အခန်း၂၂(unicode)

4K 377 1
                                    

ဒီမိုနဲ့ မိုင်းတစ်ယောက်ပေါ်တစ်ယောက်ချစ်မြတ်နိုးခြင်းအကြောင်းတရားကို ဖွင့်ဟဝန်ခံပြီးသည့် မန္တလေးမြို့၏သာယာသော ညနေဆောင်းတစ်ခုသည် ခါတိုင်းနှင့်မတူ ထူးခြားလှသည်။
ထိုညနေစောင်းချိန်လေးမှာဘဲ မိုင်းအတူ ကြီးမြတ်သော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

အန်တီနဲ့ဦးလေးတို့ကို သူတို့ခုရောက်နေသောနေရာသို့ခေါ်ချင်လာချင်ပေမယ့်လည်း လူသားဆန်သည့်အတ္တတစ်ခုကိုယ်၌ကိန်းအောင်းသော် ... ကိုယ်ချစ်ရသူနဲ့သာထိုကြီးမြတ်မှုများ ကိန်းအောင်းရာ မဟာမြတ်မုနိဘုရားကြီးသို့ ရောက်လာခဲ့၏...။

ကားပါကင်၌ကားအပ်ပြီး...မဟာမြတ်မုနိဘုရားကြီး၏ မြောက်ဘက်မုဒ်မှစတင်ဝင်ရောက်ကာ မိုင်းကို ရွှေစင်ရွှေသားတို့အတိဖုံးသော ရုပ်ပွားတော်မြတ်ကြီးရှေ့မှောက်သွင်း၍ ဦးခိုက်စေသည်။ ညနေစောင်းလေးဖြစ်၍ လူပါးသွားသည်ကလည်း မိုင်းတွက်များစွာအဆင်ပြေစေ၏...။

ဘုရားရှစ်ခိုးခြင်းအမှု့ပြီးနောက် ရန်ကုန်သားလေးမိုင်းကိုမဟာမြတ်မုနိဘုရားကြီး၏...ခမ်းနားမှုများကို လိုက်လံပြသရသည်။ ဒါ့ပြင်မိုင်းစိတ်ဝင်စားမည်ဟုထင်ရသည့် ခမ်းနားမှုသမိုင်းကြောင်းများကိုလည်း ဒီမို ရေလည်အောင်ရှင်းပြချင်မိသေး၏...။
ဒါပေမယ့်လည်း သူ့ငယ်ဘဝရင်းနီးရာများသည်
စာအုပ်စာပေများထက် သံထည်များဖြင့်ပြုလုပ်ထားသော အလေးပင်ပစ္စည်းများသာဖြစ်နေတော့
ထိုမဟာမြတ်မုနိဘုရားကြီးသည် ရခိုင်ဘက်မှ
သယ်ဆောင်လာသည်ဟူသော အကြောင်းရာမှလွဲ၍
ကျန်တာ ဘာမှမရှင်းတက်..။မရှင်းပြတက်ဆိုတာတက် မသိတာ။ ဗဟုသုတ နည်းတာဆို ပိုမှန်လိမ့်မည်...။
ထို့ကြောင့် ရုပ်ပွားတော်ကြီး၏သမိုင်းကြောင်းကို
စိတ်ဝင်စားဖွယ် ပန်းချီလက်ရာများဖြင့်အသေးစိတ်ပုံဖော်ထားသော သမိုင်းကြောင်းပန်းချီပြတိုက်ထဲသို့သာခေါ်ဆောင်လာခဲ့သည်။ ပြတိုက်ရှေ့ရောက်
သူ့ကိုဝှီးချဲပေါ်မှ လည်ပြန်မော့ကြည့်လာသော
မိုင်းမျက်လုံးတွေက ဘာကိုဆိုမှန်းဒီမိုသိနေတက်ပြီ။

"အဟက်~မိုင်းရာ မင်းတောသားလား?
ဟိုမယ်မြင်လား ဝှီးချဲလ်သမားတွေတွက်တက်လို့ရတဲ့လမ်းရှိတယ်..."
၃၀ဒီဂရီလောက်စောင်းနေသောအင်္ဂတေဆင်ခြေလျောလမ်းငယ်ကို ညွှန်ပြလိုက်တော့ ငါသိပါတယ်
ဆိုသည့် သဘောနဲ့ ခပ်ချေချေအရှေ့ကိုပြန်လှည့်သွားသည့် မိုင်းခေါင်းလုံးလုံးလေးမှ ဆံပင်များကို
ပုံမပျက်ခပ်ဖွဖွပွတ်သပ်ကာ ကျီဆယ်လိုက်၏...။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now