အခန်း၂၆(unicode)

3.2K 300 0
                                    

မိုင်းလက်ပေါ်က ဂျယ်လီလေးသည် နို့ဘူးလေးကို လက်နှစ်ဖက်နှင့်ပင့်ကိုင်စုတ်ရင်းသူ့ရဲ့အမှတ်သားတစ်ခုလိုဖြစ်နေသော မျက်လုံးပြာပြာ
လေးတွေဖြင့် မိုင်းကိုမော့ကြည့်ကာ တစ်ချက်တစ်ချက်ရယ်ပြသေးသည် ။
မနက်တိုင်း သင်တန်းကိုအချိန်မှီရောက်ဖို့ သူ့ရဲ့စူးရင့်စွာအော်ငိုသံလေးနဲ့ နှိုးတက်တဲ့ နှိုးစက်ဂျယ်လီလေးက ရောက်စကလို သေးသေးပိစိလေးမဟုတ်တော့ ။
ဖြူ ရဲနေသည့်အသားရည်လေးနဲ့အတူဖောင်းပြည့်ပြည့်ပါးလေးနှစ်ဖက်နှင့် တောက်တက်တောက်တက်လှေျာက်သွားကာအကောင်ပေါက်ကြီး
ဖြစ်လို့နေပြီ.....။

နိုးဘူးထဲနို့ရည်များကို ပြောင်စင်အောင်စို့ပစ်ရန်မှာ
သူ့ရည်ရွယ်ချက်လေးဖြစ်လေတော့ ပါးနှစ်ဖက် ပိန်လိုက်ဖောင်းလိုက်နှင့် မနားတမ်းအလုပ်ပေးနေသည်။
ဂျယ်လီရဲ့ပါးလေးကို မိုင်းလက်ညှိုးလေးနှင့်
မထိတထိပွတ်သက်ကျီဆယ်တော့ မျက်လုံးလေးများပိတ်သွားသည်ထိ ခိုးခိုးခစ်ခစ်ရယ်မောခြင်းဖြင့် မိုင်းကျီဆယ်မှု့ကို အသိမှတ်ပြု၏....။

"မင်းဘဲ အေးချမ်းတယ် ငါတို့လို ပူလောင်စရာ
တွေမင်းမှာမရှိသေးဘူး..."

မိုင်းနှုတ်မှ တိုးညှင်းစွာညဉ်းညူ မိသည်ကို
နားလည်သည့်အလား ရယ်မောနေရာမှ တည်ငြိမ်
သော မျက်လုံးများဖြင့် မိုင်းကိုမလွှတ်တမ်း
ကြည့်နေသည်။

ဒီမိုနဲ့သူ့အကြောင်း အမေနဲ့ဖေကိုဖွင့်ပြောဖို့
အရေးသည် အမေနဲ့ဖေကြီးတို့၏ ငွေကြေးပြသနာများကြား အကြိမ်ကြိမ်ပျောက်ဆုံးခဲ့ရသည်။
ငွေကြေးပြသနာများကို သူမသိအောင်
လက်ကျိတ်ထိုးဖြေရှင်းနေကြသော မိဘနှစ်ပါးအပူ
ကို ထပ်ပြီးလေမပင့်သင့်....။

မောင်နှမသုံးယောက်ရှိသည့် ဖေကြီးသည် အလုပ်မှ
ငွေကြေးများလျော်နိုင်ရေးအတွက် မိဘပိုင်အိမ်နှင့်ခြံလေးကိုရောင်းကာဖြေရှင်းလိုက်သည့်နောက် ဖေကြီး အမနှစ်ယောက်သည် အမွေကိစ္စအရှုပ်အရှင်းများဖြင့် မခေါ်မပြောနိုင်ဖြစ်နေကြခြင်းကို သူဒီရောက်ပြီးအတော်ကြာမှသိရသည်...။ တဖြေးဖြေးတင်းမာလာသည့် လောဘကြိုးသည် မကြာခင်မောင်နှမသံယောဇဉ်ပါပျက်ရုံမက အမုန်းမီးပါပွားလာမည့်အရေးထိ ဖေကြီးကြုံလာသည်။ဟိုတလောကလည်း မန်းလေးထိ ဆင်းလာကြပြီးအိမ်တွင် ကြီးအမေနှစ်ယောက်ပွဲကြမ်းသွားသောကြောင့် သူတို့မိသားစုအပူလုံးကြီးသည်ဒီမိုနဲ့ကိုမဟော်ကိုပါ လွင့်စင်ခဲ့ရသည်။
ထိုအချိန်တွင် ခင်ရာဆွေမျိုးမြိန်ရာဟင်းကောင်းဆိုတဲ့ရှေးအဆိုကို ဒီမိုနဲ့ကိုမဟော်ကလက်တွေ့ပြလိုက်သည်။ကိုမဟော်သည် သိပ္ပံလမ်းကသူ့တိုက်ခန်းကို ရောင်းပစ်သည်။ ဒီမိုသည်လည်းသူ့ရဲ့ RAV4လေးကို
ပွဲစားလက်ထဲအပ်လိုက်ပြီ....။ဒါတွေသူတို့လုပ်နေချိန် မိုင်းတို့မိသားစု ဘာတစ်ခုမှမသိခဲ့ရ....။
ငွေထုပ်လက်ထဲရောက်မှ...ကိုမဟော်သည် အဖေ့ကို
ခေါ်ကာ ကြီးမေတို့ရှိရာ ငွေထုပ်ပိုက်၍ ချီတက်သွား
ပြီ....။ ဂျယ်လီလေးကတော့ အမေနဲ့သူ တစ်ယောက်တလှည့်ထိန်းပေးခြင်းဖြင့်သာယာနေသည်။

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now