ကိတ်ခွဲမှ
ကိတ်မုန့်ကိုတန်အောင် စားပစ်မယ်ဟုတွေးရင်း မွေးနေ့ပွဲလေးသို့သွားရန် တက်ကြွတဲ့ကြက်ဖကြီးလိုဖြစ်နေသည်။

မွေးနေ့ရှင်ကလေးမနှင့် ဒီမိုသည် မရင်းနှီးလှ..၊
မိဘတွေနဲ့လည်း တစ်ရပ်ကွက်သားချင်းမို့ မေးထူး
ခေါ်ပြောရုံသာ ...။တကယ်ဆို ကလေးမကဖိတ်ပေ
မဲ့ မလာလည်း ဘာမှမဖြစ် ..။ဒါပေမယ့် သွားချင်သည့်စိတ်ကဆောင်နေသည်။ရောက်လာပြန်တော့
သူနဲ့မရင်းနှီးတဲ့ အိမ်လေးထဲသို့ ဝင်ရန် တွန့်ဆုတ်နေသောကြောင့် အိမ်တံခါးဝနေကနေ အခြေနေကို ကြည့်ရသေးသည် ။အိမ်လေး၏ အဝင်ဝတွင် ရောင်စုံ စက္ကူကြိုးများနှင့် တန်ဖိုးနည်းပူဖောင်းများကို တို့လို့တွဲလောင်းအလှဆင်ထားသည် ။ အထဲက CDစက်လေးနဲ့ ဖွင့်ထားသော ကလေးသီချင်းများလည်း ပျံ့လွင့်နေသည်။
အထဲတွင် ကလေးသုံးလေးယောက်က ဝိုင်းစု၍ ထိုင်နေကြသည်။ ထိုကလေးဝိုင်းထဲမှ ဝှီးချဲလေးပေါ်တွင် ရယ်မောနေသော ကောင်လေးလည်းရှိသည်။
ဒီကောင်လေးရယ်နေတာ မြင်ဖူးတာ သူ့တွက်ပထမဆုံးပင် ။သူတွေ့လိုက်တဲ့နှစ်ခါမှာ နှစ်ခါလုံး ထိုကောင်လေးသည် သူ့အပေါ် ရှက်ရွံညှိုးငယ်နေသည်ဟု ခံစားရသည်။ ဒါကိုသူလုံးဝမကြိုက်ပေ ...၊ ကလေးငယ်တွေလိုဘဲ အပြစ်ကင်းတဲ့ ဒီကောင်လေးအပြုံးကို သူ့အတွက်လည်းဖြစ်စေလို၏ ။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now