အခန်း၄၅(unicode)

3.4K 281 2
                                    

"ဒါကို အန်တီတို့ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်...နေပါဗျာ...မျက်နှာပျက်စရာတွေဖြစ်ကုန်မယ် ..."

သိန်း၃ရာတန် ချက်လက်မှတ်ဟု ကိုမဟော်ပြောတဲ့ စာရွက်လေးကို ကြည့်ပြီး ဒီမိုစိတ်ထဲဝမ်းနည်းဝမ်းသာဖြစ်နေပေမယ့် ဒီငွေများသည် ဘယ်လိုလုပ်ငန်းကရခဲ့လည်းဆိုတာ သိနေသဖြင့် စိတ်မလုံ...။

"အဟက်~ မင်းထင်နေတယ်မို့လား....ဒီငွေတွေက မသန့်စင်ဖူးလို့... အဲ့ဒါဆိုရင် မင်းအတွေးတွေ ဒိတ်အောက်နေပြီ ဒီမို... ငါတို့လို တရားမဝင်မှောင်ခိုသမားတွေမှာ ငွေမည်းတွေဘဲ ရှိတယ်မထင်နဲ့ ...သန့်စင်တဲ့ငွေဆိုတာလည်းရှိသေးတယ်ဟ့...။ခုမင်းကိုပေးတဲ့ ပိုက်ဆံတွေက ငါ့အမေရဲ့ ဘိုးဘွားအမွေတွေထဲက ရောင်းချပြီး ရတဲ့ပိုက်ဆံကွ..."

ဒီမို ဘာပြန်ပြောရမှန်းမသိဖြစ်နေသည် ...။
ခုသူ့မျက်စိရှေ့မြင်နေရတဲ့ ညီကိုနှစ်ယောက်သည် စိတ်ကို အမျိုးမျိုးထွေပြားအောင်လုပ်နေ၏...။

" ဘယ်လောက်ဘဲ သမာအာဇီ၀ ကျတဲ့အလုပ်ဘဲပြောပါစေ အနည်းနဲ့အများ အကုသိုလ်မကင်းပါဘူး...ဒါပေမယ့် ငါတို့လုပ်နေတာတွေက မင်းထင်သလို အရမ်းကြီး ရက်စက်တဲ့အလုပ်တွေမဟုတ်ပါဘူး... ပြောမယ်ဆိုကွာ ပြည့်တန်ဆာလုပ်ငန်း ...အဟက်နည်းနည်း နာမည်ဆိုးတယ်ဟုတ် .. ။ဒါပေမယ့်အကောင်းဘက်ကတွေးကြည့် သူတို့လိုအပျော်မယ်တွေ မရှိရင် တရိပ်ရိပ်တက်လာမဲ့ မဒိန်းမှုတွေ ရိုက်သတ်လို့တောင်ကုန်မှာမဟုတ်ဘူး ။မြတ်စွာဘုရားဟောခဲ့တယ်မို့လား ဘယ်ရာမှ အဆိုးကြီးဘဲမဟုတ်သလို အကောင်းကြီးဘဲလည်းမဟုတ်ဘူး... ငါ ဒါတွေပြောနေတာ မင်းကိုစိတ်သန့်စေချင်လို့ ...နောက်ပြီး မင်းအဖေဆိုတဲ့သူက... ငါတို့နဲ့အရင်တူတူလက်တွဲလုပ်တဲ့ ငါ့ပါးရဲ့ လက်သက်မွေးတပည့်ဆိုတာမင်းသိလား ... ဒီအကြောင်းတွေထက် မင်းကိုသိစေချင်တာ မင်းနဲ့အဆက်သွယ်လုံးဝမရှိတဲ့ မင်းအဖေရဲ့ တစ်ချိန်က လုပ်ရက်တွေကြောင်း ... ဟားဟား...မင်းငါ့နေရာမှာဆို ရူးခါသွားလောက်မယ် ကောင်လေး...."

________________________________

"ခုငါသွားမှာ အပျော်ပါးတွက်မဟုတ်ဘူးဆိုတာ မင်းကိုငါဘယ်နှခါပြောရမလဲ မိနန်း! မင်းငါ့ဒေါသကိုလာမဆွနဲ့နော် ...."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Unde poveștirile trăiesc. Descoperă acum