အခန်း၃၁(unicode)

3.2K 262 0
                                    

ကလေးတသိုက်စာအံသံများကြား ကြိမ်လုံးလေးကိုင်ကာ စာချပေးနေသော မေမေသည် ဇရာအရ အနည်းငယ် ရုပ်ကျသွားသည်မှလွဲ၍ အပြုံးတို့နှင့်အေးချမ်းမှု့သည် ဆယ်ကျော်သက်ရွယ်မိန်းမပျိုလေးကဲ့သို့ပင်...။
လက်ထဲတွင်သာ ကြိမ်လုံးလေးကို ကိုင်ထားတာ...။
ထိုကြိမ်လုံးဖြင့် ဘယ်ကလေးမှ ရိုက်နှက်မဆုံးမတက်...။အပြောအေးအေးဖြင့် ဆုံးမတက်သော မေမေကိုကလေးတွေအားလုံးက ချစ်ခင်ကြသည်။

ညနေ၄နာရီဆိုလျှင် အလျိုလျိုရောက်လာသော
ကလေး အယောက်နှစ်ဆယ်ကျော်တို့ဖြင့် အတန်ငယ်ကျယ်သော မိုင်းတို့အိမ်လေးသည် တစ်ခါတစ်ရံခြေချစရာတောင်မရှိ..။ခြေချစရာဆိုတာ စကားအဖြစ်ပြောရခြင်းပါ..။တကယ်က မိုင်း ဝှီးချဲလ်လေးလှိမ့်သွားနိုင်ဖို့ နေရာမရှိခြင်းကိုပြောချင်တာပါ...။

ဒီရက်ပိုင်း အားရစရာကောင်းအောင် မိုင်းရဲ့
အကြောသေများသည် တစ်ချက်တစ်ချက် ခုန်လှုပ်
လာသည်ကို ခံစားရသည်။ ထိုသို့အကြောသေများမှ
အကြောလေးတစ်မျှင်ခုန်လှုပ်လာတာလေးတောင်ယသူမျက်ရည်ကျမတက်ဝမ်းသာရပါသည်။
စိတ်ကူးထဲမှာ အကြိမ်ကြိမ်မျှော်လင့်ခဲ့သော အများသူငှါလိုလှုပ်ရှားနိုင်တော့မည့် ခြေထောက်လေးတစ်စုံသာတကယ့်လက်တွေ့မှာ ပြန်ရခဲ့ပါလျှင်......
အတွေးတို့နှင့်တောင် အတိုင်းဆမဲ့ကြည့်နူးရ၏....။

မိုင်းသိနေသည်...။ ခွဲစိတ်ဖို့ အဆင်ပြေနိုင်
သည့် အခြေနေတစ်ခုသာရောက်ခဲ့လျှင် ကုန်ကျမည့်
ခွဲစိတ်စရိတ်သည် သိန်းဂဏန်းဆယ်ချီလောက်ကုန်
ကျနိုင်သည်ကို...။ ဒီငွေပမဏ ဘယ်ကရနိုင်မည်နည်း။ဖေကြီးအလုပ်က လစာတွေနဲ့လား..၊မေ့ရဲ့ကျူ ရှင်ပြရာက ရတဲ့ငွေအနည်းကျင်းလေးကိုဆုပြီးတော့လား...။မဖြစ်နိုင်ပါ...။ခုချိန်ထိ ကိုယ့်လုပ်အားနဲ့မိဘစားဖို့ကိတ်မုန့်လေးတစ်ဘူးဝယ်ကန်တော့နိုင်မည့်
အခွင့်အရေးမပေးခဲ့လျင်တောင် ကိုယ့်တွက်မိဘကို
ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့တော့ ကံကြမ္မာကသူ့ကိုမျက်နှာသာပေးသင့်ပါသည်။
ဒါပေမယ့် အဲ့ဒီအစား ကံကြမ္မာက သူ့ချစ်ရသူ
နဲ့အလဲထပ်လုပ်ပါသော်....မိုင်းသည် မိုက်မဲစွာသူ့ကိုရွေးချယ်မိဦးမည်ထင်.....။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now