အခန်း၄၂(unicode)

3.2K 269 0
                                    

" မင်း...ခုန ဘာပြောတာလည်း ... ဒီမို မင်းရူးနေလား"

ကားစီယာတိုင်ပေါ် လက်ဖနောင့်နှင့် ခပ်ကြမ်းကြမ်းစောင့်ချကာ ဒေါသရိပ်တို့ လွမ်းမိုးနေသော မဟော်ကြောင့် ဒီမိုနည်းနည်းလန့်သွားသည်...။

"ဒီအလုပ်တွေနဲ့ ခင်ဗျားရင်းနှီးပြီးသားမို့လား..."

ဒီလောက်မကြိုက်ကြောင်းဒေါသထွက်ပြနေတာကို
အထွန့်တက်ချင်နေသော ဒီမို့ကြောင့် အတော်အူယားရသည်...။အူယားသည်ဆိုတာတက် မခံချိမခံသာဖြစ်နေခြင်းဖြစ်သည်....။ ဒီကောင်လေးကို သူဘယ်လိုနားဝင်အောင်ပြောရပါ့ ....။

"ငါ ထင်တယ် မင်းအဲ့ဒီလူယုတ်မာကောင် မင်းအဖေနဲ့တွေ့ပြီးကတည်းက တစ်ခုခုဖြစ်တော့မယ်ဆိုတာငါသိတယ် ... မင်းကို သူ့အလုပ်တွေထဲ ဆွဲသွင်းနေပြီဘဲ ဟုတ်တယ်မို့လား..."

ကိုမဟော့်စကားထဲက ကိုယ့်အဖေဖြစ်သူကိုရည်ညွှန်းလိုက်သော လူယုတ်မာဟူသောစကားကြောင့် စိတ်ထဲအနည်းငယ်ခုသွားရသည်...။
ကိုယ့်အပေါ်အရမ်း အရမ်းကောင်းတဲ့ ဖခင်ကြီးကိုလေ ..အဟက်~ ရယ်ရတယ်ကွာ ... ကိုယ့်အပေါ်များငယ်ငယ်တည်းက ဖူးဖူးမှုတ်ထားရင် ဘယ်လိုတောင်တွယ်တာမိခဲ့မလဲမသိဘူး... ဒီငမိုက်သားက..။

"အဟက်~ ကျွန်တော်ဘာလုပ်သင့်လဲ...မိုင်းတို့ရဲ့အိမ်ပေါင်ထားတဲ့စာချုပ်က အဖေ့လက်ထဲမှာ ...မိုင်းခွဲစိတ်ပြီး ပြန်လာရင် နေစရာ အသိုက်မြုံလေးပျောက်သွားမှာဆိုးတယ်ဗျာ...."

"မင်းမှာ အိမ်ရှိတယ်လေ ... "

"ဟာဗျာ...နှခေါင်းပေါက်လောက်အိမ်လေးကို "

"မိုင်းကပြောတာလား...."

"ဘာကိုလဲ..."

"မင်းရဲ့ ထရံကာအိမ်လေးမှာ မနေနိုင်ပါဘူးလို့..."

ကိုမဟော့်စကားကြောင့် ဒီမိုနည်းနည်းတော့တွေဝေသွားသည်...။ တဆက်တည်းမှာပင် အိမ်ငယ်လေးထဲမှ အန်တီနဲ့ဦးလေး...ပြီးတော့ သူနဲ့မိုင်းနဲ့ရယ်မောသံများကို အတွေးတို့နဲ့ပုံဖော်ကြည့်မိ၏...။
သို့ပေမယ့် နေတက်ရင်ကျေနပ်စရာကြီးပါဆိုတဲ့ ဒဿနကို လူဆိုတာပတ်ဝန်းကျင်နဲ့နေရတာဆိုသော ရှေးအဆိုကို ပေါင်းစပ်တွေးမိသော် ... ထိုပတ်ဝန်းကျင်ထဲမှာ မိုင်းပျော်နိုင်ပါ့မလား...။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now