အခန်း၅၀

6.8K 546 62
                                    

လေဆိပ်ထဲတွင် အထုပ်အပိုးတသီကြီးနဲ့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ ခုမှ တကယ်ကြီး တောသားမြို့ရောက်ဖြစ်နေရသော အဖြစ်ကို ကိုယ်သာသိသည်..။ဖုန်းနဲ့ဆက်သွယ်ဖို့ရာတွင်လည်း MPT ဖုန်းsim cardက အလုပ်မလုပ်မှန်းသိနေ၍ ... သက်ပြင်းကြီးငယ် တို့သာ အတွင်တွင်ချရင်း...ဘေးနားက ခြေသံရှပ်ရှပ်ကြားတိုင်း ဦးလေးများလားလို့ လည်ပြန်လှည့်ရသည်မှာအမော...။ မိုင်းနဲ့ ဆက်သွယ်ရန် wifi setting ထဲသို့သွားတော့ ကံကောင်းစွာ wifi free zone ထဲရှိနေ၍ line on လိုက်သော်လည်း ကံဆိုးချင်တော့ မောင်မိုင်း၏ chatbox notiတွင် 2hour ago နဲ့တိုးနေသည်...။ စိတ်မရှည်စွာ ကျစ်စုတ်သတ်လိုက်ရင်း ပြန်ထွက်မယ်အလုပ် မိုင်းထံမှ ဝင်လာသော incoming vd callကြောင့် အပျော်လွန်ကာ ထိုင်နေရာမှ ကသောင်းကမြောင်းထခုန်သည်ထိ ...။ အပျော်လုံးစို့ကာ သူ့ဘေးမှာ ထိုင်နေသော မုတ်ဆွတ်ဖြူထွားနိုင်ငံခြားသားကြီးကိုပင် ဝင်လာသော vdcallလေးကို ထိုးပြတော့ ထိုနိုင်ငံခြားသားကြီးမှာ လက်မထောင်၍ တဂွတ်ဂွတ်(good)လုပ်ပြနေသည်...။
ထိုနိုင်ငံခြားသားကြီးနှင့် ကံဆက်ပုံမှာ လေယဉ်ပေါ်မှာတည်းက ဘေးချင်းကပ်ထိုင်ရရုံမက ...ယခုပင် အကြိုတော်မလာသေး၍ လေဆိပ်၌ သောင်တင်နေသည်မှာလည်း အပိုထပ်ဆောင်း၃နာရီပင်ကြာခဲ့ပြီ...။
အချိန်မနှောင်းခင် ခပ်သွပ်သွပ်ခလုပ်စိမ်းလေးနှိပ်လိုက်တော့ screenထက် ပြူးတူးပြဲတဲနေရာယူလာတဲ့ မျက်နှာလေးတစ်ခု...။

"မိုင်း... ဦးလေးကိုလာကြိုဖို့သေချာပြောထားပါတယ်နော်...ငါလေယဉ်ပေါ်က ဆင်းတာ၃နာရီကျော်ပြီ ခုထိ ဦးလေးရောက်မလာသေးဘူး..."

"အေး..မင်းကိုကြိုဖို့ခုထွက်သွားပြီ...ဒီနေ့က မထင်မှတ်ဘဲ ဘယ်ဘတ်ခြေထောက်ကို အသေးစားခွဲစိတ်မှုနည်းနည်းထပ်လုပ်ရသေးလို့ ... အဲ့တာဖေကြီးက ငါခွဲခန်းထဲက ထွက်လာပြီးစိတ်ချရမှ မင်းကြိုဖို့ထွက်သွားတာ..နောက်၁၅မိနစ်လောက်နေရင်ရောက်လိမ့်မယ် ဘယ်မှလျောက်သွားမနေနဲ့ ကြားလား..."

"Who is he?.."

မိုင်းရဲ့ ချစ်စရာပြူးပြဲပြဲမျက်နှာလေးကို လက်ညှိုးကာ တစ်ခုခုပြောနေသော ဘေးကနိုင်ငံခြားသားကြီးကို အူလည်လည်တစ်ချက်ပြန်ကြည့်၍ ပြုံးပြလိုက်သည်...။ သူဘာမေးသည်လဲ နားလည်ပေမယ့် ကိုယ်ပြန်ဖြေလိုက်ရင် မိုင်းကြိုက်ပါ့မလားတွေးနေဆဲမှာပင် ဖုန်းထဲမှ ခပ်ဆူးဆူးအသံလေးတစ်သံထွက်လာသည်..။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now