အခန်း၁၅(unicode)

4.1K 405 0
                                    

အေးစက်သော မိုးစက်မိုးမွှားများ ကိုယ်ပေါ်ကျဆင်း
နေပေမယ့် ရင်ထဲကအပူတို့အားမငြိမ်းစေနိုင်...။
နားနေဆောင်ထဲ ဒုံးဆိုင်းပြေးနေသော စိုးရိမ်စိတ်တို့သည် ယခုကွင်းထဲတစ်ဖက်အသင်းနဲ့ လက်ဆွဲနှုတ်ဆက်ချိန်ထိ ပျောက်ပျယ်မသွား...။
အသင်း၄သင်းပါတဲ့ ဒီမိုတို့အုပ်စု'ခ' တွင် ပြောရမယ်ဆို သူပါဝင်တဲ့ အောင်မြေသာစံအသင်းက အုပ်စုအသင်းထဲမှာဆို အားအနည်းဆုံးအသင်းဖြစ်နေသည်..။
ဒါသည်ပင် အသင်းရဲ့အားနည်းချက်ဖြစ်သလို အားသာချက်လည်းဖြစ်စေ၏..။
အသင်းနည်းပြရဲ့ ဒီပွဲကို အနိုင်၃မှတ်ယူနိုင်မှ အုပ်စုတက်ဖို့ လွယ်မှာဟု ပြောကြားချက်အရ ဒီမိုတို့အသင်းသားတွေသည် ရေကုန်ရေကန်းကစားဖို့ တက်ကြွနေကြသည်။ သို့သော် ထိုအထဲ သူပါရဲ့လား?...ကိုယ်ကိုတိုင်တောင် မဝေခွဲတက်..။နည်းပြယုံကြည်ထားသော သူ့ပေါ်ယုံကြည်မှုကိုလည်း အစွမ်းကုန်ပြသလိုသေးသည်...။ဒါပေမယ့် ဒီကွင်းကြီးထဲမှလည်းအမြန်ဆုံး ထွက်သွားချင်မိ၏...။
အသင်းခေါင်းဆောင်နှစ်ယောက် အသင်းလံလဲပြီး
ဒိုင်လူကြီးက ခေါင်းပန်းလှန်ကာ ကွင်းsideရွေးချယ်မှု့အပြီး...ဘောလုံးကို ပြိုင်ဘက်အဘက်အသင်းမှ စတင်အပေးယူလုပ်ကာစတင်ကစားသည်။ ထိုချိန်မှစ၍ ကွင်းထဲမှသူ့ဘက်ကိုယ့်ဘက် ပရိတ်သတ်အင်အားအနည်းငယ်တို့သည် လက်ကွင်း,ဗုံတို,ဗုံရှည်များတီးကာ ကိုယ့်အသင်းနယ်မြေကို စည်းချက်ကျအော်ကာအားပေး
ကြ၏။
ပရိတ်သက်သည်လည်း နိုင်ငံဆင့်ပြိုင်ပွဲတွေလို
အုတ်အော်သောင်းနင်းတော့မဟုတ်...။ဒါပေမယ့် အရင်နှစ်တွေထက် စိတ်ဝင်စားမှု့ပိုလာသည့် မြို့နယ်ဖလားပြိုင်ပွဲဖြစ်သောကြောင့် အတော်စည်ကားလာသည်။
ထိုပရိတ်သက်ထဲတွင် ကိုယ့်မြို့နယ်အသင်းမဟုတ်
ပေမယ့် ဒီမိုနာမည်ကိုအော်ကာ ညာသံပေးအားပေးနေသူများသည်...ဦးချို,ဟေမာန်နဲ့ နောက်တစ်ယောက်က..မဟော်...။
ဒီကို ဘယ်လိုလုပ်ပြီးရောက်လာလဲဆိုတာ တွေးကြည့်စရာတောင်မလို...ဟေမာန့်ကြောင့်ပင်...။
ဝတ်ထားတာက သူ့အသင်းရဲ့ဂျာစီ...။ဘယ်လိုများ ရအောင်ယူလိုက်တာပါလိမ့် အတွေးတို့မဆုံးခင်
သတိရမိတာက... အဟက်~BMWတောင်စီး
နိုင်သူဘဲ...ဟူ၍.....။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now