အခန်း၂၅(unicode)

3.7K 302 2
                                    

ဒီမို့ရှေ့မှမြင်ကွင်းလေးတစ်ခုက သူ့မျက်ရည်များ
ဝေ့တက်လာရသည်ထိ ကြည်နူးဝမ်းသာမှု့ကိုပေးနိုင်သည်တဲ့လား....။

"ဟေးးး!!!!! ကိုကြီးအရမ်းတော်တယ် ထမင်းစားပြီးရင်လည်း နောက်တစ်ပုဒ်ထပ်ထိုးပြပါ"

အေးမြသော ညောင်ရိပ်အောက် ခင်းထားသောနှီးချောဖျာတစ်ချက်ပေါ်မှာ အဆင်ပြေသလို ထိုင်နေကြသော အများနှင့်အနည်းငယ်ကွဲထွက်နေသော ဒေါင်းကလေးငယ်များ...၊ထိုကလေးများ၏ဝန်းရံခြင်းခံနေရသောတယောသမားလေးမိုင်းသည်လည်း ပိတီ့ဖျာလျက်ပြုံးပန်းဝေနေ၏...။

"အေးပါ..မင်းလေးတို့သာ နားမညီးဖို့ဆုတောင်း...
အစ်ကိုကြီးလေ့ကျင့်ထားတာ နောက်နှစ်ပုဒ်လောက်
ကျန်သေးတယ်...ခုတော့ ထမင်းသွားစားချီဦး.."

"ဟုတ် ကိုကြီး..."
ဟုအားယူပြော၍ မိုင်းနားက ယိုင်ခွေခွေထွက်သွားကြသောဒေါင်းကလေးငယ်လေး ၆ဦး၏ မျက်နှာလေးတွေတွင် မိုင်းနည်းတူအပျော်ရိပ်များဖြတ်သန်းနေသည်...။
သူတို့ခုရောက်နေတာ တံခွန်တိုင်အဝိုင်းနားက
မသန်စွမ်းနှင့်ဆွံ့အနားမကြားကလေးများအားပြုစု
ပျိုးထောင်ပေးနေသော ပရဟိတကျောင်းငယ်လေးတစ်ခု၌ဖြစ်သည်။ တခြားဆွံ့အနားမကြားကလေးများကတော့မိုင်း၏ သာယာသောတယောထိုးသံကိုကြားခွင့်မရပေမယ့် ထိုဒေါင်းကလေးငယ်၆ဦးကတော့ မိုင်းပါရမီကိုဖြည့်ပေးဖို့ ဒုတိယပရိတ်သတ်အုပ်စုလေးဟုဆိုနိုင်မည်။
ဒီမိုကတော့ မိုင်းရဲ့တယောထိုးဖျော်ဖြေမှု့ကို ပထမဆုံးသီးသန်းနားထောင်ဖူးသော စပရှယ်နှလုံးသာဖန်တစ်ဦးဖြစ်မည်...။
ခုနမိုင်း၏သာယာသောတယောသံလေးခညောင်းခဲ့
သော ညောင်ပင်ကြီး၏မုတ်ဆိတ်ဖြာဖြာများအောက်တွင် တိတ်ဆိတ်မှုလေးအစားရင်ခုန်သံလေးတွေသည် တူညီစွာစည်းချက်ကျနေလိမ့်မည်...။

နာရီပိုင်းလောက်က ဒီမို့ခန္ဓာတွင်းမှ လက်ဆက်စွာ..အမျိုးသားသွေးလှူဘဏ်သို့ ဖောက်ထုတ်လှူဒါန်းခဲ့သောသွေးတစ်အိတ်ကြောင့်လည်း တစ်ခါမှမခံစားဖူးတဲ့ ပိတီ့မျိုးကတံတောင်ဆစ်ကွေးမှ ပလာစတာလေးကိုအုပ်ကိုင်မိတိုင်း ပြုံးပျော်စေ၏...။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now