UniExtra forDeminespecial 1

2.7K 203 1
                                    

"မိုင်း...အအေးပတ်နေမယ်...အဝတ်တွေ လျော်မနေနဲ့ ရေသာမြန်မြန်ချိုး..."

"အေးပါကွာ...မင်းကလည်း...နာရီဝတ်တောင်မကြာသေးဘူး..ဘယ်လိုဖြစ်နေတာလဲ..."

"ဘယ်လိုဖြစ်နေရမှာလဲ မင်းက အခါကြီးရက်ကြီးဆို ဖျားတက်နာတက်လွန်းလို့...အအေးပတ်မှာဆိုးလို့ဟ"

ထို့သို့ ရေချိုးခန်း အတွင်းနဲ့အပြင် သူတို့နှစ်ယောက်၏ စကားပြောခန်းသည်...အသံကုန်ဟစ်ကာ တစ်ယောက်တစ်လှည့်နှင့် အားရဖို့ကောင်းလှသည်...။ ဒီလိုအသံများမှာလည်း...ဦးနေမာန်နှင့် ဒေါ်စံပယ်တင့်တို့မှာ ရိုးနေလေပြီ...။ သားတော်မောင်ကို သူတို့လင်မယားလှည့်ကြည့်စရာမလိုအောင် ဂရုစိုက်တက်လွန်းတဲ့ သားမတ်လေးတစ်ယောက်ရထားသည့်တွက် ပတ်ဝန်းကျင်က ဘယ်လိုပြောပြော ဒေါ်စံပယ်တင့်မှာ ပျော်တပြုံးပြုံးဖြစ်နေသည်...။

"မိန်းမ...ဟိုနှစ်ယောက်ကို မင်္ဂလာကိစ္စဝကွတ်အပ်လိုက်တာ စိတ်ချရပါ့မလား..."

အပေါ်က ကလေးနှစ်ယောက်၏ လျှံလျှံတက်လာသော အသံများကြောင့် ... ဒေါ်စံပယ်မှာ သားနှစ်ယောက်ရှိရာ အပေါ်ထပ်သို့ တစ်ချက်တစ်ချက်မော့ကြည့်ရင်း ပြုံးမိတာလည်းအခါခါ...။

"ဟိတ်!..ငါပြောနေတာကြားလား"

ဦးနေမာန်မှာ သူ့စကားပေါ် အာရုံမရှိသော ဒေါ်စံပယ့်ကြောင့် ပေါင်သို့ ခပ်ဆက်ဆက်လေးရိုက်ပေးလိုက်ရသည်...။

"ပြောပြော ဘာတုံး အစ်ကိုကလည်း..."

"စိတ်ချရပါ့မလားလို့..."

"ဘာကိုတုန်း အရင်းမရှိအဖျားမရှိ..."

"မနြက်ဖန်ဘဲ သားမိုင်းနဲ့ငဒီ မင်္ဂလာပွဲလေ...အဲ့တာခုထိသားရှင်တွေဖြစ်တဲ့ ငါတို့က ပွဲနဲ့ပတ်သတ်ပြီးဘာမှ မသိရသေးဘူး...ငါတော့စိတ်မအေးဘူး...မိန်းမရေ...ငါက သားရှင်ကွ...သားရှင်..."

"စိတ်ပူရန်ကော အစ်ကိုရယ် အမွှာနှစ်ယောက်ကို မယုံဘူးပေါ့ အစ်ကိုက.."

"ငါ မောင်မဟော်ကိုယုံတယ်...မယုံရဲတာ ဟိုကောင်ဂျေးကိုဟ..လုပ်လိုက်ရင် မထော်မနန်းတွေကြီး..."

"ဝတ်စုံတွေတောင် ရပြီးနေပြီဘဲ ..အစ်ကိုရယ်...မနက်ဖန် သူတို့လာခေါ်တဲ့ ကားပေါ် ကြော့ကြော့လေးတက်လိုက်သွားရုံဘဲ..."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now