အပိုင်း(၃၈)

7.6K 980 35
                                    

[Unicode+Zawgyi]

"ဒွေးလေးကရောဂါကြီးရယ်လို့ဖြစ်တာမဟုတ်ပါဘူး .... ဒီအရိုးပါးရောဂါဆိုတာက အသက်ကြီးလာရင်ဖြစ်တတ်ပါတယ်"

"မနေ့ကအပေါ်ထပ်ကအဆင်း ခါးကမျက်ခနဲဖြစ်သွားတာပဲမောင်ဟံသာရယ်"

"ဒွေးလေးတို့အချိုမှုန့်သုံးတယ်မလား"

"သုံးတယ်"

"အချိုမှုန့်ကြောင့်အရိုးပါးတယ်ပြောလို့မရပေမယ့် ရေရှည်စားရင်ဆီးချို၊ သွေးချိုထိဖြစ်နိုင်တယ် .... ဗီတာမင်Dတို့ ဗီတာမင်Aတို့များများစားပေးရင်ဖြစ်ပါတယ်"

သွေးပေါင်ချိန်တိုင်းပြီးနောက်မှာတော့ ဖျာပေါ်လှဲနေရာကနေ ဒေါ်ကြာမှိုထလိုက်သည်။

ဟံသာဆေးရုံမသွားရတဲ့နေ့တွေမှာ ဒေါ်ကြာမှို့ဆီလာပြီး ဆေးကု၊ ဆေးစစ်ပေးနေကျ။

ဒီနေ့ အိမ်မှာ စိုင်းခွန်ရော၊ နန်းယဉ်ဟွမ်ပါမရှိကြ။ ဒေါ်ကြာမှိုတစ်ယောက်တည်း စိုက်ခင်းကပြန်ချိန်ဖြစ်သည်။

"ကျွန်တော်ဆေးတော့ပေးခဲ့တယ်နော် .... အသွားအလာသတိထားပါဗျ အမြင့်တွေမတက်ပါနဲ့ အပေါ်ထပ်ကဆင်းရင်လည်း သတိထားဆင်းပါဗျ .... ချော်လဲတာမဖြစ်စေဖို့ ရေချိုးရင်လည်းသတိထားပါဗျ"

ဟံသာရဲ့ယဉ်ကျေးတဲ့အပြောအဆိုလေးတွေကြောင့် ဒေါ်ကြာမှိုပြုံးမိ၏။ ပြုံးတာကလည်း အခုမှမဟုတ်။ ဒီအိမ်ကို ပထမဆုံးထမင်းလာစားတဲ့နေ့ကတည်းက ပြုံးမိခြင်းပါ။

ဆေးပစ္စည်းကိရိယာတွေကို အိတ်ထဲသေချာလုံအောင်ထည့်နေသောဟံသာ့ဆီ ဒေါ်ကြာမှိုက ဆေးကုသစရိတ်နဲ့ ခြေကြွခကိုပေးသည်။

"ဒွေးလေးကလည်း လုပ်ပြန်ပြီဗျာ .... ကျွန်တော်ဘယ်တုန်းကယူလို့လဲ"

"ရော် .... ခဏခဏဆိုတော့ အားနာ‌တာပ"

"ကျွန်တော်ကုသိုလ်ယူချင်လို့ပါဗျာ .... မပေးပါနဲ့ဗျ"

ဟံသာကအတင်းတောင်းဆိုတော့ ဒေါ်ကြာမှိုလက်လျှော့ရတာပေါ့။

အိမ်ပေါက်ဝရောက်နေပြီးဖြစ်ကာမှ ဟံသာ့ကိုတစ်ခုခုပြောဖို့ ဒေါ်ကြာမှိုသတိရလေသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now