အခန်း၄၆(unicode)

3.3K 273 5
                                    

ပုံမှန်အခြေနေထက် လူပိုစည်နေသော မနက်စာ ထမင်းဝိုင်းလေးသည် ဒီမို့ကိုနေရာပျောက်စေသည် ...။ ခါတိုင်းဆိုလျှင် မိုင်းဘေးတစ်နေရာသည် သူ့တွက်အမြဲလွတ်နေခဲ့ရာ ခုတော့ မိုင်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီတွင် အစ်ကိုဂျေးနဲ့ ကိုမ
ဟော်တို့ မိန့်မိန့်ကြီး နေရာယူလျက် ...

"သား လာ ဘ့တွမ်ဘေးဝင်ထိုင်လိုက်..."

အန်တီ၏ နေရာချပေးမှု့ကြောင့့်ဘတွမ်ဆိုသူဘေး ခုံလေးဆွဲကာ ထိုင်လိုက်ရပြီး မိုင်းကိုမသိမသာ မျက်လုံးလေး လှန်ကြည့်တော့ သူ့ကိုပြုံးစစနဲ့ ပြန်ကြည့်၍ အသာခေါင်းပြန်ငုံ့သွား၏...။

"အဟမ်း! ဟမ်း! "

ထိုချိန် လုပ်ချောင်းဟန့်သံ တစ်ချက်သည် ဦးလေးဆီမှ ထွက်ပေါ်လာသည် ...။ ဦးလေးလည်း ညက သူတို့နှစ်ယောက်ကြောင်း မိုင်းကိုယ်တိုင်ဖွင့်ပြောပြီးကတည်း မျက်နှာမထားတက်အောင် ဖြစ်နေပုံရ၏...။ ဒါပေမယ့်လည်း သူ့သားဆိုလျှင် တုန်နေအောင်ချစ်သည့် ဖခင်မျိုးပေမို့ လက်ခံပေးဖို့ အရမ်းမခက်ခဲ ... ။ သိနေပါသည် မိုင်းရဲ့. ဖေကြီးနော်ဆိုပြီး ပြောလိုက်ရင် ချက်ချင်းပင် အရည်ပျော်ကျသွားမည် သိသော်လည်း ကိုယ့်မိုင်းစုတ်ကလေးသည် အိုင်တင်ကြီးတစ်ခွဲသားနဲ့ အချေကြီးစွာ လူကြီးဆိုဒ်သွင်းနေသည်မို့ ဒီမိုရှေ့ အချို့ကိစ္စတွေမှာ အန်တီနဲ့ဦးလေးအပေါ် မူနွဲ့စွာစိုးပြမှု့များ သိပ်မရှိတော့...။

" အဘ့တို့ လိုအပ်တာရှိပြောနော် အားမနာနဲ့စားကြ"
အန်တီ၏ ဧည့်ဝတ်ပြူငှါမှု့ကြောင့် သူ့ရှေ့တွင်လာချပေးသွားသော ပန်းကန်လေးထဲမှ ထမင်းကြော်များကို စားရန် စိတ်ဆောင်နေ၍ စားမယ့်ဟန်ပြင်စဉ် မိုင်းဆီသို့ မသိမသာ အကြည့်တစ်ချက်ရောက်မိပြန်ပြီ..။
သူတို့စားသည့်မနက်စာနှင့်ကွဲလွဲစွာ သူ့တွက်သီးသန့့်ပြင်ထားသည့် ပေါင်မုန့်လေးနှစ်ချပ်ကို တို့တိတို့နန်းဖဲ့နေပြီး မအီမသာဖြစ်နေသော မိုင်းကိုကြည့်ရင်း ဒီမို သူ့ရှေ့က ထမင်းကြော်တောင်စားမဝင်တော့ ...။

"မိုင်းလေး ဘာဖြစ်နေတာလဲ ... ပေါင်မုန့်က ကြမ်းလို့လား... ဖေကြီးလည်း အရင် တံဆိတ်ကကုန်နေတာနဲ့ ဒါလေးကောင်းလောက်မယ်ထင်ပြီးဝယ်လာတာ..."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now