အခန်း၁၇(unicode)

3.9K 385 2
                                    


"ဒီမို...airconပိတ်ပေးပါ့လား..ကလေးကနုနုလေး
ရှိသေးတာ ..."

"ဆောရီး ကိုမဟော် ကျွန်တော် ကလေးနဲ့ဆိုတာကို
မေ့သွားလို့ "

"မင်းကိုအားနာနာနဲ့ပြောရမှာဘဲ ကျေးဇူးတင်ကြောင်းကို"

မနှေးမမြန်အရှိန်တစ်ခုနဲ့မောင်းပေးနေပေမယ့် ကိုမဟော်ရဲ့လက်ထဲကအကောင်ပေါက်လေးအဆင်မှပြေပါ့မလားဆိုသည့်စိုးရိမ်စိတ်ကလည်းဝင်မိသေးသည်။

"ရပါတယ်ဗျာ...ဒီအရှိန်နဲ့အဆင်ပြေလား..."

"ဟားဟား...ဒီကောင်ပေါက်လေးကို မင်းကအထင်
သေးတာပေါ့ တာချီလိတ်ကနေဒီထိတောင် ခြေဆန့်လာတဲ့ကောင်ပေါက်လေးကွ.."

ရယ်မောစွာ ပြန်စနောက်နေပေမယ့် ကိုမဟော်ရဲ့လေးပင်နေသောစိတ်များကို ဒီမိုအတိုင်းသားမြင်နေရသည်။ ဖြစ်ကြောင်းကုန်စင်ကို အကုန်မသိပေမယ့် ရုတ်တရက်ဇနီးသည်ဆုံးပါးသွားမှုကြောင့် ကလေးတစ်ယောက်နှင့် ကျန်ခဲ့သောကိုမဟော်ကို ဒီမို သနားစိတ်ဝင်မိသည်။ ဒါ့ပြင့်ထဲထဲဝင်ဝင် ဘာမှ ပိုပြီးမစပ်စုဖြစ်တော့ ။
ကိုယ်ကူညီပေးမယ်ဟုပြောခဲ့သော စကားကိုတာဝန်ယူနိုင်ရန်..အန်တီနဲ့ဦးလေးတို့ကို ဘယ်လိုပြောပေးရမလဲဆိုသည့် စကားစဉ်တို့ကိုသာ မနည်းဖျစ်ညှစ်စဉ်းစားနေရသည်။

"ဒီမို... မင်းငါကို အကူညီတောင်းပေးဆိုတဲ့ အန်တီ
က ဟိုဘယ်လိုပြောရမလဲကွာ ... "

"ဘာကိုလဲ ကိုမဟော်"

"ဟို စိတ်သဘောထား ပြည့်ဝရဲ့လား"

"ဟားဟား...ကိုမဟော် အဲ့တွက် ဘာမှစိတ်မပူနဲ့..
ကျွန်တော်လို သွေးမတော်သားမစပ်လူတစ်ယောက်ကိုသူ့တို့တစ်ခါကူညီဖူးတာလေးနဲ့ ညအိပ်ညနေ
သူ့သားနဲ့တစ်ခန်းထဲ နေစေတာကိုသာကြည့်တော့...အဲ တစ်ခုဘဲ..ဂျီကောင်..."

"ဂျီကောင်?မင်းဟိုတစ်ခါ ပြောတဲ့ကောင်လေးလား"

နှုတ်ယဉ်ပါးစွာထွက်ပေါ်လာသော အမည်နာမတစ်ခုသည် တစ်ပါးသူကိုပါမစိမ်းသတ်စေခဲ့ ။ထိုမျှထိ မိုင်းဟာ သူ့အပေါ်စိုးမိုးမှုအားကြီးစေသည်။

"ဟုတ်တယ် ဟုတ်တယ်..ဒါပေမယ့် သူ့ပုံစံက ကလေးချစ်တက်မဲ့ပုံပါ သိပ်လည်းစိတ်မပူနဲ့..."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now