အခန်း၁၁(Unicode)

4.8K 409 1
                                    

ပုဆိုးစိမ်းလွတ်နေသော ခြေခုံဖြူဖြူ လေးတို့သည်
မွှေးညှင်းနု စိမ်းဖန့်ဖန့်လေးများနှင့်အလွန်ကြည့်ကောင်းနေသည်။မိုင်း ခြေခုံလေးရဲ့အလှတရားကို ဝိပတ်သနာသဘောဖယ်ကျဉ်ကာ ရှုမှတ်နေသည့်ဒီမိုသည်ဘုန်းဘုန်းတို့၏ ကမဝါရွတ်ဖတ်သံကြားမှ သတိတရားတို့ပြန်ကပ်သည်။
ဘုန်းဘုန်းတို့ဆီမှ ပရိတ်တရားနာနေစဉ်
သူနဲ့မိုင်းကတော့ ဧည့်ပရိတ်သတ်ရဲ့ အနောက်ဆုံး
နားမှာ နေရာယူသည်။ ရေစက်ချမည်အလုပ်...
မိဘများနှင့်ဘေးချင်းယှဉ် ရေစက်ချခွင့်မရတဲ့
ဒီကောင်လေးတွက် ဒီမိုစိတ်လုံးဝမကောင်း...၊
ထို့ကြောင့် ရေစက်ချတရားစဉ်နားရောက်ခါနီး
အနားမှ အသာထ၍ အောက်ခံပြားနှစ်ပြားပေါ်
ရေထည့်ထားသော ဖန်ခွက်လေးနှစ်ခွက် မီးဖိုခန်းမှ
အပြေးရှာယူလာရ၏....၊
ရေခံပြားနှင့်ဖန်ခွက်လေးတစ်စုံကို မိုင်းလက်လေးထဲထည့်ပေးတော့ ကြောင်အ့အလေးမော့ကြည့်လာ
သော မိုင်းသည် နောက်မှဆိုလိုရင်းကိုသဘော
ပေါက်သည်။

"ကျေးဇူးဘဲ "

သူဆိုသောကျေးဇူးတင်စကားကို အပြုံးလေးတစ်ခုနဲ့သာတုံ့ပြန်လိုက်သည်။
အမှန်ဆို ဒီမိုရဲ့အပြုမူတွေ..အပြောဆိုတွေက
အရိုင်းမဆန်ပေမဲ့ နူးညံ့မနေ။
ဝါးရှော့က အငယ်တွေဆို သူ့လက်သံပြောင်ပြောင်ရယ်, အော်ငေါက်မှု့တို့ကြောင့် သူ့ကိုရင်းရင်းနှီးနှီးတောင် စကားမပြောရဲကြ...။
ဒါပေမယ့် ..ဒီမိသားစုလေးရှေ့...အထူးသဖြင့်
မိုင်းရှေ့ရောက်ရင်...အငယ်တွေကိုအရမ်းအလိုလိုက်ကြင်နာပေးတဲ့ အစ်ကိုကြီးတစ်ယောက်လိုအသွင်ပြောင်းသွားစေသည်။
ကိုယ်ကိုတိုင်လည်း သေချာလုပ်ယူ မပြောင်းလဲဘဲ
အလိုလိုပြုမှုမိတဲ့ သူ့အပြုမှုတွေကြောင့် တစ်ခါတစ်ခါ ကိုယ်တိုင်ပင်အံ့သြရသေးသည်။

ရေစက်ရေပေါက်ငယ်တို့ တစက်စက်နဲ့ သွန်းချနေသောမိုင်းဘေး..သူလည်းထိုသို့ထပ်တူပြုမှုနေမိသည်။
ငါတို့နိမ္ဗာန်မတိုင်ခင်ထိ ရေစက်ဆုံရအောင်မိုင်း~~

ပရိတ်တရားနားပြီးတော့ မိုင်းသည်..သူ့တာဝန်ပြီး
ဆုံးသွားသည့်နှယ်..သူ့ကိုယ်ပိုင်အခန်းလေးထဲက
ထွက်မလာတော့...၊
ဒီမိုကတော့ ဦးလေးတို့အန်တီတို့၏ အိပ်တက်ပွဲ
သို့ လာရောက်ပေးသော ရပ်ကွက်မှ လူများကို
စေ့စေ့စပ်စပ် မိတ်ဆက်ခန်းဖွင့်ပေးနေရသည်။
ဧည့်ပရိတ်သတ်ကုန်လုလုချိန်တွင်...ဆရာသမား
ဦးချိုနဲ့ အန်တီမြိုင်လေးတို့ရောက်လာကြသည်။
အန်တီမြိုင်နဲ့အန်တီစံပယ်လည်း တစ်ယောက်နဲ့
တစ်ယောက်ဖက်တဲတလင်း နှုတ်ဆက်နေကြ၏ ...။
ဆရာနဲ့ဆရာကတော်ကို စားပွဲဝိုင်းတစ်ခုသို့နေရာချပေးပြီး..အန်တီမြိုင်က မိုင်းလေးကိုတွေ့ချင်ပါတယ်ဆိုလို့မိုင်းကို ခေါ်ဖို့ အခန်းငယ်လေးထဲသို့ဝင်ခဲ့ရသည်။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now