အခန်း၁၂ 🐾

9.1K 819 66
                                    

မိကျောင်းသားရေစစ်ဖြင့်ပြုလုပ်ထားသည့်
အမျိုးသားလက်ကိုင်အိတ်လေးထဲမှ ပန်းရောင်ကဒ်
လေးတစ်ကဒ်ကို ထုတ်ယူကြည့်၍ သူပြုံးလိုက်သည်။
ငွေဆိုတာသူ့အတွက်ဒုတိယဘုရားသခင်တောင်
မဟုတ်။ဘာသာမဲ့သူ့တွက်တော့ ငွေဟာအရာရာဖန်ဆင်းနိုင်တဲ့ ပထမဘုရားသခင်....။
ဖခင်ဦးရာမာန်ရဲ့ တိတ်တိတ်ပုန်းသားတစ်ယောက်
ဖြစ် ၂၅နှစ်ကျော်နေလာခဲ့သည့် သူ့နာမည်
အပြည့်စုံက Nike jay...ယခု...ပန်းရောင်
နိုင်ငံသားကဒ်ထဲမှသူ့နာမည်ကတော့...မဟော်သွေးတဲ့....။

စူးရှတဲ့မျက်ဝန်းနက်နက်တစ်စုံရယ်,၁၈၅cmရှိတဲ့ခန့်ညားသောအရပ်နှင့်ကျစ်လစ်သောခန္ဓာကိုယ်အချိုးစားတို့က အိန္ဒိယ-မြန်မာကပြား..ပါးဆီက ဆက်ခံတဲ့ တင့်တယ်ခြင်းအမွေများနှင့်အတူ မင်းတုန်းမင်းအနွယ်ဆက်သူ စော်ဘွားမြို့ရှင်တပင်တိုင်မင်းသမီးတစ်ပါး၏မြစ်တော်ဆက်ခဲ့သူ မိခင်နန်းထိပ်ကလျာ ဆီမှရသည့်ကြည်လင်သန့်ရှင်းသောအသားရည်၏လှပခြင်း တို့ကြောင့် Nike jay ဖြစ်တလဲ မဟော်သွေးဆိုတာမဒီကညာတွေရဲ့စိတ်ဝိဉာည်ကို သူ့အကြည့်တစ်ချက်နဲ့ ထိန်းချုပ်နိုင်တဲ့သူ....။

မိခင်ဖြစ်သူရဲ့ နန်းမူနန်းသွေးတစ်ဝက်ပါ၍လားမသိ
မြနန်းစံကျော်ရွှေနန်းတော်ကြီးထဲလှည့်ပတ်လေ့လာ
ပြီးသည်ကိုပင် ကျုံးတော်ကြီးအပြင်ဘက် မြင်ကွင်းကသူ့ကိုဆွဲဆောင်နေသေး၏...။
ထို့ကြောင့် မြန်မာပြည်ရဲ့အလယ်ဗဟိုချက်ဝန်း
အလှဒေသာနန်းမြို့ရိုးကြီးနဲ့...ကျုံးရေပြင်ကျယ်အလှကိုSony Alpha A7lll ထဲမှတ်တမ်းထားရန်
ရှု့ထောင့်မျိုးစုံက ချိန်ရွယ်နေသော မဟော်သွေးသည် ကျုံးကန်ဘောင်လျှောက်လှမ်းလေးကို မောင်ပိုင်းစီးထားသလိုဖြစ်နေသည်။

"အ့! အမေ့ ..သေပါပြီ..."

အသံကြားလို့လှည့်မိတော့....မဟော်သွေး စိတ်ပျက်သွား၏...။တည်ပင်အရိပ်အောက်တွင်ထားခဲ့သော  သူ့camera stanများနှင့် ကျောပိုးအိတ်ကိုဝင်တိုက်ကာ လဲနေသော ကောင်မလေးတစ်ယောက်...။
တော်တော် ရှပ်ပြာတာဘဲ...။
မဟော် ထိုကောင်မလေးကိုစိတ်ထဲကအပြစ်ဖို့ရင်း
သူ့ပစ္စည်းတွေဆီသို့ခြေလှမ်းလှမ်းကျဲကြီးများနှင့်
အရောက်သွားမိသည်။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now