အခန်း၃၄(unicode)

3.4K 270 0
                                    

အတွေးကိုယ်ဆီနဲ့ တိတ်ဆိတ်နေသောဧည့်ခန်းထဲရှိလူများသည် သူ့ရဲ့နွေးထွေးစေသောအသိုက်မြုံလေးတစ်ခုဖြစ်သည်...။

ထိုအသိုက်မြုံလေးရှိမိသားစုများ၏ စိတ်ဓာတ်နှင့် သည်းခံခွင့်လွှတ်မှု့အတိုင်းတာသည် ကြီးမားလှ၏...။

ဘယ်လိုမြင့်မြတ်တဲ့ စိတ်ထားနဲ့လဲဗျာ...ကိုယ့်သားတစ်ယောက်လုံးရဲ့ ဘဝတစ်ပိုင်းကိုဆုံးစေခဲ့တဲ့ လူတစ်ယောက်ကို ခွင့်လွှတ်ပေးနိုင်သည်တဲ့....။
မိုင်းကရော...မိဘတွေကြောင့် အဲ့ဒီလူကိုခွင့်လွှတ်ပေးခဲ့တာနေမှာပါ...မိုင်းကိုယ်တိုင်ကတော့ ဘယ်ခွင့်လွှတ်နိုင်မလဲ...။အတွေးများနဲ့စကားဝိုင်းထဲဝင်ပါခွင့်မသင့်တဲ့ဒီမိုလုပ်မိနေသည်ကစကားဝိုင်းနဲ့သက်ဆိုင်သူများရဲ့ ခံစားချက်များကိုနားလည်လက်ခံပေးဖို့သာရှိသည်...။
မျက်အိမ်များရဲထွက်နေတဲ့ ကိုမဟော်လည်း မိုင်းတို့
မိသားစုအပေါ်တကယ်စိတ်မကောင်းခြင်းများစွာဖြင့်တောင်းပန်ခြင်းသာအကြိမ်ကြိမ်ဆိုသည်။

"အန်တီနဲ့မိုင်းလေးကိုကျွန်တော် တကယ်တောင်းပန်ပါတယ်ဗျာနော်...ကျွန်တော်နဲ့မဟာလေးကို အရင်လို အန်တီတို့ရဲ့စောင့်ရှောက်မှုအောက်လေးမှာဘဲရှိချင်သေးတယ်...မိုင်းကိုလည်း ကိုယ်တကယ်တောင်းပန်ပါတယ်...မိုင်းတစ်ခုခုတော့ ပြန်ပြောပါနော်..."

မဟာလေးကိုထွေးပွေးထားသောအန်တီရဲ့အပြုံးအေးအေးဖြင့်ခေါင်းငြိမ့်ပြမှုကို ထပ်လောင်းအတည်ပြုဖို့မိုင်းဘက်ကိုလှည့်၍တောင်းပန်ခယမှုနဲ့အတူ ခွင့်လွှတ်မှု့တစ်စုံတစ်ရာအား သူ့အစ်ကိုဖြစ်သူအစားတောင်းခံပေးနေသော ကိုမဟော်ကို မိုင်းမည်သို့တုံ့ပြန်မည်နည်း။ အားလုံးထဲမှာမှ မိုင်းရဲ့တုံ့ပြန်မှုခံစားချက်တစ်ခုကို ဒီမိုအမှန်တိုင်းသိချင်လှသည်...။ သိခဲ့ရသောအကြောင်းရာများကြောင့် ... မိုင်း ကိုမဟော်တို့သားဖကိုနားကျဉ်းနေပြီလား...။ရတယ် ။သူပါ မိုင်းရဲ့နာကျဉ်းမှု့ကိုအဖော်ပြုပေးမယ်...ဒါပေမယ့် သူ့ရဲ့ကလေးဆန်ဆန်ရယ်ဆရာကောင်းသောအတွေးတို့သည်......
"ပြီးခဲ့သွားပြီလေ....ဘာလုပ်လို့ရဦးမှာလဲ..သတိရလာပြီဆိုတဲ့ အစ်ကို့တွက်လည်း ကျွန်တော် တကယ်ဝမ်းသာပါတယ်..."တဲ့ ဒီမိုရှော့ရသွားစေခဲ့သည်...။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now