အခန်း၃၉(unicode)

3.1K 278 9
                                    

ရွှေရောင်ကိုင်းဝင့် ပါဝါမျက်မှန်နဲ့ပါရဂူကြီးရှေ့တွင် မျက်နှာမကောင်းစွာ မှိုင်တွေနေကြသော ဦးနေမာန်နဲ့ဒေါ်စံပယ်တင့်....။

"ဒီမှာဆိုရင်တော့ ခွဲစိတ်မှုစရိတ်ကနည်းငယ်သက်သာသွားမယ်ဆိုပေမယ့် စက်ကရိယာကတော့ စုံလင်မှုမရှိသေးဘူး...ခု..ကလေးရဲ့ အကြောလုပ်ဆောင်ချက်တွေလည်း စစ်ဆေးချက်မှာ တိုးတက်လာတာတွေ့ရတော့ဒီလိုချိန်ခွဲစိတ်မှုခံယူနိုင်ရင် အကောင်းဆုံးပါ..."

"ဟုတ် ကျွန်တော်တို့ ခွဲစိတ်ဖို့တွက် ဘာတွေပြင်ဆင်ထားရမလဲသာ... ညွှန်ကြာပေးပါဆရာ..."

"အစ်ကို..."

ဦးနေမာန်သည် ခွဲစိတ်ဖို့ သဘောတူဟန် ဆရာဝန်ကြီးကိုပြောတော့ ဒေါ်စံပယ်တင့် အံ့အားသင့်စွာ ဦးနေမာန်အားကြည့်လိုက်၏....။
မိုင်းလေး၏ ခွဲစိတ်မှုကုန်ကျစရိတ်သည် ဟိုအရင်ကတွက်သည်ထက် တစ်ဝက်လောက်ပိုနေသည်...။
ခုချိန် သူမတို့မိသားစုလက်ထဲတွင် ဆယ်ဂဏာန်းပင်
မပြည့်တက်သော ငွေပမာဏသာရှိ၏...။
ခုလိုရာချီကုန်မည့် ခွဲစိတ်စရိတ်တွက် ဘယ်လိုစွမ်းဆောင်နိုင်မည်နည်း....။

ဦးနေမာန်သည် သူ့ကို အားငယ်ကြောက်ရွံ့ဟန်တွေ
ဖြင့်ကြည့်နေသော ဒေါ်စံပယ်တင့်လက်များကို ခုံအောက်တွင် အသာစုတ်နယ်၍ စိတ်မပူနဲ့ဆိုသည့် သဘောနဲ့ပြန်ကြည့်ကာ ခေါင်းအနည်းငယ်ယမ်းပြသည်...။
ထိုမှ ဒေါ်စံပယ်သည်လည်း သားတွက်စိတ်မကောင်းခြင်းများစွာဖြင့် ခေါင်းလေးပြန်ငုံ့သွားသည်။...။

ထို့နောက် ဦးနေမာန်နှင့် ဆရာဝန်ကြီးတို့သည် ခွဲစိတ်မှုတွက် လိုအပ်သည်များ အချက်ကျကျတိုင်ပင်နေကြသည်...။

"အရင်ဆုံး အရိုးကြောဌာနက ဆေးမှတ်တမ်းနဲ့
(...)ပုဂ္ဂလိကဆေးရုံကြီးကိုသွားပါ ... အဲ့ဒီဆေးရုံမှာ
ကျွန်တော်လည်းထိုင်တယ် ...၊အဲဒီဆေးရုံနဲ့ချိတ်ဆက်ပြီး ကလေးတွက် ခွဲစိတ်မှုပေးမဲ့ နှစ်နိုင်ငံထဲက လူနာရှင်တွေ ကြိုက်တဲ့ဆေးရုံမှာ ကုသမှုပေးမှာပါ...ခန့်မှန်းခြေဆေးကုသကုန်ကျစရိတ်ကိုလည်း အဲ့ဒီဆေးရုံကတာဝန်ရှိသူတွေက ဆွေးနွေးပေးပါလိမ့်မယ် ...ကျွန်တော်တွက်ပေးတာတော့ အကြမ်းဖျင်းပါ...နောက်၁၀ရက်နေရင် ကလေးတွက် ရက်ပြန်ချိန်းပေးလိုက်တယ် ... အဲ့ကျမှဘဲ ကလေးနဲ့တူတူ လိုအပ်တဲ့ဆေးစစ်ချက်တွေ ထပ်လုပ်တာပေါ့... "

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now