အခန်း ၄၈

5.9K 548 33
                                    

အတော်သင့်နွေးထွေးမှုပေးနိုင်မည့် လက်ရှည်အနွေးထည်များကို သေချာစီစစ်ကာ ခရီးဆောင်အိတ်ထဲထည့်နေသည့် ဒီမို့ပုခုံးပေါ်သို့ သူ့လက်လေးတစ်စုံသိုင်းတင်လိုက်၏...။ပုခုံးပေါ်မှလက်လေးတစ်ဖက်ကို ညင်သာစွာ ငုံ့ကြည့်ပြီး ပြုံးရိပ်သန်းနေသော ဒီမို၏နှုတ်ခမ်းပါးများသည် ... ဖြူ ဖျော့လွန်းနေသည်.....။

"ဒီမို့ ... မင်းတကယ်မလိုက်ဘူးလား...မင်းတစ်ယောက်တွက်နဲ့ထူးကုန်မှာမှမဟုတ်ဘဲကို နောက်ပြီးဖေကြီးကခွင့်၁၀ရက်ဘဲရတာ ... ဖေကြီးပြန်သွားရင် ဟိုမှာငါနဲ့အမေနှစ်ယောက်ထဲကျန်ခဲ့မှာ...."

အနောက်သို့ အလုံးစုံလှည့်မကြည့်သော်လည်း...ဒီကောင်လေးဘယ်လိုပုံစံလေးနှင့် ပြောနေသည်ကို ဒီမို့မျက်လုံးထဲ မြင်ယောင်နေသည်...။

"အဟက်~ ကိုယ်သိတယ်နော်မိုင်း..ဘာလို့ဆေးကုဖို့ကို ကိုရီးယားကိုရွေးလဲဆိုတာ ...ကောင်စုတ်လေး ဟိုရောက်ရင် ငါ့တောင့်မေ့ချင်မေ့သွားမှာကို..."

"ဟာ..မင်းကလည်း...ငါရောက်ဖူးချင်တဲ့နိုင်ငံပေမယ့် ခုသွားမှာက အပျော်ခရီးမှမဟုတ်ဘဲကို..."

သိနေပြန်ပြီ...။ နှုတ်ခမ်းဖူးညွှတ်တို့၏ အလိုမကျဆူပူနေမည့်ပုံစံလေးကို...။ မိုင်းနဲ့ပတ်သတ်ရင် အသံကြားလိုက်တာနဲ့ သူဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကို မိုင်းကျမ်းနေပြီဖြစ်တဲ့ ဒီမို့တွက် မခက်ခဲ...။

"ကိုယ်လည်း မိုင်းနဲ့လိုက်ချင်တာပေါ့...ဒါပေမယ့် အဖေ့ကိုအမိန့်ချမဲ့ရက်မှာတော့ ကိုယ်သူ့ဘေးနားရှိနေသင့်တယ်...။ ဘယ်လိုဘဲ မကောင်းတဲ့အလုပ်ပေမယ့် ကိုယ်သူ့ယုံကြည်မှု့ကို အလွဲသုံးစားလုပ်မိသလိုဖြစ်သွားတယ်..။ကိုယ်~..."
ပခုံးပေါ်မှ မိုင်းလက်လေးတစ်စုံသည် ခုတော့ သူ့ကျောပြင်ကျယ်ကို အနောက်မှနေပွေ့ဖက်ကာ ... ရှိုက်သံတိုးညှင်းညှင်းတို့ထွက်ပေါ်နေသော အသံလှိုင်းတို့တုန်ခါရာ ကျောပြင်သို့ ပါးလေးအပ်၍ ချစ်ရသူ၏ နာကျင်မှုများကို ကြင်နာခြင်းတို့ဖြင့် ချေဖျက်နိုင်ရန် ကြိုးစားပေးနေ၏...။

"အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့ မင်းအဖေရဲ့ အမှု့ကို ဒီနိုင်ငံကဘဲ ကိုင်တွယ်လောက်မှာပါ ထိုင်းဘက်ကိုလွဲမပေးလောက်ပါဘူး...ဒီနိုင်ငံမှာဆိုသိတဲ့တိုင်း အများဆုံးတစ်သတ်တစ်ကျွန်းလောက်ပါဘဲ..."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Место, где живут истории. Откройте их для себя