Part1

136K 5.4K 1.1K
                                    

​မောင်နဲ့ငါရဲ့ဇာတ်လမ်း​လေးကို​ပြောပြသွားမယ်....​မောင်နဲ့ငါကငါဖန်တီးတဲ့ကံကြမ္မာအရဆန်းပြားစွာ​တွေ့ခဲ့ကြတာ...

မိုး​တွေတ​​ဝေါ​ဝေါရွာ​နေ​သောအ​ဝေး​ပြေးလမ်းမကြီးထက်တွင်အဆင့်မြင့်ခရီးသွားကားမဟုတ်​သောရိုးရိုးသာမာန်လိုင်းကားအပု​လေးသည်​ခေါင်မိုး​ပေါ်တွင်အထုပ်​တွေ၊​တောင်း​တွေကိုမဆံ့မပြဲတင်လျက်၊ကားထဲမှာလည်း​မြို့​ပေါ်တက်မယ့်​တောသူ​တောင်သား​တွေကိုဆံ့သ​လောက်သယ်​ဆောင်ကာယိမ်းလိုက်ယိုင်လိုက်ဖြင့်​မောင်းနှင်လာ​လေသည်။ရန်ကုန်မြို့ကြီးထဲ​ရောက်​တော့အလျှိုလျှိုအသီးသီးသည်မိမိတို့နှင့်သက်ဆိုင်ရာ​နေရာအသီးသီးသို့သွားကြ​လေသည်။ထိုကား​ပေါ်ကဆင်းလာသူ​တွေမှာလမ်း​မေးသူက​မေးကြ၊ကားတားဆီးသူကတားကြ၊အမျိုး​တွေလာကြိုလို့လိုက်သွားသူ​တွေကလိုက်ကြနှင့်။ထိုထဲမှ​ကောင်​လေးတစ်​ယောက် အသား​လေးကခပ်ညိုညို၊အရပ်​လေးကပုပု၊လူ​လေးကလုံးလုံး၊ဆံပင်​လေး​တွေက​ကောက်တိ​ကောက်​ကွေးနဲ့မျက်ခုံး​လေးကထူထူ၊မျက်လုံး​လေးကဝိုင်းဝိုင်း....အင်း..ပါး​ပေါ်မှာလည်းပါးချိုင့်​လေးတစ်ဖက်ပါ​သေးတယ်။​ကျော​ပေါ်မှာအဝတ်အစားအပြည့်နဲ့လွယ်အိတ်ခပ်စုတ်​စုတ်လေးတစ်လုံး၊လက်ထဲမှာစားစရာအပြည့်နဲ့​တောင်းတစ်​တောင်း...ကျယ်​ပြောလှ​သောရန်ကုန်မြို့ကြီးကိုမျက်စိတစ်ဆုံးအူလည်လည်​လေးကြည့်လို့.....အယ့်တာငါ​ပေါ့.....ငါကရန်ကုန်မှာအလုပ်လုပ်ဖို့ဆိုပြီးတက်လာတဲ့​တောသားမြို့​ရောက်​လေး။

အူလည်လည်နဲ့ထို​ကောင်​လေးသည်အငှားကားဆိုတဲ့ကားကိုသူများ​တွေတားသလိုပဲလက်​လေး၁​ချောင်း​ရှေ့ထုတ်၍တားလိုက်သည်။

"ငါ့တူဘယ်လဲကွ"

"အလုပ်လိုချင်လို့ဗျ"

"​ဟေ...အလုပ်လိုချင်ရင်​တော့ရှာရမှာ​ပေါ့ကွ....ခုကကားငှားမှာလား"

"ငှားပြီကျွန်​တော်ဘယ်သွားရမလဲဗျ"

"​ဟေ...မင်းသွားချင်တဲ့​နေရာငါကဘယ်သိမှာတုန်းကွ"

"ဦးကြီးရဲ့ဒီဗွန်းဗွန်းမြည်တဲ့ဟာကြီးကိုစီးရင်ကျွန်​တော်ကပိုက်ဆံ​ပေးရမှာလား"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now