အခန်း၄၃

6K 595 58
                                    

"မိုင်း...အွတ်~"

မိုင်းဝှီးချဲလ်လေးနောက်မှ အမောတကော လိုက်လာသောဒီမို့ကို အခန်းဝရောက်ရောက်ချင်း လက်ဦးမှု့ရယူကာ ခေါင်းအုံးကြီးဖြင့် ရင်ဝကိုလှမ်းပစ်ပေါက်သည်...။
ထို့ကြောင့် ဒီမို့လည်ချောင်းဝမှ အွတ်ဆိုသည့် မြည်သံကြီးထွက်ပေါ်လာခြင်းဖြစ်၏...။

"မိုင်း... "

ညင်သာစွာသူ့နာမည်လေးခေါ်လိုက်ပေမယ့် ပြန်ရလိုက်တာ စူးရှရှမျက်စောင်းနက်နက်လေးတစ်ခုပါ...။ဒါ့ပြင်"ငါမင်းကို စိတ်ကောက်နေတာမဟုတ်လို့ လာချော့ဖို့မကြိုးစားနဲ့..."ဟူဟောသူ့နှုတ်ထွက်စကားလေးတစ်ခွန်းနဲ့လည်း လူကိုအရူးလုပ်သေး၏...။

"အော် ..မင်းမကောက်ရင် ငါလည်းချော့စရာမလိုဘူးပေါ့ ... ဒါပေမယ့် ငါမင်းကိုချော့ချင်နေတာ ဘယ်လိုလုပ်ရမလဲ ...ငါကိုက ခခယယချော့ချင်နေမို့ မိုင်း... ... ကိုယ့်ကို နည်းနည်းလောက်စိတ်ဆိုးပေးနော်... ရတယ်မို့လား..."

သူ့စကားကိုကြားရသူတို့အဖို့ ထူးဆန်းချင်ထူးဆန်းနေလိမ့်မယ် ... ၊ ဒါပေမယ့် ဒီထူးဆန်းသည့် မိုင်းဆိုတဲ့ချစ်စရာကောင်လေးတစ်ယောက်၏ အကျင့်တွေကြောင့် ချော့နည်းပေါင်းစုံကို ပါရဂူဘွဲ့ထိတက်ယူထားတဲ့ ဒီမို့ဖို့ ဒါလုံးဝ နော်မယ် အခြေနေထက် နည်းနည်းပိုရုံဘဲရှိသေးတာ...။
ခုလည်း... သူစိတ်ဆိုးနေတာကို ခပ်ချေချေနဲ့ သူစိတ်မဆိုးကြောင်းပြော၍ တဖက်လှည့်နဲ့ ငါစိတ်ဆိုးနေတယ် ငါ့ကိုရအောင်ချော့ဟူ၍ သွယ်ဝိုက်နည်းနဲ့ အချက်ပြနေတဲ့ ထူးဆန်းတဲ့ ဂျီကောင်လေးကြောင်း  နည်းနည်းတော့သိလာကြပြီဟုတ်...၊ ဒါဇာတ်ပျိုးဘဲရှိသေးတာ...၊ ဇာတ်လတ် ...၊ ဇာတ်နှိုးတို့ရောက်ရင်လည်း...အခွင့်ရရင် ကျွန်တော်မျိုးကြီးရဲ့ ချောတေးသီချီ ဝီနည်းပေါင်းချုပ် များကိုချပြပါဦးမည်....။
ခုတော့ ဒီဇာတ်ပျိုးလေးဘဲ စောင့်ကြည့်ကြလော့ ... ။

"မိုင်း...ဒီရက်ပိုင်း ဖြစ်ခဲ့ကိစ္စတွေတွက် ကိုယ် မင်းကိုတောင်းပန်ပါတယ်...၊ ဒါပေမယ့် နာကျင်စရာ အဖြစ်ပျက်တွေကြားမှာ နှာခေါင်းသွေးထွက်ခဲ့ရသူတွေများလို့ ဘယ်သူ့ကို ဘယ်လိုစပြီးတောင်းပန်ရမှန်းမသိတော့ဘူး...အဲ့တာကြောင့် ငါတောင်းပန်ရမဲ့သူတွေကို တောင်းပန်သင့်တဲ့ ပမာဏအလိုက် ဂဏာန်းစဉ်စီကြည့်နေတာဟ ...မင်းသိလား အဲ့လိုစီလိုက်တော့ ငါတောင်းပန်သင့်ဆုံးလူက ...."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now