အခန်း၂၈ 🌱

6.1K 577 44
                                    

ဝမ်းနည်းပတ်လက်တဲ့ ။ဒါလူတွေ ရင်နာစရာကိစ္စတွေနဲ့ရင်ဆိုင်ရတဲ့အခါ ပြောကြတဲ့စကားလုံးဘဲ...၊
ဒီမိုအဖြစ်ကလည်း ခုလူတွေပြောသလို ဝမ်းနည်းပတ်လက်ဖြစ်နေပြီထင်ပါရဲ့....။

"အစ်ကိုရာ ...ညစ်စရာစရာတွေခဏမေ့သွားအောင်
တစ်ခွက်လောက်တော့ ကစ်လိုက်ပါ...
မ့ ပြောဦး... နေ့လည်ထဲက ကျွန်တော့်တိုက်ခန်း
ရောက်နေတာ ဘာမှလည်းမေးမရဘူး...ငူငူငိုင်ငိုင်နဲ့
တော်ကြာ ငိုလိုက် တော်ကြာပြုံးလိုက်နဲ့..."

သူ့ရှေ့မှာ မျက်ရည်မကျဖို့ ထိန်းချုပ်ရတာ ခက်ခဲလွန်းလို့ပါ နန္ဒရာ... ။

"ဆောရီး နန္ဒ မင်းခရီးသွားခါနီး..ငါလာနှောက်သလို
ဖြစ်သွားတယ်...ကျေးဇူးဘဲနန္ဒ...မင်းလည်းဟိုမှာ
ကျန်းမာရေးဂရုစိုက်ဦး... ဟေမာန်နင်နေခဲ့ဦးမှာလား
ငါပြန်တော့မယ်..."

"နင်..ဘာတွေဖြစ်နေတာလဲမသိပေမယ့်...နင်မြိုသိမ့်
မထားပါနဲ့... မောင်..မနက် မောင် လေဆိပ်ဆင်းမှ
ဘဲ မ လိုက်ပို့ပေးတော့မယ် ... မ့သူ့ကိုပြန်လိုက်ပို့ပေးမှအဆင်မယ်ထင်တယ်..."

"ဟာ..ရတယ် ဟေမာန်။ နန္ဒသူငယ်ချင်းတွေက နင်မပါရင် ပြောနေလိမ့်မယ်..."

ဒီနေ့မှတိုက်ဆိုင်စွာ ထိုင်းမှာဘဲကျောင်းဆက်တက်ဖို့ထိုင်းသို့ ပြောင်းရွှေ့တော့မယ့်နန္ဒ ကို
သူကအလိုက်မသိမီးလာတိုက်သလို ဖြစ်နေပြီ။

"အစ်ကိုပါလိုက်ခဲ့လေ...အပြန်မှ မနဲ့အတူတူပြန်ပေါ့"

"ဟုတ်သားဘဲ...ဒီမိုရဲ့ နင်လည်း ဆိုပရာနို ရောက်ရင်
ညစ်တာတွေ လွင့်သွားမှာ ...KTVမှာ အပြတ်ဟဲ
ကွာ...လာပါ ဒီမိုရယ်...လိုက်ခဲ့နော်..."

နောက်နေ့မနက်မှာပင် ရေခြားမြေခြားသို့ ၂နှစ်တာ
ခွဲခွာရမဲ့ ချစ်သူနှစ်ဦးကို သူ့ကြောင့်စိတ်မညစ်စေ
ချင်...။ထို့ကြောင့် သူတို့နှစ်ဦးနဲ့အတူ နန္ဒသူငယ်ချင်း
တစ်စုတို့စောင့်နေမည့် KTV သို့ သူတို့နှစ်ဦးနဲ့တူတူ
လိုက်ပါလာခဲ့သည်။
ဟိုရောက်တော့ မိုက်ခဲတစ်စုကြား...စကြနောက်ကြ
နဲ့ အပျော်တွေဖွင့် နှုတ်ဆက်နေကြသော သူ့ထက်
ငယ်တဲ့ လူငယ်တွေရဲ့ လွတ်လပ်စွာပျော်ရွှင်မှုများကြား ဒီမိုပျော်ရွှင်မှုနဲ့အပြုံးများပျောက်ဆုံးနေခဲ့၏....။မသောက်ဘူးဟုတင်းခံနေသော စိတ်များသည်လည်း သူ့ရှေ့ ပုလင်းကြီးပုလင်းငယ်ထောင်နေကြသောချာတိတ်တွေကြား တဆိတ်တော့ မာန်လျော့ခဲ့ရသည်။အပျော့ဟုခေါ်သော ဘီယာတစ်ဘူးကနေ စကိုင်ခဲ့တာခုဆို ရက်စ်လေဘယ်တောင်ပုလင်းတစ်ဝက်ကျိုးလုနေ
ပြီ။နာကျင်ရတဲ့ ရင်ဘက်ကြီးတော့ ထင်သလောက်
နာကျင်မှု့လျော့မသွားသေး....၊
ထို့ကြောင့် ထပ်သောက်ရန် လက်ကျန်ပုလင်းသို့လက်အလှမ်း....

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now