UniExtra 2

2.9K 224 3
                                    

"အစ်ကိုရေ...ထတော့...အစ်ကိုလို့..."
သူမ၏ မနက်ခင်းနေ့တဒူဝလုပ်ငန်းတာဝန်များလုပ်ပြီးချိန်ထိ အိပ်လို့ကောင်းတုန်းဖြစ်နေသည့် ဂျေးအား ညင်သာစွာ လှုပ်နှိုးနေသော ဟေမာန်သည် ဤယောကျာ်းသားပေါ် ယနေ့ချိန်ထိ ညိုငြင်စိတ်ကွက်ခြင်းမရှိခဲ့...။

"အစ်ကိုနော်....နိုးနေတာ ညီမသိတယ်...မထဘူးပေါ့..ရတယ်လေ...ဟိုတလောက အစ်ကိုလိုချင်တဲ့ စကိတ်လေး..."

ဟေမာန့်စကားတောင်မဆုံးလိုက်..အိပ်ရာမှ ငေါက်ခနဲထ ထိုင်ပါတည့်..။

"ဝယ်ပေးမလို့လား..."

"ဆေးရုံကပြန်ရင် ဝယ်ပေးမယ်လေ..."

"ဟွန်းးးး.."
ဟေမာန်၏ ညှိနှိုင်းချက်ကြောင့် လေးပင်းစွာ သက်ပြင်းရှည်ကြီးအား မှုတ်လွှတ်နေသည်...။

"အားအားရှိ အဲ့ဆေးရုံလောက်ဘဲ သွားနေရတာ ...တစ်ခါတစ်လေလေး ကစားကွင်းလေးဘာလေး လိုက်ပို့မယ်မရှိကြဘူး...မတရားဘူး..."

"ဟော်! ပြောရချည်သေးရဲ့... မဟော်ဆီရောက်သွားရင် ... အစ်ကိုလုပ်ချင်တာတွေလုပ်ခဲ့ပြီးတော့...ခုမှလာပြီးဘာ မတရားဘူးလဲ...ဆေးရုံက ၁လမှ၂ခါဘဲသွားရတာ... အစ်ကိုကစားကွင်းကို မဟာလေးအကြောင်းပြပြပြီးသွားနေတာ...၁၀ခါမကတော့ဘူး...ညီမမသိဘူးများထင်နေလား..."

ဟေမာန်၏ဤအသွင်သည်...လင်ယောကျာ်းအားအပြစ်တင်နေသည့် အိမ်ထောင်ရှင်မလေးလိုလို...သူမ၏ကလေးငယ်ကို ဆူပူနေသည့် မိခင်တစ်ယောက်လိုလို...နှင့် နှစ်ကိုယ့်တစ်စိတ်အကမယ်လေးဖြစ်နေရသည်...။

"အွန်မာ...အဲ့တာ ငါသွားချင်လို့သွားတာမဟုတ်ဘူးနော်...သွေးက..ငါနဲ့မဟာလေးကို ခေါ်ပြီး...ဒိုင်းမွန်းက ငါ့သူငယ်ချင်းဖွင့်ထားတဲ့ ဆိုင်လေးမှာ စားချင်တာစားဆိုပြီး ...ပြစ်ထားတာ..သူကျငါ့သူငယ်ချင်းနဲ့ စကားထိုင်ပြောနေတာ အကြာကြီးဘဲ....၊ ဘာတွေပြောကြမှန်းလည်းမသိဘူး...အဲ့တော့ ငါနဲ့မဟာလေးလည်းပျင်းတာပေါ့...အဲ့တာနဲ့ ငါလည်း မဟာလေးကိုထိန်းရင် ကစားကွင်းထဲရောက်ရောက်သွားတာ...ဟီး.."

"ဟယ်..အစ်ကိုက သူငယ်ချင်းရနေပြီ...ပြောပါဦး..ဘယ်သူလေးလဲ..."

"အွန်း..သူနံမယ်က ပြည့်စုံလျှန်းတဲ့ ငါနဲ့ဒိုင်းမွန်းက ကစားပွဲမှာသိတာ...သိတာငါအရင်သိတာကို ခုကျ သွေးနဲ့ ပိုရင်းနှီးနေပြီ...အား....မကျေနပ်ဘူး...ဆေးရုံလည်း..ဒီနေ့မသွားတော့ဘူး...."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now