အခန်း၄၁(unicode)

3.2K 257 1
                                    

အရှိန်ဟုန်ပြင်းစွာမောင်းနှင်နေသော Proboxကားလေးသည် အင်ဂျင်ပါဝါအရ အရင်ကစီးခဲ့သော RAV4လေးနဲ့စာရင် powerအားနည်းသည့်တွက် ထင်သလောက်ခရီးမပေါက်...။၈၄လမ်းမပေါ်ဘေးဘီညာ မျက်စိ့မလွတ်တမ်းကြည့်နေရသည့်တွက်လည်း ခရီးဖင့်စေသည်..။

"တောက်! မီးပွိုင့်ကမိသေးတယ်ကွာ..."

သူ့ရဲ့တစ်ကိုယ်တည်းကြားနိုင်ရုံလောက် ခပ်ကျိတ်ကျိတ်ရေရွက်မှုတွင် မျက်လုံးများက ဂနာမငြိမ် ဘေးဘီဝဲယာကိုလည်း ကျီးကန်းတောင်းမှောက်ကြည့်ရသေး၏...။

မီးစိမ်းရန်၅စက္ကန့်လောက်အလိုတွင်တော့ ဒီမို့ရဲ့ပရိုဘောက်ကားလေးဘေးတွင် သူ့ကားနဲ့modelတူကားလေးတစ်စီးလာရပ်သည်...။ သိလိုက်ပါပြီ ...ဘယ်သူ့ကားလဲဆိုတာ ...ဘတ်မှန်မှာကပ်ထားတဲ့ စတစ်ကာကြောင့် ဒီကားသည် မဟော့်ကားဖြစ်ကြောင်းသူကျိမ်းသေသိသည်...။

ထို့နောက် မီးစိမ်းသွားပြီဖြစ်၍ မများလှသောယဉ်တန်းများသည် မြင်းဇောင်းမှလွတ်လာသောမြင်းများလိုတဟုန်ထိုးအလိုရှိရာသို့ ပြေးနှင်းထွက်ခွာသွားကြသည်။

မီးပွိုင့်နှင့်ခပ်လှမ်းလှမ်းနေရာရောက်တွင် သူ့ကားနောက်မှ ဟွန်းသံအကျယ်ကြီးပေးကာ လိုက်လာသောကားကြောင့့်မဟော် စိတ်ပျက်သွားသည်..။ ပြတင်းမှခေါင်းပြူ ငဲ့ကြည့့်လိုက်တော့ ဒီမို့ကားဖြစ်နေ၍ အကြောင်းတစ်ခုခုများရှိမည်လားဟုစိုးရိမ်စိတ်ကြောင့် ကားကိုလမ်းဘေးသို့ဆွဲကာ ရပ်လိုက်ရသည်...။

ကားတံခါးတောင်ပြန်မပိတ်ရသေး သူ့ဆီသို့ ဒေါသတကြီးလှမ်းဝင်လာသောဒီမို့ကြောင့် သူ တင်္ဂကကြောင်အသွား၏...။

"ဒီ..ဒီမိုရ..ဘာဖြစ်.."

မဟော်စကားတောင်မဆုံးလိုက် ... သူ့အကျီၤကော်လားကိုလက်နှစ်ဖက်ဖြင့်ကျစ်ကျစ်ပါအောင်ဆွဲယူ၍ စူးရဲသောမျက်လုံးများဖြင့်ကြည့်နေသော ဒီမို့ကြောင့် မဟော်နားမလည်နိုင်အောင်ဖြစ်မိသည်...။ ဒီမိုဒေါသထွက်နေတာ မိမိကိုပါလားသိပေမယ့် ဘာအကြောင်းကြောင့်လဲဆိုတာတော့ လုံးဝမစဉ်းစားတက်...။

"ခင်ဗျား!ဘယ်သူလဲ.."

သွားကြားထဲမှ ကျိတ်ထွက်လာသောအသံများကြောင့်ဒီမို ဘယ်လောက်ဒေါသထွက်နေသည်ကိုသိလိုက်ရသည်...။ ဒီမို့အမေးတွင်လည်း သူ့ကိုယ်သူပြန်မေးမသည်က ... သူကဘယ်သူလဲ?

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now