အခန်း၆ 💚

9.9K 923 50
                                    

"အစ်ကိုရေ...မိုင်းလေးကိုသွားနှိုးပေးတော့လေ ...
ဧည့်သည်လာမဲ့ဟာကို ကိုယ်တော်လေးက အိပ်ပုတ်ကြီးနေတယ် ...စံပယ်တောင် ဟင်းချက်လို့ပြီးတော့မယ် "

ယောင်းမကြီးကိုင်လာပြီး ဧည့်ခန်း၌ သတင်းစာဖတ်နေသော ဦးနေမာန်ကို သားဖြစ်သူ အိပ်ပုတ်လေးအားဒေါ်စံပယ်သွားနှိုးခိုင်းနေသည်။

"သားလေးအိပ်ရေးဝအောင်အိပ်ပါစေ ..စံပယ်ရ...
မောင်ဒီမိုကို သွားခေါ်ရဦးမဲ့ဟာ ...ညကလည်း
သားအိပ်မပျော်လို့ထင်တယ် ...ဖုန်းကိုင်နေတာတွေ့တယ် ..."

"အစ်ကိုက မတားဘူးလား...။အစ်ကိုသားမိုင်းကို
အဲ့ ဖုန်းဝယ်ပေးတည်းက စံပယ်ကြည့်နေတာ
သားမိုင်းက စာအုပ်တွေသိပ်မဖတ်တော့ဘူး
တစ်ချိန်ကုန် ဒီဖုန်းကြီးဘဲကြည့်နေတာ"

"မေနဲ့ဖေ သားနိုးပြီ!"

"အေးအေး! ဖေဖေလာပြီ... တစ်ယောက်တည်း
ကုတင်ပေါ်က မဆင်းနဲ့နော် "

အခန်းလေးထဲက လှမ်းအော်နေသော မိုင်းသံလေး
ကြောင့် ပွစိ့ပွစိ့လုပ်နေသော ဒေါ်စံပယ်ကို ထားကာသားခန်းလေးသို့ဦနေမာန် အပြေးသွားလိုက်ရသည်။ဒေါ်စံပယ်ကတော့ ပိုရန်ကော ဆိုတဲ့ အကြည့်မျက်စောင်းနဲ့ ယောက်ျားဖြစ်သူကို ကြည့်ကာ မိးဖိုခန်းလေးထဲ ပြန်ဝင်သွား၏ ။

မိဘ နှစ်ပါးမှာ ဦးနေမာန်က မိုင်းလေးကိုပိုပြီး
အလိုလိုက်သည်။ သည်းသည်းလှုပ်သည်။
မိုင်းဘာယီယများကို တက်နိုင်သမျှ သူကိုယ်တိုင်လုပ်ပေး၏ ။ တစ်လတစ်ခါလောက် အကြောလေ့ကျင့်ခန်းလုပ်ပြီး သားဖြစ်သူ နာကျင်ပင်ပန်းနေတာမြင်ရတိုင်းလည်းကွယ်ရာမှာ တိတ်တိတ်လေးသွားငိုတက်သေးသည်။

"အား~ ဖေကြီး... သားကို ဝှီးချဲလ် ပေါ်ဘဲတင်ပေးပါ၊သားကိုယ်က အလေးကြီးကို "

"ဘာ အလေးကြီးလဲ ဒီလောက်ပေါ့ရွှတ်နေတာ"

ကုတင်ပေါ်မှ မချီထားသော မိုင်းကိုယ်လေးကို
ပေါ့ကြောင်း ပြသည့်အနေဖြင့် လက်ပေါ်မှာတင်
အပေါ်အောက် မြှောက်လိုက်ချလိုက် လုပ်ပြနေသည်။
နှစ်ခါလားဘဲ လုပ်လိုက်ရသည်။...ဗြစ်ခနဲ မြည်သွား
သော ခါးကြောင့် ဝှီးချဲလ်ပေါ်ချလိုက်ရ၏ ။
အော်~ ဇရာ ဇရာ...

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Nơi câu chuyện tồn tại. Hãy khám phá bây giờ