အခန်း၄၉(unicode)

3.4K 236 3
                                    

ချည်နှင့်ပိုးသားရောသည့် ပိုးသားပြောင်ချော လုံချည်ချောနဲ့ မနေတက်မထိုင်တက်ဖြစ်နေသော ကိုဂျေးနားမှာ ဒီမိုဟာ တစ်ဖဝါးမှ ခွာခွင့်မရှိ...။ ခါးပတ် ပတ်ထားပေမယ့် ဘယ်ချိန်ကျွတ်ကျမလဲမသိသည့် ထောင်ရှည်ကြောင့် သူ့မှာ ဟေမန့်အစား ရင်တမမ .... ။ အကျဉ်းရုံးမင်္ဂလာဆွမ်းကျွေးဧည့်ခံပွဲလေးပေမယ့် အတော်အသင့်တော့ပွဲစည်သည်...။ ပွဲလာ ဧည့်ပရိတ်သတ်များသည်လည်း ဂုဏ်ပြုချီးမြှင့်ရန်ထက် ကလေးတစ်ယောက်အဖေမုဆိုးဖိုနှင့် လက်ထပ်လိုက်သော ဟေမန့်ကို သနားဂရုနာသတ်ဖို့သာသာပါ...။ ဒါပေမယ့် သူတို့ကြည့်နေကြ  ကုလားကားတွေထဲကမင်းသားရှုံးအောင်ချောမောလွန်းတဲ့ သတို့သား၏ ရုပ်ရည်ကြောင့်လည်း ...သတို့သမီးနှင့်ရွယ်တူသူငယ်မများသည် ... ဟေမန့်အား အားကျမျက်လုံးဖိတ်ဖိတ်တောက်များနှင့် ရှု့နေကြ၏...။ သူတို့လည်းဟေမန့်လို ကံကောင်းနိုင်သည့် အခွင့်ရေးသည် ... လည်ကတုံးအဖြူနှင့် နတ်ပြာရောင် ပုဆိုးကိုသိုက်မြိုက်စွာဝတ်ဆင်ထားသော မဟော်ကြောင့် တရိတ်ရိတ်တက်လျက်ရှိသည်...။ အထာပေးသူကပေး...၊ မလိုအပ်ဘဲ မဟော်နားယောင်ခြောက်ဆယ် လျောက်ပြန်ကြွေးနေကြသော အပျိုလေးများတစ်ဖုံနှင့်... ဤမင်္ဂလာပွဲလေးသည် တစ်မျိုးစည်းကားလို့နေ၏....။

ဒီမို့ဘေးနားရှိ ကိုဂျေးသည်လည်း ဝမ်းသာပီတိဂွမ်းစည်ထိလျက် နောက်နာရီပိုင်းနေလျှင် ရရှိတော့မည့် ps4ဂိမ်းစက်ကြီးကို အတွေးတို့ဖြင့် ပုံဖော်ရင်း လာသမျှဧည့်သည် တစ်ယောက်မကျန် အစွမ်းကုန်ရယ်ပြခြင်းဖြင့် တာဝန်ကျေပွန်လွန်းနေသည်...။

"အစ်ကို အဲ့လောက်ကြီး ဖြီးမနေနဲ့လေ ... နည်းနည်းအိနြေ္ဒလေးထိန်းဦး... "
ထို့သို့ နားနားကပ်၍ ခပ်ကျိတ်ကျိတ်သတိပေးမှ ပိုဆိုးတော့သည်...။ ချက်ချင်းလက်ငင်းပင် ပြုံးဖြီးနေရာမှ မျက်ရည်ပေါက်ကြီးငယ်ကျတော့မယောင် အိုစာသွားသည့်မျက်နှာဘေးက ရိုက်သတ်ပစ်ချင်စရာ...။ ထိုအချင်းရာကိုသိသော ဟေမန့်သည်လည်း ... သူ့ကို ကြည့်ကာ ခပ်ကျိတ်ကျိတ်ဆဲရေးနေသလို...။ ဒါကြောင့်ပြောတာ ကြားနှစ်ကြားမဝင်ကောင်းဘူးဆိုတာ ....။
ဟေမန့်မျက်စောင်းကြောက်ရ၍ ...
"ဟဲဟဲ ...ရပြီ အစ်ကို ခုနလို ပြန်ရယ်ချင်ရယ်တော့"
ဟု တစ်ခါ သံပတ် ပြန်ပေးရသည်...။ တက်လည်းတက်နိုင်တဲ့ အစ်ကိုဂျေးရယ် ဟု စိတ်ထဲတမိတော့ သူ့ရဲ့ဆယ့်နှစ်နှမျိုးဂျင်းသုတ်လေး မြင့်မြတ်မိုင်းကို တွေ့ချင်သည့် စိတ်တို့ အားချင်းလှိမ့်တက်လာရင်း ခုနငိုတော့မယောင် ဖြစ်သွားသော ကိုဂျေးမျက်နှာ ရီရက်ရှင်ကြီးက ဒီမို့မျက်နှာ၌ ပုံတူပွားယူသကဲ့သို့....။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now