Demine special 2

6.4K 486 20
                                    

"ဟုတ်​ကဲ့..ဆရာ...ဆရာ​ပြောတဲ့တိုင်းလုပ်​ခဲ့ပါတယ်​... ဒါ​ပေမယ့်​ ကျွန်​​တော်​ စိတ်​ပူတုန်းဘဲ​ဗျ.....
ဟုတ်​ကဲ့ ..ဟုတ်​ကဲ့..အဲ့တာဆိုပိုအဆင်​​ပြေတာ​ပေါ့...  လာခဲ့ပါ့မယ်​..."

တံခါးပိတ်​အခန်းထဲမှာ​တောင်​ ​အသံခပ်​အုပ်​အုပ်​နှင့်​ တစ်​စုံတစ်​​ယောက်​နဲ့ခိုးဝှက်​စွာ ဖုန်း​ပြော​နေ​သော ဦး​နေမန်​သည်​ ... တကယ့်​ကိုမရိုးသားတာအမှန်​...။ ဘာကိုမရိုးသားလည်းဆိုတာ​တော့ သူ​နဲ့ဖုန်း​ပြောတဲ့ ဆရာဆိုသူထံ​ရောက်​ရင်​ သိရလိမ့်​မည်​....။ကဲခု​တော့ ထမင်းစားခန်းထဲက သားမိသုံး​ယောက်​ဆီသွားရကြည့်​ရ​အောင်​....။

"မိုင်း...​ဖြေး​ဖြေးစား...အရမ်းစပ်​​နေလား...ကိုယ်​​မေ့​နေတာ ​ဖျော်​ရည်​၀ယ်​ခဲ့ဖို့..."

တူကိုလက်​ကမချ တရှုးရှုးတရှဲရှဲ မြည်​သံစွဲအလင်္ကာများဖြင့်​ မလာရှမ်း​ကော စား​နေပါ​သော မိုင်း၏ ဖြစ်​အင်​ကိုကြည့်​ပြီး ဒီမိုမှာ စိတ်​မသတ်​မသာရှိလှသည်​...။ အဲ..
ဒီမိုထက်​ စိတ်​မသတ်​မသာဖြစ်​​နေရသူလည်း...သူတို့နားမှာ ရှိ​သေးသည်​..။ထိုသူက ​ဒေါ်စံပယ်​ပင်​....။ တစ်​​ယောက်​ကလည်း အရမ်းစပ်​ရင်​ မစားပါနဲ့​တော့လို့ ​​တားလည်း​မရ...။ တစ်​​ယောက်​မှာလည်း...ကြက်​တူ​ရွှေးက​တော်​​တော်​ မယ်​​ဘော်​ကကဲကဲ ဖြစ်​​နေသည်​မို့... ဒီအရွယ်​​ရောက်​မှ သားဖြစ်​သူကိုပြန်​မနာလိုရတဲ့အဖြစ်​...။

"သားဒီ! မင်း..ဒီ​နေ့ည​နေစာ စာဦးမှာလား...အဲ့က​လေးသူဘာသာသူ စားတက်​တယ်​..."

"သူစပ်​​နေတာ..."

ဒေါ်စံပယ်​စိတ်​ကိုအရှည်​ဆုံးထားနိုင်​ရန်​ ခါးတစ်​ဖက်​​ထောက်​၍ သက်​ပြင်းရှည်​ကြီးကို ဟန်​လုပ်​မှုတ်​ထုတ်​လိုက်​သည်​...။

"ရတယ်​...ဒီမို...ကိုယ်​ဘာသာ စားစရာရှိတာစား...ရွှတ်​.."

စား​နေရင်း...စကား​ပြော​တော့ အပူစပ်​စားရင်​ဖြစ်​တက်​တဲ့ နှာရည်​တို့ကပါ အလုယက်​ထွက်​လာ၍ နှာ​ခေါင်းထဲသို့ပြန်​ရှုတ်​သွင်းလိုက်​ပုံက ဒီမိုအတွက်​ အူယားစရာ​ကောင်း​ပေမယ့်​ ​ဒေါ်စံပယ်​တွက်​​တော့ စိတ်​ပျက်​ဖွယ်​...။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now