special extra for Demine💖1

6.7K 481 67
                                    

"မိုင်း...အ​အေးပတ်​​နေမယ်​...အ၀တ်​​တွေ ​လျော်​မ​နေနဲ့ ​ရေသာမြန်​မြန်​ချိုး..."

"​အေးပါကွာ...မင်းကလည်း...နာရီဝတ်​​တောင်​မကြာ​သေးဘူး..ဘယ်​လိုဖြစ်​​နေတာလဲ..."

"ဘယ်​လိုဖြစ်​​နေရမှာလဲ မင်းက အခါကြီးရက်​ကြီးဆို ဖျားတက်​နာတက်​လွန်းလို့...အ​အေးပတ်​မှာဆိုးလို့ဟ"

ထို့သို့ ​ရေချိုးခန်း အတွင်းနဲ့အပြင်​ သူတို့နှစ်​​ယောက်​၏ စကား​ပြောခန်းသည်​...အသံကုန်​ဟစ်​ကာ တစ်​​ယောက်​တစ်​လှည့်​နှင့်​ အားရဖို့​ကောင်းလှသည်​...။ ဒီလိုအသံများမှာလည်း...ဦး​နေမာန်​နှင့်​ ​ဒေါ်စံပယ်​တင့်​တို့မှာ ရိုး​နေ​လေပြီ...။ သား​တော်​​မောင်​ကို သူတို့လင်​မယားလှည့်​ကြည့်​စရာမလို​အောင်​ ဂရုစိုက်တက်​လွန်းတဲ့ သားမတ်​​လေးတစ်​​ယောက်​ရထားသည့်​တွက်​ ပတ်​၀န်းကျင်​က ဘယ်​လို​ပြော​ပြော ​ဒေါ်စံပယ်​တင့်​​မှာ ​ပျော်​တပြုံးပြုံးဖြစ်​​နေသည်​...။

"မိန်းမ...ဟိုနှစ်​ယောက်​ကို မင်္ဂလာကိစ္စ၀ကွတ်​အပ်​လိုက်​တာ စိတ်​ချရပါ့မလား..."

အ​ပေါ်က က​လေးနှစ်​​ယောက်​၏ လျှံလျှံတက်​လာ​သော အသံများ​ကြောင့်​ ... ​ဒေါ်စံပယ်​မှာ သားနှစ်​​ယောက်​ရှိရာ အ​ပေါ်ထပ်​သို့ ​တစ်​ချက်​တစ်​ချက်​​မော့ကြည့်​ရင်း ပြုံးမိတာလည်းအခါခါ...။

"ဟိတ်​!..ငါ​ပြော​နေတာကြားလား"

ဦး​နေမာန်​မှာ သူ့စကား​ပေါ် အာရုံမရှိ​သော ​ဒေါ်စံပယ့်​​ကြောင့်​ ​ပေါင်​သို့ ခပ်​ဆက်​ဆက်​​လေးရိုက်​​ပေးလိုက်​ရသည်​...။

"​ပြော​ပြော ဘာတုံး အစ်​ကိုကလည်း..."

"စိတ်​ချရပါ့မလားလို့..."

"ဘာကိုတုန်း အရင်းမရှိအဖျားမရှိ..."

"မနကြ်​ဖန်ဘဲ သားမိုင်းနဲ့ငဒီ မင်္ဂလာပွဲ​လေ...အဲ့တာခုထိသားရှင်​​တွေဖြစ်​တဲ့ ငါတို့က ပွဲနဲ့ပတ်​သတ်​ပြီးဘာမှ မသိရ​သေးဘူး...ငါ​တော့စိတ်​မ​အေးဘူး...မိန်းမ​ရေ...ငါက သားရှင်ကွ...သားရှင်​..."

"စိတ်​ပူရန်​​ကော အစ်​ကိုရယ်​ အမွှာနှစ်​​ယောက်​ကို မယုံဘူး​ပေါ့ အစ်​ကိုက.."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now