အခန်း၂၉(unicode)

3K 264 1
                                    

နောက်ကျိနေသော ဦးခေါင်းကြီးကို တင်းပုတ်ကြီးနဲ့
စည်းချက်ကျကျ ထုနေသလားဟုထင်မှတ်ရအောင်
သွေးတိုးနှုန်းတို့က တဒိန်းဒိန်းနှင့် ခံစားချက်ကြီးက
ဆိုးဝါးလှသည်။
ခေါင်းထောင်ကြည့်လိုက်သော်လည်း တဆစ်ဆစ်ထိုးကိုက်လာသောခေါင်းကြောင့် ခေါင်းအုံးပေါ်သို့ ဇာတ်ပြန်ကျသွားပြန်သည်။ ကောင်းကျိုးမပေးတဲ့ ဒီလိုဝေဒနာတွေကြောင့် အရက်သေစာဆိုလျှင် သူတက်နိုင်သလောက်ရှောင်သည်။ မနေ့ကသာ...ဘယ်လိုမှစိတ်မထိန်းနိုင်၍သောက်ဖြစ်ခဲ့တာ...။

"ဒီမို နိုးလာပြီလား..."

"ဟင်?...အား သေပါပြီ...."

အိပ်ရာနိုးနိုးချင်းမထင်မှတ်ထားသော ဟေမာန်အသံကြောင့် လန့်ဖြန့်သွားရသည်။ သူ့အသိ၊ သူ့သံဠာန်၌ယခုအခြေနေကြီးက မဖြစ်သင့်မှန်း အချက်ပြနေသည်။နောက်ပြီး သူရောက်နေသော နေရာက ဟေမာန့်တိုက်ခန်း..၊ထိုတိုက်ခန်း၌ ခါတိုင်းဆရာနဲ့ဆရာကတော်ပါရှိနိုင်ပေမယ့် ခုတော့ဆရာသမားတို့လင်မယားသည်အန်တီမြိုင်လေးရဲ့ညီမဝမ်းကွဲမင်္ဂလာဆောင်သို့ညအိပ်ခရီးသွားနေကြသည်။ မူးနေပေမယ့်ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက အလက်ကြီးရှိသေးတော့စိုးရိမ်စိတ်တို့က အပြေးနှင်းဝင်ရောက်လာ၏...။

"ဟေ..ဟေမာန်...ငါ့ကိုဘာလို့ .ဘာလို့ ဒီကိုခေါ်လာ
တာရလဲ...."

ဒီမို့ရဲ့ အလောတကြီးအမေးကြောင့် သူမရဲ့မူပိုင်
မဲ့ပြုံးလှလှလေးတစ်ချက်ကနေ... အီခနဲ ငိုရှိုက်သံ
တို့ဖက် ကူးပြောင်းသွားသည်။

"ဟေမာန်...ဘာ..ဘာဖြစ်တာလဲ...အာ?"

ရုတ်တရက်သူမအနားသွားရန်ထလိုက်စဉ် ကိုယ်ပေါ်၌လွှားခြုံထားသော စောင်သည် အောက်လျော့ခနဲကျသွား၍ ကတိုက်ကရိုက်ပြန်ဖမ်းဆွဲလိုက်သည်။
သူ့အောက်ပိုင်း၌ အောက်ခံဘောင်းဘီတစ်ထည်တောင်မကပ်...၊ အံသြရှက်ရွံ့ခြင်းနှင့်ဒွန်တွဲလျက် ဟေမာန့်ကြည့်မိသောအခါ ပန်းဆီရောင်ပြေးသွားသောပါးနှစ်ဖက်ကြောင့် သူပို၍အနေကျပ်သွားရသည်။

"ဟေ..ဟေမာန့် ညတုန်းက...ညတုန်း.."

"နင်...ဘာမှမမှတ်မိဘူးလို့တော့ မပြောပါနဲ့ဒီမို...
ရင်းခဲ့ရတာ ငါ့ဘဝနဲ့ ငါ့အရှက်ဖြစ်နေလို့ပါ...အင့်~ဟင့်"

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now