အခန်း၂ 💌

12.2K 949 32
                                    

လေယူယိမ်း ဟိုဒီပြန်ရွေ့လျားနေသော မြက်ရိုင်းရှည်ကြီးများနှင့် နောက်ခံဟိုးဝေးဝေးက မှုန်ဝါးဝါးလှမ်းမြင်နေရသော ရှမ်းရိုးမတောင်ကြီးသည် လွန်စွာလိုက်ဖက်လှ၏ ။ မိမိနေထိုင်ရာ လောကကြီးက ဒီလိုကျပြန်တော့ အကျဉ်းမတန်လှပါဘူး ...။ဟုတ်ပါသည်။သဘာဝလောကကြီးက လှပမြဲသာ ...။တကယ်တမ်းအကျဉ်းစေတာ လောဘသားကောင် လူသားများကြောင့်သူကလည်း လိုက်အကျဉ်းတန်ပေးရသည့်ဘဘောတရားသာဖြစ်မည်။ အိမ်ခြေတိုက်တာ အဆောက်ဦးနည်းပါပြီး လယ်ကွင်းများရှိနေသော လမ်းအရှေ့ဘက်ခြမ်းကို မျက်နှာမှုထိုင်ကာ မထိတွေ့တာကြာပြီဖြစ်သော သဘာဝတရားကြီး၏အလှတရားကိုကြည့်ရှု့နေသော မိုင်းမျက်နှာလေးသည် ခုတော့လန်းဆန်းမှုလေးတစ်ခုဖြတ်ပြေးနေသည်။
မိုင်းရဲ့အနောက်က မေမေကလည်း ဝှီးချဲလ်လက်ကိုင်ကိုကိုင်ထိန်းထားရင်း နှစ်ပေါင်းသက်တမ်းတစ်ခုခုတွင် ပျောက်ကွယ်သွားရတော့မည့် အလှတရားတွေကို တဝကြီးကြည့်နေသည်။

"မေမေ "

"ဘာလဲ ..သားလေး"

"ဓာတ်ပုံရိုက်ချင်လို့ မရိုမသေလေးသားရဲ့ကျောပိုးအိတ်ထဲက ဖုန်းလေးယူပေးပါ့လား "

"မေမေနဲ့သားလည်း တူတူရိုက်မယ်နော် တစ်ပုံ
လောက် "

လက်ညှိုးတစ်ချောင်းထောင်ကာ ဒေါ်စံပယ်တင့်
တောင်းဆိုတော့ မိုင်းအပြုံးလေးနဲ့ ခေါင်းငြိမ့်လိုက်
မိသည်။

"ဒါမှ မေ့သားလေးကွ! ဟုတ်ပြီ မင်းသားလေး
ခဏစောင့်ပါ မင်းသားလေးနဲ့ဓာတ်ပုံရိုက်ရဖို့ဆိုတာ
မလွယ်ဘူး"

ဒေါ်စံပယ်တင့်ပြောသလို မိုင်းသည် ကိုယ့်ပုံကို
မရိုက်တာ အတော်ကြာပြီ ၊တကယ်တမ်းက Loserတစ်ယောက်လိုဖြစ်နေတဲ့မိမိပုံကို မှတ်
တမ်းမတင်ထားချင် ။ခုတောင် ရှုခင်းလေးက အရမ်း
လှလို့ screenထက်သိမ်းထားချင်၍သာဖြစ်သည်။

ခဏကြာ မေမေယူလာပေးသော မိုင်းရဲ့ IOSဖုန်းလေးနှင့် မှိုင်းညို့ညို့တောင်တန်းကြီးနဲ့ ကျူ မြတ်နွယ်ပင်များ၏ အလှကို တချပ်ချပ်ရိုက်ယူနေသည်။

"လာလေ မေမေ သားနဲ့ရိုက်မယ်ဆို"

"အော်အေး ...ခဏခဏ "

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now