အခန်း၄၄

6.1K 594 40
                                    

အခန်းလေးထဲမှ ထွက်လာသောမိုင်းကို ဂျေးသည် ထိုင်နေရာမှထကာ အူယားဖားယားပြေးသွား၍ မိုင်းဝှီးချဲလ်လေးကိုဇွတ်တင်းဝင်တွန်းကာ သူထိုင်နေသော ထိုင်ခုံဘေးသို့နေရာချသည် ... ။ နောက်မှ ပြုံးစစနှင့်လိုက်လာသော ဒီမိုသည်လည်း ဂျေးလုပ်ရက်ကို မကြည်ပေမဲ့ မိုင်းရဲ့ ညာဘက်ဘေးကပ်လျက်ခုံသို့ဝင်ထိုင်လိုက်၏...။

"ဟယ် ... သား မင်းနှဖူးက ဘာဖြစ်တာလဲ ခုနဝင်သွားတုန်းက အကောင်းပါ ..မဟုတ်မှ ..မိုင်း ..."

ဒီမိုနဲ့မျက်နှာချင်းဆိုင်တွင်ရှိနေသော အန်တီက ဒီမိုရဲ့ထူးခြားဖြစ်စဉ်ကို မြင်မြင်ချင်းသိ၏ ...။

"ဟီး...ဒီလောက်က ကျွန်တော်တွက် ဘာမှမဖြစ်ပါဘူး ... သူဆေးလိမ်းပေးထားသေးတယ်..."

"အော် သားတို့ရယ် ဖြစ်ရမယ် ... မိုင်း_"
မိခင်နဲ့ ဒီမိုအပြန်လှန်စကားပြောနေသည်ကို မျက်မှောင်ကုတ်ကြီးနဲ့ ကြည့်သည့် မိုင်းသည် ဒေါ်စံပယ်နဲ့အကြည့်ချင်းစုံသွားချိန် ခုနမျက်နှာလေးနှင့် ဆန့်ကျင်စွာ အပြစ်လုပ်ထားပြီး ဆူခံထိတော့မည့်ကလေးငယ်လို ချက်ခြင်းမျက်နှာလေးညှိုးကျသွား၏ ...။ ဒါကိုဘေးမှ မိုင်းဖြစ်အင်ကို ခရေစေ့တွင်းကျ လိုက်ကြည့်နေသော ဂျေးမှသိသည် .... ။

" ဟွန်း အနာလေးက သေးသေးကို ... ငါဆို ငါ့ခေါင်းကြီးတစ်ခုလုံးကြေသွားပြီလားမှတ်ရအောင် ခံခဲ့ရတာ ဘယ်နှမှ မနေဘူး ... ခုကြည့် ဒေါင်ဒေါင်မြည်ဘဲ ဟားဟားး...အန်တီ ဘာမှစိတ်ပူနေနဲ့ ဆားသိမ့်ပေးလိုက်ရင် ခဏပျောက်မှာ သိလား..."
အရူး ဟုသာဒီမို နှုတ်မှ တိုးညှင်းစွာ ဆဲရေးလိုက်မိသည်။

စကားဝိုင်းထဲ မဆီမဆိုင် ဝင်ပါလာသော ကိုမဟော်ရဲ့ အစ်ကိုသည် ဘယ်ချိန်တည်းက ဒီမိုကို နှိမ့်ကွပ်ဖို့ချောင်းနေသည်မသိ ... ။ အဲ့လိုဘဲ မိုင်းနဲ့ကိုယ်ကွာတာ မိုင်းကတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုတောင်းကို တစ်ရွေးသားမလျော့ပြည့်ခဲ့ပေမယ့် သူကတော့ မျက်နှာမြင် ဆောင့်ကန်ခံရပါစေဆိုတဲ့ ဆုကို ဘယ်သူကများ ကျိန်စာတိုက်ခဲ့သည်မသိ ....။

" ဒီက ငါ့တူတို့ကဘဲ ဘ့တွမ်တို့ရဲ့ မောင်ဂျေးကို နားလည်ပေးကြပါကွယ် ..."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now