အခန်း၃ 💛

10.6K 1K 65
                                    

"သမီးတွက် တစ်ပတ်ရစ်ကားလေးဝယ်ပေးပြီး
ဟိုဂျပန်အင်ဂျင်ထည့်ကိုင်ပေးမယ်လို့ စိတ်ကူးထားတာကွာ ...တောက်!မောင်ထွန်း..ကျက်သရေမရှိတဲ့ကောင်"

ဒီမိုဘာမှ ပြန်မပြောတော့...။သက်ပြင်းဟင်းခနဲချကာလုပ်စရာရှိတာကိုဘဲ ဆက်လုပ်နေလိုက်တော့၏ ။ဒီကိစ္စကို လေးရက် မြောက်နေ့ရောက်သည့်တိုင်
အခဲမကြေနိုင် သူ့နားလာလာပြီး ပေါက်ပေါက်ဖောက်နေသော ဦးချိုကို ဆရာသမားမို့သာသည်းခံနေတာ ။

"တောက်! ၅သောင်းထဲပိုရတာကို အဲ့တာမင်းကြောင့်ဒီမို "

ဘာမဆိုင်ညာမဆိုင် ကိုယ့်ဘက်မြားဦးလှည့်လာပြီး ပုခုံးကိုပိတ်ရိုက်လိုက်သည့်ဦးချိုကြောင့် ကိုင်ထားသော Yဂွတောင် လက်ထဲကလွှတ်ကျသွားသည်။

"ဟုတ်တယ်လေ..မင်းငါခိုင်းတဲ့ မနက်တည်းကသွားလိုက်ရင်ပြီးနေတာကို ...ညနေမှသွားတော့ ဟိုကစည်းမစောင့်ဘဲ ရောင်းလိုက်တာပေါ့ ဟ့ကောင်ရ!"

သူ့မိန်းမနားအနေများလို့ အန်တီမြိုင်ရဲ့ ဓာတ်တွေ
ကူးကုန်တာဖြစ်မည်..။ကိစ္စတစ်ခုကို မကျေနပ်
လျှင် တစ်နေကုန် ဗျစ်တောက်ဗျစ်တောက်နဲ့
ပြောမပြီး ဆိုမပြီး ...။ခုကိစ္စဆို တစ်နေကုန်မကတော့၃ရက်နဲ့ တစ်မနက်ရှိပြီ ...။

"ဦးချိုကလည်းဗျာ ...မရလိုက်တော့လည်းဘာဖြစ်လဲ 2014Modelလောက်ထဲက ဟေမာန်တွက်
သန့်တာလေးတစ်စီးလောက်ဝယ်ပေးလိုက်ပေါ့ "

ပြောလည်းပြော ...လက်ကလည်း ကျပ်စရာရှိတဲ့နပ်
ကျပ်ရင်းဦးနှောက်ကလည်း ဦးချိုကိုသူ့နားက
ဘယ်လိုပထုတ်ရမလဲတွေးတောနေရ၏ ။

"ငါ့သမီးဘဲ ဝယ်ပေးချင်တာပေါ့ ...ခက်တာ မမြိုင်လေး.. မင်းအဒေါ်ကပ်စီးကုပ်မကြီး ...အချိုချောင်
လေးတွေ့မှ ဝယ်ပေးပါတဲ့ ...အလကားငွေအောင်း
တယ်တဲ့ ..."

"အဲ့တာလည်း ဟုတ်တာဘဲ "

သူ့ထောက်ခံစကားကြောင့် ဦးချိုရဲ့ မျက်စောင်းကြီး
ရလိုက်သည်။ တဖြည်းဖြည်း အန်တီမြိုင်နဲ့တူတူလာတဲ့ထဲ အဲ့ဒီ ကြောက်စရာမျက်စောင်းကြီးလည်းပါသည်။

"ဟိုက ကိုချိုကြီး! "

အလုပ်သမားတွေတွက်ချက်ပြုတ်နေသော မီးဖိုခန်းမှအန်တီမြိုင်၏ ကျယ်လောင်သော အသံထွက်ပေါ်လာသည်။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now