အပိုင်း(၆)

13.9K 1.7K 16
                                    

[Unicode+Zawgyi]

စိုင်းခွန်အနားရောက်လာတဲ့အုပ်စုထဲက လူတစ်ယောက်က စိုင်းခွန်ဆိုင်ကယ်ကိုဆွဲမသည်။

ထို့နောက် မောင်းနှင်သူနေရာပေါ်ထိုင်ကာ စိုင်းခွန်ကတော့ လိုက်စီးသူနေရာတွင်တက်ထိုင်၏။

ဟံသာကြောင်အနေဆဲမှာပင် အနည်းငယ်ပြဲဆုပ်သွားတဲ့ စိုင်းခွန်ရဲ့ပုဆိုးကိုမြင်သွားသည်။ ဒူးအောက်ပိုင်းကနေ ခြေသလုံးလောက်ထိ ဟက်တပ်ပြဲနေတဲ့ပုဆိုး။

ပြဲနေတဲ့ပုဆိုးအောက်ကနေမြင်လိုက်ရတဲ့ဖြူဆွတ်သောအသားအရည်ဟာ အနီရောင်တွေရောယှက်လို့။

ဖုန်မှုန့်တွေကြောင့်ထင်ပါသည်။

အညိုရောင်ပါဆွက်နေ၏။

နီညိုရောင်ထနေတဲ့ခြေသလုံးဟာ ဆိုင်ကယ်ပိ၍ဆိုတာ ဟံသာအတပ်သိပါသည်။

ဟံသာကသာတွေးနေတာ။ တိုင်းရင်းသားအနှီကောင်လေးကတော့ ဆိုင်ကယ်ကြီးနဲ့ ဝူးဆို ထွက်သွားလေပြီ။

သူကိုယ်တိုင်ဆရာဝန်ဖြစ်နေပေမယ့် ဒဏ်ရာရလူသားတစ်ယောက်ကို ဆေးမကုပေးလိုက်ရလေခြင်းဆိုတဲ့ နောင်တတရားကတော့ ဖိစီးသွားသည်။

"ဘယ်လိုကလေးတွေလဲမသိပါဘူးကွာ ..... ကဲ ဟံသာ မိုးချုပ်တော့မယ် သွားစို့"

ဦးလေးနိုင်အသံကြားမှ ဟံသာသတိပြန်ဝင်လာသလို။

ကားပေါ်ရောက်တော့ အန်တီညိုက စိုးရိမ်တကြီးမေးပြန်သည်။

"ကလေးတွေများကွာ ရှေ့မကြည့် နောက်မကြည့်နဲ့မောင်းကြတယ် .... တစ်စုံတစ်ခုဖြစ်ရင် ရင်ကျိုးရမှာမိဘတွေပဲ"

ဦးလေးနိုင်ရဲ့ပြောစကားကြောင့် ဟံသာအတွေးတစ်ခုပေါ်လာ၏။

ရင်ကျိုးရမှာမိဘတွေပဲတဲ့။ မမဟေသာသေဆုံးမှုအပေါ် မိဘတွေရဲ့ခံစားချက်ကရော ...... ။

ဟံသာ မိဘနေရာရောက်မှ သိတတ်နားလည်ခံစားနိုင်မည်လား။

ကားလေးကတော့တရွေ့ရွေ့။

ပင်းတယမြို့ကြီး ‌မှောင်ရိပ်ကျနေပြီ။ မီးဝါတွေကလည်း ထိန်ထိန်ညီးနေပြီ။ သစ်ပင်ကိုင်းကြီးတွေကို မည်းမည်းသာမြင်ရတော့၏။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now