extra(၅) Final

8.7K 657 90
                                    

[Unicode +Zawgyi]

(ဇာတ်လမ်းတွေမေ့နေမှာစိုးလို့ နည်းနည်းrecallပြန်ခေါ်မယ်ရှင်။ ဟံသာနဲ့စိုင်းခွန်တို့နှစ်ယောက် မနက်ခင်းစောစောမှာ မန်တိမ်ရွာရဲ့ယာပုတ်ပွဲတော်နဲ့ ပုန်းမကြည်နတ်ဆွမ်းတင်ပွဲကိုသွားကြတယ်။ ညနေကျတော့ စိုင်းခွန်တို့အိမ်မှာ နန်းယဉ်ဟွမ်ရဲ့စပရှယ်ရှမ်းရိုးရာအစားစားတွေစားကြတယ်။ ပြီးတော့ စိုင်းခွန်က ဟံသာ့ကို ရွာလယ်ကွင်းသွားရအောင်ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။)

🌸🌸

×××တောင်ယာဝင်ချိန်မှာငွေမိုးစက်ကလေးတွေ .... ယုံကြည်စွာဖူးပွင့်လို့ အို .... လှပပါတယ် အသီးအပွင့်ပန်းတွေ ယိမ်းကလို့လေ ....×××

သီချင်းသံလေးဟာ ရွာလယ်ကွင်းကနေ အတိုင်းသားကြားနေရသည်။ ဟံသာနဲ့စိုင်းခွန်တို့လက်တွဲ၍ အိမ်အောက်ထပ်ဆင်းကာ ဒေါ်ကြာမှို့အားနှုတ်ဆက်ပြီး ရွာလယ်ကွင်းဆီထွက်ခဲ့ကြ၏။

"အေးလားခွန်"

"နည်းနည်း ...."

"ဒီဘက်တိုး"

ဆောင်းညဖြစ်တာကြောင့်အေးသည်လေ။ တဝှီးဝှီးတိုက်ခတ်နေတဲ့လေအေးတွေကြားထဲ ချစ်ရသူလေးကချမ်းနေတယ်ဆိုလို့ ဟံသာဖက်ထားပေးလိုက်သည်။ ရှေ့ကိုသာကြည့်နေတဲ့ဟံသာက ခေါင်းငုံ့လျက်ပြုံးနေတဲ့စိုင်းခွန်မျက်နှာလှလှလေးကို မငေးဖြစ်ခဲ့။

တစ်ရွာလုံး ပျိုပျို၊ အိုအို အရွယ်စုံတွေ ရွာလယ်ကွင်းဆီရောက်နေကြသည်။ ရှမ်းအိုးစည်သံလေးက ငြိမ့်ခနဲ ငြိမ့်ခနဲဆိုသလို အသံထွက်လာတိုင်း နားစည်လေးကသိမ့်ခနဲ သိမ့်ခနဲ မျောဝင်ခံခဲ့ရလေ၏။

××× ဒီ ဒီ ဒီအချိန်မှာ အို .... ကျေးငှက်ကလေးတွေ ချိုမြိန်စွာတေးဆိုလို့ အို လှပပါတယ် ×××

ရွာလယ်ကွင်းရောက်တော့ ကနေကြတဲ့သူတွေကိုမြင်လိုက်ရသည်။ ရှမ်းရိုးရာဝတ်စုံတွေဆင်မြန်းဝတ်ဆင်ထားကြလျက် ညီညီညာညာကနေကြပုံက သိပ်ကိုချစ်စဖွယ်ကောင်းလှသည်။

မီးပုံကြီးကို အလယ်မှာထွန်းထားပြီး ဝိုင်းကာကနေကြတာကို ဟံသာနဲ့စိုင်းခွန် ခပ်လှမ်းလှမ်းကနေကြည့်နေသည်။ ထို့နောက် ဟံသာက ကွင်းထဲသွားမယ်လုပ်တော့ စိုင်းခွန်ကဟန့်တားလေသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now