အခန်း၁၃ ????

8.3K 827 88
                                    

ဝါ့ရှော့ကွင်းထဲ ဂျိုင်းပြတ်စွပ်ကျယ်ညစ်ထေးထေးနဲ့
ကားတစ်စီးအား အာရုံစူးစိုက်မှုအပြည့် ပြုပြင်နေသောကောင်လေးတစ်ယောက်က ...သူ့ထက်သာလွန်တဲ့နေရာ တစ်နေရာမှမရှိ....။
ဟက်~ဒါနဲ့များကောင်မလေးတစ်ယောက်ရဲ့စိတ်ကို ငါညှို့ယူလို့မရအောင်...မင်းကဖမ်းစားထားနိုင်တယ်...မင်းမှာဘယ်လို ပါဝါတွေရှိနေလို့လဲ ...ဒီ..မို...။

ပါးလှလှ နှုတ်ခမ်းတစ်စုံက တစ်လုံးချင်းပြတ်သားစွာရေရွတ်လိုက်သော နာမည်တစ်ခု.....။
အမှောင်နယ်ပယ်က လျင်သူစားစတမ်း မယာကစားပွဲတိုင်း အနိုင်ရခဲ့တဲ့မဟော်သွေး...။ခုအလင်းနယ်မြေမှာလည်း သူ့တွက်စိတ်ဝင်စားစရာ ကစားပွဲတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီ...။
လေးကိုင်းသဏ္ဍန်လူးလွန့်သွားသောနှုတ်ခမ်းထောင့်တစ်ဖက်က သူ့နှင့်လိုက်ဖက်လွန်းလှသည်။
ထို့နောက် BMWကားလေးကို ယိုယွင်းပျက်စီးနေ
သော ကားများအစီရီထိုးထားသည့် ဝင်းကြီးထဲချိုးဝင်ခဲ့သည်...။
ဝါ့ရှော့ကွင်းထဲကယိုယွင်းပျက်စီးနေသော ကားများကြား မဟော်ရဲ့BMWကားကြီးက အရိုးပြိုင်းပြိုင်းလူအိုများကြား ချောမောတင့်တယ်သော နတ်သားတစ်ပါး ရုတ်တရက်ပေါ်လာသလို ထင်ရှားလှသည်။

ဒီမိုလည်း ဝင်းထဲ မောင်းဝင်လာသော BMW
တစ်စီးကြောင့် မှင်သက်နေမိသည်။ သူကားပြင်သည့်သက်တမ်းတစ်လျှောက် ဒီလောက်တန်ဖိုးကြီးသည့်ကားကို တစ်ခါမှမပြင်ဖူး..။
သူသာပြင်ခွင့်ရမယ်ဆိုလျှင် သူ့တွက်ပညာတစ်ခု
တိုးတာပေါ့....။
ထိုသို့မှတ်ယူလျက် ကန်စတန်မာအား ဝမ်းပမ်းတ
သာ ကြိုဆိုရန် ကားတံခါးနားအရောက်သွားတော့...ကားထဲက ထွက်လာသူနှင့်ဆုံမိသည်။
ထိုသူက မဟော်....။

"အော်...ကိုမဟော်ဘဲ..."

"မတ်မိသားဘဲ...မင်းက"

ထိုသူရဲ့စကားသံဝဲဝဲကတိုင်းရင်းသားတစ်ယောက်လိုရှိပေမယ့် မဟော့်ရုပ်ရည်သည် သူတစ်ခါတစ်ရံကြည့်ဖူးသောကုလားကားထဲက မင်းသားများနှင့်တူနေပြန်သည်။
ဘာဘဲပြောပြော မဟော်ဆိုတဲ့သူဟာ သူ့ရဲ့သွင်ပြင်
တစ်ခုနဲ့တင် လူတစ်ယောက်ရဲ့စိတ်အာရုံကိုဖမ်းစား
နိုင်တဲ့သူတစ်ယောက်ဟု ဒီမိုသိလိုက်သည်။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now