အပိုင်း(၃၆)

8.5K 1K 29
                                    

[Unicode+Zawgyi]

"ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ .... အတူဆုံနေကြ ဒီလိုအချိန်လေးရောက်လာ .... ဟိုအရင်က အပြာရောင်အိပ်မက်လေးကို ....."

ဒီဇင်ဘာည။ ကိုကိုသီချင်းဆိုပြတာနားထောင်ချင်ပါရဲ့ဆိုတဲ့ ချစ်ရသူကောင်လေးရဲ့စကားကို ဆရာဝန်ကြီးမငြင်းဆန်နိုင်ပါ။ ညမနက်ခင် အိမ်ကိုအပြေးလာပြီး 'ကိုကိုး သီချင်းဆိုပြ' လို့ လာချွဲတဲ့ ချစ်ရသူဓနုသားလေးကြောင့် ဟံသာမြဲခိုင်ရဲ့ဈာန်တွေလျှောခဲ့ရသည်။

မြတ်နိုးစွာချစ်ရပါသောအဖြူရောင်အကောင်ငယ်လေးဟာ သူ့လက်ကိုတင်းတင်းတွဲထားပြီး သိပ်ချစ်ကြောင်း ကဗျာမပီစာမညီဘဲ တဲ့တိုး(ဒဲ့ဒိုး)သာဆိုချနေသည်မို့ ဒေါက်တာမြဲလည်း ရင်တွေခုန်ခဲ့ရပြန်၏။

ဆောင်းလေလေးကတသုန်သုန်။ မြူနှင်းလေးကမှုန်။ မနက်ခင်းမဟုတ်သော်ငြား နှင်းဝေတာကိုခံစားမိသည်။

ချစ်သူနှစ်ဦးဖက်ထားကြသည်။ ကြားလေမတိုးနိုင်လောက်အောင် နီးကပ်စွာ။

အိမ်ပြန်လွှတ်ရင် ဆူပုတ်ပုတ်နဲ မပြန်ချင်ပြန်ချင်ဖြစ်နေတဲ့စိုင်းခွန်ကို အမြဲအတူနေနိုင်အောင် လက်ထပ်ခွင့်တောင်းလိုက်ရမလား။ ထိုကဲ့သို့အထိတွေးမိပြန်သည်။

တရားဝင်ပြဌာန်းချက်မရှိသလို၊ ခွင့်ပြုထားတဲ့ဥပဒေလည်းမရှိတာကြောင့် လက်ထပ်စာချုပ်မှာလက်မှတ်ထိုးဖို့ ရှေ့နေခေါ်ရင်လည်း ဘယ်သူကလိုက်ပါမည်နည်း။ တရားရုံးကရော။ illegal marriageဆိုပြီး ပုတ်ခတ်နေမှဖြင့်။

ဒါဆို Living Together တစ်မျိုးတော့ကျန်သည်။

သို့သော် ဟံသာမကြိုက်ပေ။ Russiaမှာကျောင်းတက်စဉ်က ယောက်ျားလေးနဲ့မိန်းကလေးတောင် လက်မထပ်ဘဲအတူနေတဲ့ living togetherဆိုတဲ့ procedureကြီးရှိနေခဲ့၏။ အနောက်နိုင်ငံတွေမှာ မဆန်းသလိုကျင့်သုံးလေ့ရှိတာကိုလည်း ဟံသာအပါအဝင် လူအတော်များများအသိ။

စိုင်းခွန်နဲ့ ဟံသာဟာ ယောက်ျားလေးနှစ်ယောက်ပါ။ အတူနေထိုင်လိုက်ကြရုံနဲ့ ထွေထွေထူးထူးဘာပြဿနာမှတက်နိုင်မည်မဟုတ်သော်လည်း ဟံသာမလုပ်နိုင်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now