အပိုင်း(၄၇)

7.9K 979 32
                                    

[Unicode+Zawgyi]

ချစ်ခြင်းဖြင့်ငေးသော .... မေတ္တာဖြင့်မွှေးသော .... ပန်းကလေးတစ်ပွင့်။ ပွင့်ဖတ်တွေကြွေခဲ့ပေမယ့် ဝတ်ဆံလေးတွေကတော့လန်းဆန်းဆဲ။

"ကိုကိုး .... ပင်းတယပြန်ဖို့ကလေ အဲ့ဒါ ...."

"ဟုတ်သားပဲခွန် .... ကိုကိုတောင်းပန်ပါတယ် တကယ်ဆိုမနေ့ညနေကလက်မှတ်ဖြတ်ပေးရမှာ"

"ရပါတယ်ကိုကိုးရဲ့ .... အမေ့ကိုဖုန်းဆက်ထားတယ် လက်မှတ်ရမှလို့လေ"

ဟံသာက စိုင်းခွန်ကိုရင်ခွင်ထဲထည့်ထားရင်း ဆံပင်ညိုတွေကိုနမ်းသည်။

"ကိုကိုး အလုပ်မသွားဘူးလား"

"မသွားဘူး"

"ကျွန်တော်တစ်ခုလောက်မေးချင်တယ် .... ကိုကိုးဖြေရတာအဆင်ပြေမယ်ဆိုရင်ပေါ့"

စိုင်းခွန်က ဟံသာ့ရင်ခွင်ထဲကနေထွက်ကာ မျက်နှာချင်းဆိုင်နေလိုက်သည်။

"မေးလေခွန်"

"မနေ့ကသောက်လာတာ ဘာတွေစိတ်ပင်ပန်းစရာရှိလို့လဲဟင် .... ဟိုဟာ ကိုကိုးမိဘတွေနဲ့အဆင်မပြေလို့လား ကျွန်တော့်ကြောင့်လား ဟင်"

ဟံသာကသက်ပြင်းချသည်။

"မဟုတ်ပါဘူးကွာ .... အိမ်နဲ့နည်းနည်းအဆင်မပြေဖြစ်လာလို့"

"ကျွန်တော့်ကိုရင်ဖွင့်တိုင်ပင်လို့ရပါတယ် .... ကျွန်တော်ကကိုကိုးချစ်သူလေ ကိုကိုးဖြစ်ပျက်သမျှကိစ္စတွေကို နားထောင်ပေးနိုင်ပါတယ်ဗျ"

ဟံသာက စိုင်းခွန်လက်လေးနှစ်ဖက်ကိုတယုတယကိုင်သည်။ နှုတ်ခမ်းနားထိကပ်နမ်းလိုက်ပြီး

"ကျေးဇူးပါ တကယ်ကျေးဇူးတင်ပါတယ်ခွန် .... အခုလိုပြောပေးဖော်ရတာနဲ့တင် ကိုကိုကျေးဇူးတင်တယ် .... ကိစ္စတွေကိုတော့ ကိုကိုအဆင်သင့်ဖြစ်ရင်ပြောပြပါ့မယ်"

စိုင်းခွန်က ဟံသာ့ရဲ့မေးစေ့မှာပေါက်နေတဲ့မုတ်ဆိတ်မွှေးရေးရေးကို ပွတ်ဆွဲထိကိုင်ရင်း

"အသည်းယားစရာလေး"

"ခွန့်မှာမရှိဘူးနော်"

"ရိတ်ထားတာလေ .... ကျွန်တော်နဲ့ကြည့်မကောင်းလို့"

ဟံသာကခပ်ဟဟရယ်သည်။ ရယ်နေရင်း အကြည့်တို့က သူ့မေးစေ့နားရောက်နေတဲ့လက်သွယ်သွယ်ရဲ့ လက်ကောက်ဝတ်ထက်က အမာရွတ်ဆီရောက်သွားသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now