အခန်း၃၂(unicode)

3.2K 292 2
                                    

"ဂျေး........"

ပုံမှန်မဟုတ်သော ပြူးတူးကြောင်မျက်လုံးများကြောင့်မဟော် ဂျေးဘေးမှ မဟာလေးကို အပြေးကောက်ချီလိုက်ရသည်...။

"ဂျေး...ဂျေး....မင်း..သတိရလာပြီလား...."

မဟော်အသံပြုလိုက်တော့ ပြူးဝိုင်းနေသောမျက်လုံးသည် ဒိုင်းခနဲ မဟော့်ဘက်ကိုဆူးရဲစွာရောက်လာ၏..။

"ဘတွမ်...ဒေါ်နန်း...လာ..လာကြပါဦး..."

အကြည့်တွေကကြောက်မတ်ဖွယ်ကောင်းနေသေးသည်။ ထို့ကြောင့်ကုတင်ဘေးရပ်နေသော မဟော်သည် တဖြေးဖြေးကုတင်နဲ့ဝေးရာကို တစ်လှမ်းခြင်းဆုတ်နေမိသည်....။ သူ့ကိုကြည့်နေတဲ့ ကြောက်မတ်ဖွယ်မျက်လုံးတွေကို သူကြောက်လန့်နေမိ၏....။

"လူလေး..ဘာဖြစ်..?"

အခန်းထဲ ဝင်လာသော ဘတွမ်သည်လည်း ဂျေး၏
ဆူးရဲနေသော မျက်လုံးများကြောင့် လန့်သွားပုံရသည်။

"ဆ..ဆရာမလေး ...လုပ်ပါဦး...."

"စိတ်အေးအေးထားကြပါ....ဒီလိုဘဲဖြစ်တက်တယ်
လို့ဆရာဝန်ကြီးပြောခဲ့တယ်လေ....ခဏနော်အဘ့
ကျွန်မဆရာဝန်ကြီးကို ဖုန်းဆက်အကြောင်းကြားပေးမယ်..."

"အက့်~ဟက်~ဟက်~ ဗြဲ...."

ထိုချိန်တွင် မဟာ့လေး၏ အော်ငိုသံလည်းစူးရင့်စွာ
ထွက်ပေါ်လာသည်။ ထိုငိုသံလေးကြောင့်..စိတ်မကောင်းဖြစ်သွားသော ပါးလွလွဝိညဉ်ဖြူ မလေး၏ ရင်ထဲတွင်လည်း..မီးစနှင့်ထိုးနေသလို ပူလောင်လွန်းလှပါသည်..။မငိုပါနဲ့သားလေးရယ် လို့ ချော့မြူ သံလေးကိုလည်းသူမသားလေးမကြားနိုင်ပေမယ့် ထိုဝိညဉ်ဖြူ မလေးအကြိမ်ကြိမ်ရေရွတ်နေမိသည်...။ဘဝကူးမကောင်းခဲ့လို့ မကျွတ်နိုင်သေးတဲ့ နန်းမွန်းသည် သူစိတ်ဆွဲရာဂျေး၏...ရုပ်နာမ်ကွဲနေသော ခန္ဓာကြီးနားတွင်သာတဝဲလည်နေခဲ့သည်....။ ဒီနေ့မှ ဒီနေ့မှ ....သူမ၏သားလေးကို ပြန်တွေ့ခွင့်ရတာ....။မငိုပါနဲ့သားလေးရယ်..။

"ဟုတ်...လူနာကို အရင်ဆုံး..သူ့ရဲ့ခြေဆစ်လက်ဆစ်
လေးတွေ နှိမ့်နယ်ပေးထားပါတဲ့...."
ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုတဆင့်ပြန်ပြောနေသောနတ်စ့်မလေးစကားကိုအားလုံးနားစွင့်နေကြသည်..။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now