အခန်း၁၄(unicode)

4.2K 395 0
                                    

BMWထဲ မင်းမူလာသော သရက်သီးတစ်လုံးသည်..
ယခု မဟော့်လက်ထဲမှာတော့ လက်စတုံးစရပြီ...။
သူ့ရဲ့ အခွံခွာခြင်းလုပ်ငန်းစဉ်အောက် အတွင်းသား ထူထူအိအိများသည် အခွံဘဝသို့ရောက်သွား
ရသည်။ ၁၀မီနစ်လောက် အားသွန်ခွန်စိုက်ကြိုးစား
ပြီး...လက်ထဲရှိနေသည်က လ၏မျက်နှာပြင်ကဲ့သို့
အထွတ်အတက်တွေနဲ့ သရက်သီးတစ်လုံး...။
"ငါ ကွာ..."

ကိုယ်ရဲ့အစွမ်းစကို ကြည့်ပြီး ရယ်လည်းရယ်ချင်ပါရဲ့...။
နောက်ဆုံးတော့ လက်ထဲရှိနေတဲ့ လက်သီးတစ်ဆုတ်စာ သရက်သီးလေးတစ်လုံးကိုသာ ညစာအဖြစ်မြိန်ယှက်စွာ မှီဝဲလိုက်ရသည်။ ချိုမြိန်အိစက်သောပြည်ထွက် သရက်သီးတစ်လုံးရဲ့ အရသာကောင်းမွန်မှု့ကြောင့် လျှာ၏ အထိတွေ့ကို သူ မရောင့်ရဲနိုင်။ထို့ကြောင့် ဘေးကို မျက်လုံးအဝှေ့ရောက်မိစဉ် အခွံများထည့်ထားသော ပန်းကန်ငယ်လေးထဲမှဝါဝင်းဝင်း သရက်သားများကလည်း မဟော့်ကိုဖျားယောင်နေ၏....။
မိမိပိုင်တိုက်ခန်းတွင်းမှာဆိုသည့် အသိ့ကြောင့်လည်း ထိုပန်းကန်ထဲမှ သရက်သီးခွံတစ်ဖက်ကို
ဇတ်ခနဲ နှိုက်ယူလိုက်ပြီးအခွံ၌ကပ်ညိနေသော
သရက်သားများကိုသွားများနဲ့ ခြစ်ယူစားလိုက်သည်။
ဒီလိုစားသောက်မှုပုံစံမျိုး သူစစ်ဘေးရှောင်စခန်းမှ
ကလေးများထံမှ မြင်ဖူး၏....။
ဂျီးချောင်းအချောင်းနဲ့ကလေးတွေရဲ့ပုံရိပ်များ အစီရီပေါ်လာတော့ ... စားပွဲခုံပေါ်လက်ထောက်လျက်သား ခေါင်းငိုက်စိုက်ကျသွားသည်။
ပင့်သက်မော တစ်ချက်ကို ဖြေးညှင်းစွာလွှတ်ထုတ်၍နှုတ်ခမ်းနှစ်ဖက်နှင့် ဖိ့ကိုက်ထားသော သရက်သီးဖက်ကို ထုတ်ယူလိုက်သည်။ သူ့ရဲ့ငယ်စဉ်ကလေးဘဝဖြတ်သန်းမှုများသည် စစ်ဘေးရှောင်စခန်းများနှင့်မစိမ်းလှ ။ ဘဝအဆစ်ချိုးပြောင်းလဲဖို့ လုပ်ယူရသည်မှာ လွယ်ကူလှသည်တော့မဟုတ် ။

"ဟား..ဟား...ဟားး~"

သွားခြစ်ယူရာ အထင်းသားနှင့် သရက်သီးဖက်ကို
ကြည့်ပြီး အူလှိုက်သည်းလှိုက်ရယ်မောမိ၏...။

"ငါတော့ ရူးနေပြီထင်တယ် ..အစ်ကိုjay...ပြီးတော့..
တောင်း~ပန်~ပါ တယ် "

တိုးလျလျ တောင်းပန်စကားတစ်ခွန်းကို သက်ဆိုင်သူမကြားနိုင်ပေမယ့် မဟော်တစ်နေ့တစ်ခါတော့
အမြဲ ရေရွတ်ဖြစ်ခဲ့သည်။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Wo Geschichten leben. Entdecke jetzt