အခန်း၈ 💖

9.9K 979 85
                                    

ဦးချိုက မင်း ငါ့သူငယ်ချင်းမာန်ကြီးတို့ အိမ်တက်ပွဲ
ပြီးမှ ဝါးရှော့ကို ပြန်လာတော့ဟု စေတနာနဲ့လားရွဲ့ပြောတာလား မသိသော ခွင့်ပြုမှုကြောင့် ဒီမိုမှာ သူ့အိမ်နှင့်အန်တီစံပယ်တို့အိမ် လူးလားခေါက်ပြန်ခြေဆန့်နေရသည်။ ရောက်တိုင်းလည်း ဂျီကောင်နဲ့ တစ်မျိုးမဟုတ်တစ်မျိုး ငြင်းခုန်ရန်ဖြစ်ကြရင်း ခုတော့သူငယ်ချင်းမကျ ရန်သူမကျ ကိုးလို့ကန်လန့်နိုင်တဲ့ဆက်ဆံရေးတစ်ခုရခဲ့၏ ။အန်တီနဲ့ဦးလေးတို့နဲ့ကျ ဘဝတစ်ခုက ရေစက်ကြောင့်လားတော့မသိ၊
တကယ့်ဆွေမျိုးရင်းချာလို ခင်တွယ်လို့နေပြီ ။
ဦလေးနဲ့အန်တီက သူ့ကို တစ်ခါတစ်ခါ သား လို့ပင်သုံးနှုန်းလာသေး၏ ။ဒီမိုကိုယ်တိုင်လည်း ထိုအခေါ်ဝေါ်လေးပေါ်မှာ ကျေနပ်မိသည် ။ ဘဝမှာ သူ့အပေါ်ထိုသို့  နူးညံ့ညင်သာသည့် အခေါ်ဝေါ်နဲ့မခေါ်ခံရတော့တာမေမေဆုံးပါးသွားကတည်းက....။

"သား ဘုန်းကြီးတွေ ပင့်တာအဆင်ပြေခဲ့လား"

"ဟုတ်ပြေတယ်ဗျ ...ကျောင်းထိုင်က ကုတ်ထိပ်ကျောင်းမှာ သီတင်းသုံးနေပေမယ့် စာဝါကိုယ်တော်ငါးပါးကြွပေးမယ်တဲ့ ...ဦးလေးပြန်လာရင် ကျွန်တော်နဲ့ဦးလေး ဓမ္မာရုံပေါ်က အိုးခွက်ပန်းကန်သွားငှါးပြီးရင်အကုန်အဆင်သင့်ဖြစ်ပြီ "

"အကုန်လုံးကအဆင်ပြေပြီ..အဆင်မပြေတာ မင်းညီ"

စိတ်ညစ်နေပုံပေါက်သည့် အန်တီ၏အပြောကြောင့်  နည်းနည်းထိန့်ပြာသွားရသည် ။

"မိုင်းဘာဖြစ်လို့လဲ "

"မိုင်းလေး ဖျားနေပြီလေ "

"ကျွန်တော်နဲ့သူ ရေချိုးတာကြာသွားလို့နေမှာ...။"

"အမလေး ဒီဂျီကောင်လေး ရေချိုးတာကြာတာတော့ဟိုမှာတည်းကပါ။ ရေချိုးကြာလို့တစ်ခါမှ မဖျားဘူးဖူး ...။ခုက သူခင်တွယ်ရတဲ့သူတစ်ယောက်ယောက် သူ့နားမရှိတော့မှာတွေးပြီး လွမ်းဖျား ဖျားနေတာ "

"ဗျာ? သူက ဘယ်သူနဲ့ခွဲရမှာမို့လဲ ...အန်တီလား၊
ဦးလေးလား "

"အဟက်~ အန်တီနဲ့လည်းမဟုတ်ဘူး၊
ဦးလေးနဲ့လည်း မဟုတ်ဘူး..မင်းနဲ့ဟေ့ မင်းနဲ့..။
ဂျီကောင်လေးက မင်းကိုဂျွတ်ဆပ်ဆပ်သာ ဆက်ဆံ
တာ တကယ်က သူမင်းကို ခင်နေပြီလေ...။
မင်းကလည်း အိမ်တက်ပြီးရင် မင်းဝါးရှော့မှာဘဲ
ပြန်နေတော့မှာဆိုတော့ "

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now