Demo(Unicode)

12.3K 704 2
                                    

ကိုယ့်နံမယ် ဒီမို..။
ဒီမိုဆိုတဲ့ ဝေါဟာရအတိုင်း လွတ်လပ်မှုကိုနှစ်သက်တယ် ...။ ကိုယ့်ဘဝရဲ့စည်းနှောင်မှုတွေကို
၁၀နှစ်ရွယ်တည်းက ချိုးဖျတ်ခဲ့ပြီးပြိ...။
မိဘဆိုတဲ့ ဝေါဟာရကလည်းကိုယ့်အတွက်
အဘိဓာန်ထဲက ဖွင့်ဆိုချက် သက်သက်သာ ...။
ကိုယ့်မှာ၆နှစ်သားအရွယ်မှာတည်းက
ခေါ်စရာအမေမရှိတော့ဘူး ...။ အဖေလား?
အမေဆုံးသွားလို့စိတ်ထိခိုက်သ
ည်ကို အကြောင်းပြပြီး အရက်သမားလုံးလုံးဖြစ်ခဲ့တဲ့ ကိုယ့်တွက်တော့
မကိုးကွယ်သင့်တဲ့အိမ်ဉ်ီးနတ်ဆိုး တစ်ပါးဘဲ ...။
၆နှစ်အရွယ်ကိုယ် ,၃နာရီခွဲလို့ ကျောင်းဆင်းရင်
အပေါက်တစ်ရာနဲ့ ကျောင်းလွယ်အိတ်ကို ခနော်ခနဲ့
အိမ်ရှေ့ ကွတ်ပျစ်ပေါ်ပစ်ချ ...နှစ်လမ်းကျော်လောက်
က ရပ်ကွက်ဘုံဆိုင်ကိုသွားကာ အရက်ဝယ်ထွက်ရ
တယ် ...။ ဆုံးသွားတဲ့ အမေရဲ့မိထွေး...အင်း~ပြော
ရမယ်ဆို ကိုယ်နဲ့သွေးသားမတော်ဆက်တဲ့
အမေဘက်က အမေကြီး ,ဆီကဆူတစ်ခါ ပူတစ်လှည့် နားအပွတ်ခံပြီးမှ ရတဲ့မုန့်ဖိုး၂၀၀ရယ် ...
မသထာရေစာ စားခဲ့ရသော ထမင်းနှစ်နပ်...။

ညနေ၄နာရီလောက်တည်းက မေကြီးတို့စားဝတ်
နေရေးဖြေရှင်းရာ မန်းရွှေပြည်ကားဂိတ်ရှေ့ညအလင်း
ဖွင့်တဲ့ သေးငယ်သည့် ထမင်းဆိုင်လေးမှာ စားပွဲထိုး၊
အကူဘာယီယ အကုန်လုပ်ပေးခဲ့ရတယ် ။
၆နှစ်၇နှစ်အရွယ်ကလေးတစ်ယောက်ဘဲ...ညဘက်
ရောက်ရင် အိပ်ချင်တာပေါ့ဗျ ...။ကိုယ်ကတော့
အရမ်းအိပ်ချင်နေရင် တစ်ချောင်ချောင်မှာဝင်အိပ်ပစ်
လိုက်တာဘဲ...။ နားမခံသာအောင်ဆူမှာလည်း
သိတယ် ...။မေကြီးရဲ့ သမီးကြီးဆုံး ဒေါ်အေးမြရဲ့
လက်သံပြောင်ပြောင်နဲ့ အခေါက်ခံရနိုင်မှန်းလည်း
သိတယ် ...။ ဒါပေမဲ့ အရမ်းအိပ်ချင်နေရင်
ထိုင်ငိုက်မနေဘူး ကျောချပြီး ခွေခွေလေးအိပ်ပြစ်
လိုက်တာ ...။ ည၁၂လောက်ဆို ဆိုင်သိမ်းဘာသိမ်း
နဲ့ ၂ချက်ထိုးလောက်ဆိုရင် အိမ်ပြန်ရပြီ...၊
ညဘက်အိပ်ရေးပျက်တော့ နေ့ဆရာဆရာမ စာသင်ရင်
အာရုံမစိုက်နိုင် ...ဒါ့ကြောင့် ဆရာဆရာမတွေရဲ့
အဆူပူအမြဲခံရတယ် ..။ကျောင်းရဲ့ ဘာကြေးညာကြေး
ဆိုလည်း အမြဲမပေးနိုင်တဲ့ကိုယ့်ကို ဆရာမက
အမြင်မကြည် ...၊ကျောင်းမှာနေရတာလည်း မပျော်
တော့ဘူး ...အဲ့တွက် နောက်ဆုံး ၅တန်း တက်မဲ့
နှစ်မှာဘဲ ကျောင်းထွက်ဖို့ဆုံးဖြတ်လိုက်တယ် ။
မေကြီးကျွန်တော်ကျောင်းမတက်တော့ဘူးလို့
ပြောတုန်းက ဒေါ်အေးမြကြီးဆို ကောင်းတယ်သား
ကောင်းတယ်နဲ့ သားကကိုပါးစပ်ကမချဘူး ...။
သိနေတယ် ကိုယ့်ကို တစ်နေကုန်တစ်နေကန်း
ခိုင်စားတော့မှာဆိုတာ ...၊ ဒီမိုပါတဲ့ ဘယ်ရမလဲ ...
ကျောင်းထွက်ဖို့ဆုံးဖြတ်တာ သူတို့ခိုင်းဖက်ဖြစ်ဖို့မဟုတ်ဘူး...၊ကိုယ့်ဘဝကို အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုနဲ့လမ်းကြောင်းဖို့ ဆုံးဖြတ်ပြီးသား...။
အဲ့တွက် ၈၄လမ်း၂၉ မှာဖွင့်ထားတဲ့
ကိုချိုဆိုတဲ့ ကားဝါးရှော့မှာ ပညာသင်တပည့်အနေနဲ့
လက်ခံပေးဖို့ ကလေးသာသာအရွယ်ပေမဲ့ မကြောက်
မရွံ့ဝင်ပြောခဲ့တာ ။ ကိုချိုဆိုတဲ့ လူကြီးကလည်း
မင်းသတ္တိကို ကြိုက်တယ်ဆိုပြီး ပညာသင်တပည့်
အဖြစ်လက်ခံလိုက်တာ ...ခုဆို ဒီဝါးရှော့ကအလုပ်
သမားတွေထဲမှာ ကိုယ့် လစာကအများဆုံးဘဲ ...။
စဝင်ကာစတော့ ဝါးရှော့က အစ်ကိုကြီးတွေရဲ့
ခိုင်းဖတ်သာသာ...။
တောက်တိုမရ တစ်နေကုန် ဆီဂျီးအလိမ်းလိမ်းနဲ့
အလုပ်လုပ်ခဲ့ရပေမဲ့ ထမင်းနှစ်နပ်ကတော့
အေးအေးချမ်းချမ်းစားရတယ် ..။ဟင်းကောင်းကောင်း
မကောင်းကောင်း တစ်ဇလုံမောက်မောက်ကတော့
မြိုက်ခနဲ ...။အခြားအဟာရဓာတ်စာ မမှီဝဲနိုင်တော့
အဟာရအပြည့်ပါတဲ့ ကိုချိုကြီးမိန်းမ ချက်ကြွေးတဲ့
ဆန်ကြမ်းထမင်းကတော့ ကိုယ့်တွက်
နတ်သုဒ္ဓါဘဲ ။
အဲ့ဒီ နတ်သုဒ္ဓါ အစွမ်းကြောင့်ထင်တယ် ...ခုဆို
၆ပေနားကပ်နေတဲ့ ကိုယ့်အရပ်နဲ့ ဖွိ့ဖြိုးကျစ်လစ်
တဲ့ ကိုယ့်body ကို အရမ်းကြိုက်တယ် ...။
ဒါပေမဲ့ တည်ငါနားနီးတည်ငါ မုဆိုးနားနီးမုဆိုး
ဆိုသလို ကျွန်တော့်ဗီဇကတော့ နူးညံ့မနေဘူး ...။
ပညာရေးလည်း ဆုံးခန်းမတိုင်ခဲ့တော့ ကိုယ်က
အများအမြင် ဂျလေဘီ တစ်ယောက်...။
ပိုဆိုးတာ လုပ်ငန်းခွင်ကပေးတဲ့
မဲဆီအလိမ်းလိမ်းနဲ့ ယူနီဖောင်းကြောင့် ကိုယ့်ပုံက
လမ်းသရဲပိုဆန်တယ် ...။

ပြန်တွေးကြည့်ရင် ကိုယ့်ရဲ့
ငယ်ဘ၀ အစိတ်ပိုင်းတွေက ခါးသက်ခဲ့တယ် ။
ဒါပေမယ့်ခါးသက်တဲ့ ကိုယ့်ငယ်ဘ၀ ကို ဘယ်တော့မှ
အချဉ်မဖောက်ခဲ့ဘူး ...။

____________🌸🌸🌸🌸____________

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now