UniExtra 1

3.7K 226 6
                                    

လကုန်ခါနီးဖြစ်သောကြောင့် လပ်တော့မျက်နှာပြင်ရှိ အိတ်ဇဲကွက်များထဲ အာရုံစိုက်နေစဉ်...နားနေခန်းသဖွယ်ပြုလုပ်ထားသော ဆိုင်ခန်း၏ အတွင်းပိုင်းမှ ကလေးတစ်ယောက်၏ အာခေါင်ခြစ်အော်ငိုသံကြောင့် လုပ်လက်စများထားကာမဟော် အပြေးလွှားထသွားရသည်...။
ဆိုင်ကိုဦးစီးရသည်မှာ သူနဲ့ဟေမာန်ဖြစ်သော်လည်း ...ထည်ဝါလေးနေမကောင်းဖြစ်နေ၍ သူသာတစ်ယောက်တည်း ဦးစီနေရသည်...။
အလုပ်သမားကောင်လေးများသည်လည်း...မြို့တွင်းရှိ ဝါ့ရှော့များသို့ပတ်ကာ မှာယူထားသည့် ပစ္စည်းများလှည့်ပို့ရသည်သာဖြစ်၍ ရုံးထိုင်ဦးစီးသူမှာ သူတစ်ယောက်တည်းသာ...။ ဆိုင်၏ ခေါင်းရှုပ်စရာစရင်းအင်းများအပြင် အရှုပ်ထုပ်နှစ်ယောက်ကိုပါ မိဟေမာန်က အပိုထပ်ဆောင်းပေးလေတော့ ... သူမှာရူးမသွားတာပင် တော်သေးဆိုရမည်...။ ဒါပေမယ့်လည်း ..ဒီမို့ဆီမှမရခဲ့သည့်အချစ်တစ်ခု၏ကြားလပ်မှုကို သူတို့လေးတွေက ဖြည့်ပေးနေတာသိရတော့ အချစ်ပိုရပြန်....။

"ဟော်ဟော်ရေ.~ ဟော်ဟော်...အီးဟီး...ပါးပါးက တားရဲ့..တားရဲ.."
ငိုသံကြားလို့မှမဆုံးသေး...မျက်ရည်များအိုင်ထွန်းနေအောင် ငိုရှိုက်ထားသော မဟာလေးသည် အခန်းငယ်တွင်းမှပြေးထွက်လာကာ မဟော်အားတိုင်ကျွေးလေသည်...။ သို့သော် ရှိုက်ငင်နေသည့် မဟာလေးကြောင့် ဤကလေးဘာပြောချင်မှန်းသူမသိပေ...။ဒါပေမယ့်သူ၏ အစ်ကိုတော်ဖန်တီးလိုက်သည်ဟု တပ်အပ်သိ၏...။

"ဦးငယ်ကို သေချာပြော...ပါးပါးက မဟာလေးကို ဘာလုပ်လိုက်လို့လဲ..."

ကလေးငယ်ရှေ့ဒူးထောက်ထိုင်ချကာ သေချာချော့မော့မေးမှ မဟာလေးသည် ရှိုက်ငင်ခြင်းကို ထိန်း၍ဖြေလေသည်...။

"ပါးပါးက တား..ဟင့်..တားစက်ရုပ်ကြီး.ကြီး...လက်ကို ချိုးပစ်တာ...ဆက်..ဆက်လို့မရတော့ဘူး..."

"မင်းနော် အငယ်ဆိုပြီး..ပါးပါးကို ချောက်ချတာများပြီ..."

အောင်ငြားသောအသံတူနဲ့ထွက်လာသော ဂျေးသည် လက်ထဲတွင်လည်း ကျိုုးပဲ့နေသော စက်ရုပ်လေးကို ကိုင်လာသည်...။

"အစ်ကိုရာ ... မဟာလေးနဲ့ ဒီနေ့တစ်ရက်တော့ တည့်အောင်နေပေးပါဆိုတာကို..."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Opowieści tętniące życiem. Odkryj je teraz